အသက်(၂၀)ကျော်တဲ့လူငယ်တိုင်း မဖြစ်မနေ သိထားရမယ့် ငွေကြေးပညာရပ်မျာူ

  Рет қаралды 11,487

အလီဘာဘာ

အလီဘာဘာ

7 ай бұрын

ခင်ဗျား နောက်(၅)နှစ်မှာ ချမ်းသာမယ်၊ မချမ်းသာဘူးဆိုတာက ခင်ဗျားရဲ့ လက်ရှိငွေကြေးစီမံခန့်ခွဲမှုအပေါ်မူတည်တယ်
ငွေကြေးကျပ်တည်းရတဲ့အကြောင်းရင်းနဲ့ပတ်သက်ရင် ငွေမရှာနိုင်တာက အဓိကအချက်လို့ အများစုကထင်ကြတယ်။ ငွေမရှာနိုင်တာက အကြောင်းရင်းတစ်ချက်ဆိုပေမဲ့ တချို့လူတွေအတွက်တော့ ငွေကို ကောင်းကောင်းစီမံခန့်ခွဲမှုမလုပ်နိုင်တာက ပိုပြီးတောင်အဓိကကျတဲ့အချက်လို့ ပြောရမယ်။
ရလာတဲ့ဝင်ငွေကို စနစ်တကျစီမံခန့်ခွဲမှုလုပ်ရမယ့်အစား “ရရသုံးသုံး” လုပ်လို့ အနာဂတ်မှာကျပ်တည်းမှုနဲ့ကြုံရသူ တော်တော်များများတွေ့ဖူးတယ်။ ကျွန်တော့်ဘ၀မှာ ဒါမျိုး မှတ်မှတ်ရရ နမူနာယူရတဲ့မိသားစုနှစ်စု တွေ့ဖူးတယ်။ တစ်စုက မွေးရပ်မြေကအိမ်နီးနားချင်းမိသားစုတစ်စုဖြစ်ပြီး နောက်တစ်ဦးကတော့ ကျွန်တော့်ရဲ့ဦးလေးမိသားစု။ တစ်ချိန်တုန်းက သူတို့အိမ်ထောင်စုနှစ်စုက ငွေကြေးပြေလည်ကြတယ်။ အိမ်နီးနားချင်းမိသားစုက လယ်တွေဆယ့်လေးငါးဧကပိုင်တယ်။ ဦးလေးရဲ့မိသားစုကျတော့ မြို့မှာနေပြီး သူတို့ရဲ့ဝင်ငွေကလည်း အလယ်အလတ်တန်းမှာရှိတယ်။
ဒီမိသားစုနှစ်စုမှာ ဆင်တူတဲ့အချက်တွေ တော်တော်များများရှိတယ်။ သူတို့က အခြေခံစိတ်သဘောထားကောင်းကြတယ်။ သူများအပေါ်စေတနာရှိသလို အသုံးအစွဲမှာ အထိန်းအသိမ်းအားနည်းတယ်။ အရပ်ထဲပြောသလိုဆိုရင် လက်ဖွာတယ်။ ရလာတဲ့ဝင်ငွေကို စီမံထိန်းသိမ်းဖို့ထက် အိမ်ကိုလာသမျှဆွေးမျိုးတွေ၊ အသိမိတ်ဆွေတွေကို ကျွေးမွေးတယ်။ ပေးကမ်းစရာရှိပေးကမ်းလိုက်တယ်။
အဲဒီလိုသဘောကောင်းလွန်းတော့ သူတို့အိမ်တွေမှာ ရက်တိုရော၊ ရက်ရှည်ပါ ဧည့်သည်ကအမြဲမပြတ်ရှိနေတယ်။ အဲဒီလိုကျွေးမွေးပေးကမ်းနေရရင် သူတို့က ကျေနပ်နေတာ။ ဒါပေမဲ့ သူတို့မှာ အနာဂတ်အတွက် စုဆောင်းမယ်၊ ရင်းနှီးမယ်ဆိုတဲ့အစီအစဉ်တော့ ရှိပုံမပေါ်ဘူး။ ရှိရင်ရှိသလို သုံးလိုက်မယ်။ ဝယ်မယ်ခြမ်းမယ်။ မရှိရင်လည်း မရှိသလိုဖြတ်သန်းတယ်။ အနာဂတ်အစီအစဉ်ဆိုတာ သူတို့နဲ့ ဘာမှမဆိုင်သလိုပဲ။ “စေတနာကောင်းရင် ကံကောင်းမယ်” ဆိုတဲ့စကားကိုပဲ လက်ကိုင်ထားတယ်ထင်ပါတယ်။
အဲဒီလိုနေလာရင်း နှစ်အတန်ကြာလာချိန်မှာ အိမ်နီးနားချင်းမိသားစုဟာ ရှိတဲ့လယ်လေးတွေ တစ်ဧကပြုတ်၊ နှစ်ဧကပြုတ်နဲ့ နောက်ဆုံးလယ်ယာမဲ့ဘ၀ရောက်သွားခဲ့တယ်။ ဒီလိုပဲ ဦးလေးရဲ့မိသားစုဟာလည်း ဝင်ငွေနည်းပါးလာချိန်မှာ ကျပ်တည်းမှုစကြုံလာရတယ်။ နောက်ဆုံး အသက်ကြီးတဲ့အထိ ဘ၀ကိုခက်ခက်ခဲခဲနဲ့ ဖြတ်သန်းသွားရရှာတယ်။
ပြန်ချုပ်ရရင် ငွေရှာရတာခက်တယ်။ ဒါပေမဲ့ ငွေကိုထိန်းသိမ်းရတာက ပိုခက်ပါတယ်။ လူကြီးတွေပြောပြောနေတဲ့ “ငွေစုပါ၊ ငွေစုပါ” ဆိုတာ အကောင်းဆုံးကြီးပွားချမ်းသာကြောင်းဥပဒေသမဟုတ်ပေမဲ့ ငွေကို တန်ဖိုးထားပြီးထိန်းသိမ်းတတ်ဖို့ ထိရောက်တဲ့အကြံပေးချက်လို့တော့ ပြောလို့ရတယ်။ ခင်ဗျား ဘယ်လောက်ပဲ ဝင်ငွေရှိရှိ စီမံခန့်ခွဲမှုသေချာမလုပ်သရွေ့ကတော့ နောင်တစ်ချိန်မှာ ငွေကြေးကျပ်တည်းမှုကြုံရနိုင်ခြေများပါတယ်။
ဒီနေ့မှာ အသက်(၂၀)ကျော်တဲ့လူငယ်တိုင်း မဖြစ်မနေ သိထားရမယ့် ငွေကြေးပညာရပ်တွေကို အသေးစိတ် ပြောပြပေးသွားမှာပါ
ကြည့်ကြရအောင်
#အ_လီ_ဘာ_ဘာ_စာ_ကြည့်_တိုက်
#အ_လီ_ဘာ_ဘာ

