စစ်ကောင်စီ မထိန်းနိုင်တော့တဲ့ ရွှေစျေးဂယက်

  Рет қаралды 53,431

The Irrawaddy News

The Irrawaddy News

Ай бұрын

စစ်ကောင်စီ မထိန်းနိုင်တော့တဲ့ ရွှေစျေးဂယက် (ရုပ်/သံ)
စောမေရီ၊ ဇွန် ၂၀၊ ၂၀၂၄
စစ်အာဏာသိမ်းပြီး ၃ နှစ်ကျော်အကြာ မြန်မာ့ရွှေစျေးဟာ အခေါက်ရွှေ တကျပ်သားကိုသိန်း ၆၀ ဝန်းကျင်အထိ စံချိန်တင် မြင့်တက်လာခဲ့ပါတယ်။ အာဏာမသိမ်းခင် ၂၀၂၀ က အခေါက်ရွှေ တကျပ်သားကို ကာလပေါက်စျေး ၁၂ သိန်းဝန်းကျင်သာ ရှိခဲ့ပေမယ့် လက်ရှိမှာတော့ ၅ ဆ ဝန်းကျင်အထိ တဟုန်ထိုး မြင့်တက် လာခဲ့တာ ဖြစ်ပါတယ်။
ဒီလို ရွှေစျေးနှုန်း အဆမတန် ထိုးတက်လာမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အတွက် ပြည်တွင်းက ရွှေလုပ်ငန်းရှင်များ အသင်းကနေ တဆင့် စစ်ကောင်စီက သတ်မှတ်ထားတဲ့ စျေးနှုန်းနဲ့ ရောင်းချစေပြီး ပြည်တွင်း ရွှေစျေးနှုန်းကို ထိန်းချုပ်ဖို့
ကြိုးပမ်းခဲ့ပါတယ်။
စစ်ကောင်စီရဲ့ သတ်မှတ်စျေးဟာ ကာလပေါက်စျေးထက် နည်းပါးလွန်းတာကြောင့် ရွှေဆိုင်တွေအနေနဲ့ အဲ့ဒီ သတ်မှတ်စျေးအတိုင်း ဝယ်ယူသူတွေကို ပြန်လည် ရောင်းချပေးဖို့ အခက်အခဲတွေ ရှိနေတယ်လို့ ဆိုပါတယ်။
ဒါပေမယ့်လည်း စစ်ကောင်စီ သတ်မှတ်ထားတဲ့ စျေးတွေအတိုင်း ရောင်းချပေးနေကြတဲ့ ဆိုင်တွေ ရှိနေပြီး အကန့်အသတ်နဲ့ ရောင်းချပေးနေတာကြောင့် ဝယ်ယူနိုင်ဖို့ တန်းစီ စောင့်ဆိုင်းနေကြရတယ်လို့ ရွှေဝယ်ယူသူတွေက ဧရာဝတီကို ပြောပြကြပါတယ်။
ရွှေဆိုင်တွေကို သတ်မှတ်စျေးနှုန်းနဲ့ ရောင်းချခိုင်းတာ၊ အကန့်သတ် စနစ်နဲ့ တန်းစီ ဝယ်ယူရတာတွေဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး ဒါဟာ မြန်မာငွေကျပ်တန်ဖိုး တဟုန်ထိုးကျဆင်းလာတာကို မီးမောင်းထိုးပြနေသလို
ငွေကြေးဖောင်းပွလာမှုနဲ့ ဆုတ်ယုတ်လာတဲ့ တိုင်းပြည်ရဲ့ စီးပွားရေး အခြေအနေတွေကို မီးမောင်းထိုးပြနေတာလို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက သုံးသပ်နေကြပါတယ်။

