Рет қаралды 14,400
အားလုံးပဲမင်္ဂလာပါရှင့်😍
NaNaVlogကနေပြန်လည်ကြိုဆိုလိုက်ပါတယ်🤎
ဒီနေ့မှာတော့ NaNaကအားလုံးကို ဂျပန်ရဲ့ Switzerland 🇨🇭⛰️🚠🏞️လို့တင်စားခေါ်ဝေါ်ကြတဲ့နေရာလေးကိုခေါ်သွားချင်ပါတယ်။
ဒီတစ်ခေါက်NaNaသွားထားတဲ့နေရာလေးကတော့ kobeမြို့ရဲ့ Rokkosancho (六甲山町)လို့ခေါ်တဲ့တောင်ပေါ်မှာရှိတဲ့နေရာလေးပဲဖြစ်ပါတယ်။သဘာဝအလှတွေနဲ့ ပြည့်နေတဲ့နေရာလေးလဲဖြစ်တယ် တိရိစ္ဆာန်လေးတွေကိုလဲ ထိခွင့် ကိုင်ခွင့်ရပီးတော့ လုံးဝသီးခြားနေရာလေးလို့တောင်ပြောလို့ရပါတယ်။
Switzerland ပုံစံမွေးမြူရေးခြံလေးဖန်တီးထားတဲ့အတွက် လုံးဝကိုဂျပန်မဟုတ်ဘဲ Switzerland🇨🇭ကိုရောက်သွားသလိုခံစားစေရမှာပါ (NaNaလဲမရောက်ဖူးသေးပါဘူး Video တွေထဲမှာမြင်ဖူးလို့😝)NaNaအကြိုက်ဆုံးနိုင်ငံတွေထဲကတစ်ခုပါ 🇨🇭အခုတော့ဒါလေးနဲ့ပဲကျေနပ်နေရတယ်။နောက်ကျရင်တော့ အရောက်သွားမှာပါ😍။စိမ်းစိုတဲ့မြက်ခင်းစိမ်းအကျယ်ကြီးတွေ နွားတွေ၊သိုးတွေဆိတ်တွေ၊ယုန်လေးတွေနဲ့ လုံးဝကိုပျော်စရာကောင်းခဲ့ပါတယ်။
အဲ့နေရာကိုလည်မယ်ဆိုရင်တစ်ရက်ထဲတောင်မလုံလောက်ပါဘူး သွားစရာနေရာတွေအများကြီးရှိတဲ့အတွက် သူငယ်ချင်းများများနဲ့ ကားငှါးသွားတာကပိုပီးအဆင်ပြေမယ်ထင်ပါတယ်။NaNaသွားခဲ့တာကတော့ 🚠 စီးပီးသွားခဲ့ပါတယ်။ကားနဲ့တက်လဲရပေမယ့် NaNaက🚠စီးချင်တာနဲ့ အသွားရောအပြန်ပါ 🚠လေးနဲ့သွားခဲ့ပါတယ်။
အားလုံးလဲOsaka ကိုအလည်ရောက်ဖြစ်တဲ့အချိန်ဆိုရင်တော့ သွားလည်ကြဖို့အကြံပေးလိုက်ပါတယ်ရှင့် Osaka မှာနေတဲ့သူတွေကတော့ ဘယ်အချိန်ဖြစ်ဖြစ်သွားလည်လို့ရပါတယ်။ဆောင်းဦးမှာသွားတာကတော့ လုံးဝအကောင်းဆုံးလို့ထင်ပါတယ်။
NaNaရဲ့ Videoလေးကိုသဘောကျတယ်ဆိုရင် KZfaqမှာ NaNaVlogChannel လေးကိုSubscribe လုပ်ပေးကြပါအုံး
Facebook မှာလဲ NaNaVlog page လေးကိုlike& Follow လေးလုပ်ပေးကြဖို့တောင်းဆိုပါတယ်။
/ nanavlogmyanmar
နောက်ထပ်လဲ အများကြီးချစ်ပေးကြပါအုံးရှင့်❣️
NANAVLOG IG:
nanavlogmya...