No video

၁၂ ကြိမ်ေမြာက် ပုံနှိပ်ခြင်းနှင့်ပတ်သက်ပြီး ဆရာမြစ်ကျိုးအင်း၏ ရင်တွင်းစကားများ

  Рет қаралды 75

mahar sarpay

mahar sarpay

Күн бұрын

📖 မျှော်လင့်ခြင်းကို မျှားတဲ့ညနေ
🖊 မြစ်ကျိုးအင်း
🗒 စာမျက်နှာ - ၁၇၆
💸 တန်ဖိုး ၁၀၀၀၀ ကျပ်
🛒 အိမ်အရောက်ပို့ (Door To Door ) စနစ်ဖြင့်မှာယူလိုသူများအတွက်
ဆက်သွယ်ရန် - 09450623383 ၊ 09450623384
ဆရာမြစ်ကျိုးအင်းဟာ ရွှေအမြုတေမဂ္ဂဇင်းရဲ့ ရွှေဝတ္ထုတို ကဏ္ဍမှာ အမြဲပါလေ့ရှိတဲ့ စာရေးဆရာတစ်ယောက်လည်းဖြစ်ပါတယ်။ ဂုဏ်သိက္ခာကြီးမားတဲ့ ရွှေအမြုတေမဂ္ဂဇင်းမှာ ရသမမြောက်ဘဲ ဝတ္ထုတိုတပုဒ်ပါဝင်ဖို့ဆိုတာ မဖြစ်နိင်ပါဘူး။ ရွှေဝတ္ထုတိုကဏ္ဍမှာ အမြဲပါလေ့ရှိတဲ့ ဆရာရဲ့ ရသအရေးအဖွဲ့ကို ဖတ်ရှုဖူးသူတိုင်း လက်ခံအားပေးခဲ့ကြတာဟာ အမျိုးသားစာပေဆုရတဲ့အထိ သက်သေပြနိင်ခဲ့ပါပြီ။
ဝတ္ထုတိုသည် အကြောင်းအရာ တခုတည်းကို ဦးတည်ရမည်၊ ဇာတ်ဆောင် နည်းရမည်၊ အရေးအသား သွက်ရမည် လို့ ဆမ်းမားဆက်မွမ်က ပြောပါတယ်။ အတတ်ပညာ တစ်ခုတည်း မဟုတ်ဘဲ အနုပညာ ခံစားမှုနဲ့ပါ ရောမွှေထားတဲ့ ဝတ္ထုတိုလေးတွေသာ တကယ်ကို ရသမြောက်ပါတယ်။ ဆရာ မြစ်ကျိုးအင်း ရေးဖွဲ့ထားတဲ့ ဝတ္ထုတို တွေလည်း အဲလိုပဲ ထူးခြားမှု တခုခု ကို ခံစားရမိ လောက်အောင်ပဲ ထိရှလွန်းခဲ့တယ်။
ယခု ဆုရစာအုပ်ထဲမှာ ပါဝင်တဲ့ ဝတ္ထုတိုတွေဟာဆိုရင် ရွှေအမြုတေမှာ ပါဝင်ခဲ့တဲ့ ဒေါင်ဒေါင်မြည်ဝတ္ထုတွေပဲ ဖြစ်ပါတယ်။ ယခုစာအုပ်ထဲမှာ ရသဝတ္ထုတိုစစ်စစ် (၁၆) ပုဒ် ပါဝင်ပါတယ်။
………………………………………
“မိသားစုအနေနှင့် လတ်ဆတ်သည့် လေကိုရှူပြီး တက်ကြွမည့် အတွေးများ တွေးနိုင်ရန် ဖုန်မှုန့်ပါသည့်လေကို ကျွန်တော် နေ့တိုင်း ရှူရှိုက်ခဲ့ရတာ၊ အောက်ကျဆက်ဆံ ခံခဲ့ရခြင်းများ ကိုတော့ ကျွန်တော် ဘယ်တော့မှ ပြောပြဖြစ်မည် မဟုတ်ပေ ”
ရင်လွဲအိမ်
………………………………….
“သေချာပါတယ် အစ်ကို ၊ ကျွန်တော့် အတွက်တော့ ပျော်ရွင်ခြင်းဆိုတာ ကုပ်ပေါ်ခွစီးထားတဲ့ နတ်ဆိုးပါပဲ ”
*အငုံ့စိတ် *
…………………………………..
“ နာကျင်ဖွယ်ရာအတိတ်တို့သည် သူ့ဆံစများနှင့်အတူ ကျန်ရစ်ခဲ့ပါစေသား။ စွဲလမ်းခြင်း နှောင်ကြိုးတို့သည် သူစွန့်ပယ်လိုက်သော ဆံစများလို ဘယ်သောအခါမျှ ပြန်မဆက်ပါစေသား။ “
* အပြန် *
…………………………………
ဝတ္ထုတိုစာရေးဆရာတစ်ယောက်ဟာ လောကနယ်ပယ်အစုံကို ရေးဖွဲ့နိင်စွမ်းရှိရမယ်။ ရသအစုံကို ရေးဖွဲ့နိင်စွမ်းရှိရမယ်။ အကြောင်းအရာအစုံကို ရေးဖွဲ့နိင်စွမ်းရှိရမယ်။ ဒီအချက်တွေ အားလုံးနဲ့ပြည့်စုံတဲ့ ၂၀၁၈ခုနှစ် အမျိုးသားစာပေဆု ဝတ္ထုတိုဆုရစာအုပ်လေးကို စတုတ္ထအကြိမ်အဖြစ် ဂုဏ်ယူစွာနဲ့ တင်ဆက်လိုက်ပါတယ်။
#Mahar Sarpay
#မြစ်ကျိုးအင်း
#မျှော်လင့်ခြင်းကိုမျှားတဲ့ညနေ
.
မဟာစာ​ပေ တိုက်ထုတ်စာအုပ်လေးများကို ဝယ်ယူဖတ်ရှုဖို့ အခက်အခဲရှိသူများအတွက် လှည်းတန်းစင်တာ ပထမထပ်မှာရှိတဲ့ Save The Library မှာ တာဝန်ယူပြီးဖွင့်လှစ်ထားတဲ့ Hledan Art Space က ဗဂျီအိမ် ရွှေ့လျားစာကြည့်တိုက် Reading Corner မှာ မည်သူမဆို အခမဲ့ ငှားရမ်းဖတ်ရှု နိုင်ပါတယ်ခင်ဗျာ။

Пікірлер
ROLLING DOWN
00:20
Natan por Aí
Рет қаралды 11 МЛН
7 Days Stranded In A Cave
17:59
MrBeast
Рет қаралды 92 МЛН
Magic trick 🪄😁
00:13
Andrey Grechka
Рет қаралды 51 МЛН
Day 4 Yangon Thagyan Scenes
2:52
RFA လွတ်လပ်တဲ့အာရှအသံ
Рет қаралды 1,1 М.
ROLLING DOWN
00:20
Natan por Aí
Рет қаралды 11 МЛН