Рет қаралды 73,754
ဖုန်ကန်ရာဇီ ရေခဲတောင် ဟာ ကချင်ပြည်နယ် မြောက်ပိုင်း ပူတာအိုမြို့အနီးမှာ တည်ရှိတဲ့ အမြင့်ပေ ၁၁၉၀၀ ကျော်ရှိတဲ့ တောင်ဖြစ်ပါတယ်။ ရေခဲတောင်တွေပေါများရာ မြန်မာပြည်မြောက်ဖျား ကချင်ပြည်နယ် အတွင်းက ဖုန်ကန်ရာဇီ ရေခဲတောင်ထိပ်ဆီ နွေလယ်ကာလ ကြိုးစားတက်ခဲ့ပေမဲ့ မုန်တိုင်းမိုးနဲ့ ကြုံခဲ့ရတာမို့ တမူကွဲပြားတဲ့ တောင်တက်အတွေ့အကြုံတွေ ရရှိခဲ့ပါတယ်။ ဖုန်ကန်ရေခဲတောင်ထိပ်ကို ရာသီဥတုအခြေအနေကြောင့် တော်တော်များများ မရောက်ဖြစ်ကြချိန် ဘုရား မစ လို့ ကျွန်တော်တို့ ၃ ယောက် က တောင်ထိပ်ကို ရာသီဥတုသာယာချိန်ခဏ ရောက်ခဲ့ရပါတယ်။ အပြန်ခရီးဟာ တောင်ဆင်းမို့ မြန်မယ်ထင်ပေမဲ့ အတော်ခက်ခဲပါသေးတယ်။ မိုးများလို့ပါ။ ၃ ည အိပ်ရမဲ့အစား ၂ ည တည်းနဲ့ တောင်ခြေရွာကို ပြန်ဆင်းခဲ့ကြပါတယ်။ ဒီအဆင်းခရီးမှာ ကြုံရသမျှကို အတူလိုက်ပါခံစားနိုင်ဖို့ တင်ပြပေးလိုက်ရပါတယ်ဗျ...
ဖုန်ကန်ရေခဲတောင် တက်ဖို့ စိတ်ဝင်စားသူတွေ၊ တောင်တက်ခရီးအကြောင်း လေ့လာလိုသူတွေအတွက် ကျွန်တော်ကိုယ်တိုင် ဖုန်ကန်တောင်တက်ရင်း ကြုံခဲ့သမျှကို အရှိအတိုင်း ရိုက်ကူးထားတဲ့ ဖုန်ကန်ခရီးစဉ်ကို တင်ဆက်လိုက်ပါတယ်။ တောင်တက်ခရီးစဉ်ဟာ ရက်ရှည်တဲ့အတွက် တစ်ပိုင်းတည်း တင်ဆက်ဖို့ ခက်ခဲတာမို့ Series အနေ အပိုင်းလိုက် တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ ခရီးစဉ်အတွက် လိုအပ်တာတွေကို ဒီဗီဒီယိုတွေကြည့်ရင်း ခန့်မှန်းတွက်ဆနိုင်မယ်လို့ ယုံကြည်ပါတယ်။
အခု အပိုင်း (၅) မှာတော့ အထက်ရေခဲစပ် စခန်း ကနေ တောင်ခြေရွာ ဇီယာဒမ်း အထိ အဆင်းခရီး သွားလာခဲ့တဲ့အတွေ့အကြုံတွေကို တင်ဆက်ထားပါတယ်ခင်ဗျာ။
အားလုံးပဲ အမြဲ ဘေးကင်း ကျန်းမာ ရွှင်လန်းကြပါစေ...
သီဟလုလင် (Thiha, the Traveller)