Рет қаралды 50,588
ဟောင်ကောင်စတိုင် ဝက်နံရိုးကြော် မွှေးမွှေးလေး ကြော်စားကြမယ်။ ထမင်းပူပူမှာ ကြက်သွန်ဖြူဆီချက်ရဲ့ ဆီလေးဆမ်း၊ ဆားလေးဖြူးပြီး ဝက်နံရိုးကြော ်မွှေးမွှေးလေးနဲ့ စားကောင်းသလို ၊ တီဗီကြည့်ရင်း သောက်စရာတခုခုနဲ့ သူငယ်ချင်းတွေနဲ့ တူတူ စားလို့ကောင်းတဲ့ ဟင်းတပွဲလည်းဖြစ်ပါတယ်။ ဗီဒီယိုရိုက်နေတုန်း မီးပျက်သွားလို့ တချို့ အပိုင်းလေးတွေ နည်းနည်းမှောင်နေပါတယ်ခင်ဗျ။
ပါဝင်ပစ္စည်းများ
ဝက်နံရိုး - ၄၀ ကျပ်သား (၅၀ ကျပ်သားမှာ အသားနည်းတဲ့ အပိုင်းတွေကို ဟင်းရည်ချက်ဖို့အတွက် ဖယ်လိုက်ပါတယ်)
ကြက်ဥ - ၁ လုံး
ပြောင်းကော်မှုန့် - ၄ ဇွန်း (စားပွဲတင်ဇွန်း)
ကြက်သွန်ဖြူ - များများ
ချင်း (ဂျင်း) - လက်၂ဆစ်လောက်
ပဲငံပြာရည်အကြည် - ၂ ဇွန်း (စားပွဲတင်ဇွန်း)
ဟင်းချက်အရက် - ၁ ဇွန်း (စားပွဲတင်ဇွန်း)
ခရုဆီ - ၂ ဇွန်း (စားပွဲတင်ဇွန်း)
သကြား - ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
ငရုတ်ကောင်းမှုန့်အဖြူ - အနည်းငယ်
ကြော်ရန် ဆီ များများ
လိုအပ်ပါတယ်။