Рет қаралды 200,548
▪️ဝင်ဝင်ချင်းက Club Coffee ဆိုတဲ့ ဆိုင်လေးမှာ အအေးတွေသောက်ကြတာ တစ်ယောက်ကို 3,000 Ks နီးပါးရှင်းရတယ် , ပေါင်းရှင်းကြတာပါ ။
▪️Mandalay Waterboom အကြောင်းပြောရရင်18 ဧကကျယ်ဝန်းပြီးတော့ သစ်ပင်ပန်းမန်ရှားပါးအပင်တွေကိုလဲ တွေ့နိုင်တယ် .. ပြောရရင် တောအုပ်လေးထဲက နိုင်ငံတကာခေတ်မှီ Waterboom လေးထဲ ရောက်သွားသလိုမျိုး .. ပြီးရင်တော့ အပန်းဖြေအနားယူစရာ ဟိုတယ်အခန်းက 60 တောင်ရှိတယ်တဲ့ ။ Mandalay Bay Resort မှာ Mon to Fri လာရောက် အနားယူရင် နားအေးပါးအေးရှိပြီး Spalish Pool ထဲမှာ စိတ်ကြိုက် ရေကူး ရေစိမ် လို့ရပါတယ်. SAT/ SUN ဆိုရင်တော့ Waterboom activities တွေ ဖွင့် တဲ.အတွက် ဝင်ကြေး 15000 ပေးရတယ် ။
▪️Mandalay Waterboom ကကျတော့ SAT/SUN / Public Holiday တွေမှာဖွင့်တယ် ။ မနက် 10:00 နာရီ မှ ညနေ 5:00 နာရီ အထိ ဝင်ကြေး 15000 ပေးပြီးတာနဲ့ အကြိမ်အကန်အသတ်မရှိ ကစားနည်းမျိုးစုံ အကုန်ကစားလို့ရတယ် ။
▪️စည်းကမ်းချက်တွေကတော့ ပြင်ပ အစားအစာ ယူလာလို့ မရပါဖူး, ပြီးရင် ရေကူးဝတ်စုံနဲ့ ပဲ ရေကူးလို့ရမယ်ရှင် ။ ရေကူးဝတ်စုံမယူလာမိရင်တော့ Waterboom ဝင်ဝင်ချင်း souvenir shop လေးမှာ ဝယ်လို့ရမယ် ။
▪️နေ့လည်ထမင်းစားကြတော့ မမညိုတို့ကစားတာများတယ် , မာလာရှမ်းကောတွေရော Hotpot တွေကော အစုံပဲ ။ ဈေးနှုန်းလေးတွေကတော့ သင့်တယ် .. တစ်ယောက်စာဆိုရင် ထမင်းကြော်လေးတွေ မှာစားလို့ရတယ် ။
▪️Spa မှာ Foot Massage အပြင် အနှိပ်တွေကော ရတယ် .. အဲ့တာလည်း အပြင်ဈေးနှုန်းနဲ့ တူတူပဲမို့ try ကြည့်ခဲ့ကြနော် ။
ရှည်လျားလှတဲ့ Mandalay Waterboom နဲ့ Mandalay Bay Resort အကြောင်းလေး ဖတ်ပေးတာ ကျေးဇူးအများကြီးတင်ပါတယ် ။ ပျော်ခဲ့ရပြီးပြီမို့ နောက် Video တွေမှာ ပြန်တွေ့ကြမယ် ။ အားလုံးပဲ တာ့တာ !