Рет қаралды 118,901
ဘိန်းဘုရင်မှသည် စစ်တပ်ခရိုနီဆီသို့ အပိုင်း-၁ (ရုပ်/သံ)
ဧရာဝတီ၊ မေ ၂၈၊ ၂၀၂၄
မြန်မာပြည်ရဲ့လုပ်ငန်းကဏ္ဍစုံမှာ နေရာယူထားတဲ့ ထိပ်သီးခရိုနီကြီးတွေကိုကြည့်ရင် စစ်တပ်နဲ့ကင်းသူဟာ မရှိသလောက် ရှားပါတယ်။ ခရိုနီတွေဟာ ကျောက်စိမ်းနဲ့ အဖိုးတန်သတ္ထုတူးဖော်ရေး၊ သစ်ထုတ်လုပ်ရေးတွေကို စစ်တပ်ဆီက အခွင့် အလမ်းရပြီး ထုတ်လုပ်ရောင်းချခဲ့သလိုရေနံနဲ့သဘာဝဓာတ်ငွေ့တူးဖော်ရေး၊ လျှပ်စစ်ထုတ်လုပ်ရေးတွေမှာလည်း နိုင်ငံ ခြားကုမ္ပဏီတွေနဲ့ ပူးပေါင်းလုပ်ကိုင်ခွင့်ရခဲ့ကြပါတယ်။
ဒီလိုလုပ်ငန်းတွေသာမက ပြည်တွင်းမှာ အမြတ်အစွန်း များများရတဲ့ စက်သုံဆီ၊ စားအုန်းဆီ၊ ဘဏ်၊ ဆိပ်ကမ်း၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေးစတဲ့ ကဏ္ဍတွေမှာလည်း ကြီးစိုး ချယ်လှယ်ခွင့်ရကြပါတယ်။ စစ်တပ်နဲ့ပေါင်းပြီးလုပ်ကိုင်ခွင့်ရကြတဲ့ ခရိုနီတွေထဲမှာ ခရိုနီတွေရဲ့ထိပ်သီးဆိုပြီးပြောလို့ရတဲ့ ကိုးကန့်သူဌေးတယောက်ရှိပါတယ်။
သူကတော့ အေးရှားဝေါလ်ကုမ္ပဏီပိုင်ရှင် ဦးထွန်းမြင့်နိုင် (ခ) လော်ပင်ကျုံး (ခ) Steven Law ဖြစ်ပါတယ်။ အေးရှားဝေါလ်နဲ့ ဦးထွန်းမြင့်နိုင်အကြာင်းပြောမယ်ဆိုရင် သူ့ဖခင်ဦးလော်စစ်ဟန်အကြောင်း က စရပါမယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: bit.ly/3btQYpR