Пікірлер: 11
@user-ck5gf8zw9r
@user-ck5gf8zw9r
ငွေကြေးစီမံခန့်ခွဲနည်းစာအုပ်လေးတွေညွှန်းပေးပါအူး အကိုရေ❤
@MoeMoe-gt1nb
@MoeMoe-gt1nb
ကျေးဇူးပါ
@yalshiaung706
@yalshiaung706
👍👍👍
@KyawZin-cu6cy
@KyawZin-cu6cy
good❤❤❤❤❤
@LinHtet-kg8pk
@LinHtet-kg8pk
လိပ်စာလေး‌ေပးပါအုံး ဆရာ
@SanSanMoe-mc7vu
@SanSanMoe-mc7vu
❤❤❤
@phoenyar
@phoenyar
👍👍👍👍👍👍👍👍👍👍👍👍👍
@user-ko4ir7po8k
@user-ko4ir7po8k
အကို အလီဘာဘာ အဖွဲ့ဝင်ချင်လို့ပါ ဘယ်လိုအဖွဲ့ဝင်ရမလည်း‌ဗျ
@user-gi9wf9jj2l
@user-gi9wf9jj2l
Money
Best Toilet Gadgets and #Hacks you must try!!💩💩
00:49
Poly Holy Yow
Рет қаралды 20 МЛН
Playing hide and seek with my dog 🐶
00:25
Zach King
Рет қаралды 34 МЛН
Mom's Unique Approach to Teaching Kids Hygiene #shorts
00:16
Fabiosa Stories
Рет қаралды 34 МЛН
Best Toilet Gadgets and #Hacks you must try!!💩💩
00:49
Poly Holy Yow
Рет қаралды 20 МЛН