Пікірлер: 30
@soemoe677
@soemoe677 Ай бұрын
ရွှေကုန်သည်တွေကလည်း သူတို့ဆီကရွှေပြန်ရောင်းတာ စကစ ပေါက်စျေးတောင်မပေး ပြန်ဝယ်မယ်ဆိုတော့ စကစ ပေါက်စျေးတိုင်းမရောင်းဘဲ ပေါက်စျေးအတိုင်းရောင်းနေတာ ကာယကံရှင်ကိုယ်တိုင်ခံစားရပါတယ် စကစ အာဏာသိမ်းက အစလို့ပြောရပေမဲ့ ရွှေကုန်သည်တွေကလည်း ဆင်းရဲသားပြည်အခြေခံလူတွေကို ချနင်းနေကြတယ် ယုတ်မာကြတာ ခေတ်အဆက်ဆက်ဘဲ
@ulianvung3496
@ulianvung3496 Ай бұрын
စကစ ကလူထု နဲ့ လုပ်ငန်းရှင် တွေကို သူတို့ကျွန် မှတ်နေ နေတာ။
@UMyint-jx7iz
@UMyint-jx7iz Ай бұрын
ရွှေဈေးကထိမ်းတတ်ရင်လွယ်လွယ်လေးရယ် အစိုးရကသတ်မှတ်ဈေး ဆိုတာနဲ့ လိုသလောက်ရောင်းပေးရင် ရွှေဈေးဘယ်တက်တော့မလဲ ရောင်းလိုအားများများသာရောင်းကြည့် ဝယ်လိုအားကျလာမှာ ဒါဆိုဈေးဘယ်တော့မှမတက်ဘူး
@yewin4663
@yewin4663 Ай бұрын
ဒါဆိုအားလုံးဝယ်မယ်
@minnaingoooo
@minnaingoooo Ай бұрын
29 ကအဖမ်းမခံရဘူးဗျ 29 ကဘောမထင်တယ်😂
@mamawai2527
@mamawai2527 Ай бұрын
ဪ...မြန်မာပြည်သူဌေးများတယ်နော် ရွှေဆိုင်မှာတန်းစီတိုးဝယ်နေကြတယ်😂😂😂😂😂😂😂😂😂
@user-cm6dg1kp9z
@user-cm6dg1kp9z Ай бұрын
🆗️👍
@user-md1on6ip8e
@user-md1on6ip8e Ай бұрын
❤❤❤❤❤❤❤❤
@AprilAung-cg6ft
@AprilAung-cg6ft Ай бұрын
အခု အရော့ အတွက် လခ သုံးဆ ပေး ရတယ် (အရင်တစ်ဆ ဆိုရင်) အခု အရောင်း မှာ အစိုးရ သက်မှတ်ဈေး ဘဲ ရတယ် အရောင်းမှာဆိုရင် အစိုးရ သက်မှတ်ဈေးဘဲရပြီ ငွေစကကူးက အရမ်းစုတ်ပျက်တာတွေဘဲ ပေးတယ် မိအေး အခါ 100 နားတယ်
@AprilAung-cg6ft
@AprilAung-cg6ft Ай бұрын
အာဏာသိမ်းပြီထဲက ဖြစ်နေတဲ့ ရေရွှေအရည်အ‌ေသွးက အရည်ကလဲ့ ၁၅ပဲရည်က ၁၄ပဲ၂ပြားဘဲရှိတယ်။ ၁၆ပဲရည်က ၁၅ပဲအဆင့်ဘဲရှိတော့တယ် ။
@user-bk8ug1op4y
@user-bk8ug1op4y Ай бұрын
❤❤🎉🎉
@laynaingmyo2318
@laynaingmyo2318 Ай бұрын
❤❤❤❤❤
@user-ib2kw1xk1d
@user-ib2kw1xk1d Ай бұрын
စားအုံးဆီလဲအာ့လိုပဲပေါက်စျေးသောင်းသုံးထောင်ဆီဆိုင်မှာဆိုင်ဘုတ်ချိပ်ခိုင်းထားတာငါးထောင့်နှစ်ရာတဲ့မအလကတော့ဒိန်းဒေါင်ထက်ရီရတယ်😂😂😂😂😂😂😂😂
@aungnaingtun5043
@aungnaingtun5043 Ай бұрын
တစ်နေ့၀ယ်မယ်ဟေ့
@SanLinPhyo-zp7hd
@SanLinPhyo-zp7hd Ай бұрын
Nugကပြည်သူလူထုဦးရေလျှော့ချလိုက်ရင်ရွှေစျေးကျသွားနိုင်ပါသလားခင်ဗျာ။
@kominmin105
@kominmin105 Ай бұрын
MDY KyawGyi မင်းပါးပါးတွေရောင်းခိုင်းတဲ့ဈေးအတိုင် အပြည့်ရောင်းပေးလေ တစ်ပဲသား တော့မလုပ်နဲ့ တစ်ကျပ်သား ရောင်းပေးလေ
@tunfamy4789
@tunfamy4789 Ай бұрын
မင်း​အောင်လှိုင်နဲ့ ​ဇော်မင်းထွန်းတို့​ခွေးမသားအုပ်စု​တွေက သူတို့သတ်မှတ်​စျေးနဲ့​ရွှေရည်မပြည့်​ရောင်းပြီး သူတို့သတ်မှတ်​စျေးနဲ့သူတို့ပဲပြန်ဝယ်​ပေးမယ်ဆို​တော့ ​ခွေးဇတ်ထပ်ခင်းမယ်ဆိုပါ​တော့
@HTUNTUN-wu9ot
@HTUNTUN-wu9ot Ай бұрын
ရွှေဆိုင်တွေရခဲ့ပြီးတဲ့အမြတ်ကိုပြန်လှူတယ်သဘောထားကြပေါ့ ဝယ်သူကြိတ်ကြိတ်တိုးလို့စိတ်ညစ်ရတဲ့ဆိုင်အဖြစ်မှတ်တမ်းဝင်သွားရပြီ...။
@user-ot6lm4zy4e
@user-ot6lm4zy4e Ай бұрын
ခွေး က ခွေးဦးနှောက်ဘဲရှိတော့ ဘာတခုမှ တည်ငြိမ်အောင်မလုပ်နိုင်တာမဆန်းပါဘူး😂
@myoaung9772
@myoaung9772 Ай бұрын
စီးပွားရေး တော်တော် တိုးတက်နေပြီ😂
@kokonaing3573
@kokonaing3573 21 күн бұрын
မြန်မာပြည်ကို၀ိုင်ဖျတ်နေကြတဲအယုတ်တမာတွေဘေးသင့်ကြပါစေအတ်တများနေတဲ၀ိသမလောဘသမာူတွေပြည်သုမေတ်ာစုရုကြပါစေသတ်တပ်ကဘဲကြည်သုကိုအကာကွဟ်ပေးနေတာပအကြပ်ဖတ်ပဒတ်မရိုတဲရောတွေအေးချမ်ပါတယ်လော်သတင်းနဲလုပ်စားနေကြတဲဖာူဟ်မတွေကပ်ဆိုတ်ပီဘေးကြီသင့်ကြပါစေ
@ArMin-hg9vj
@ArMin-hg9vj Ай бұрын
အသိညာဏ်မရှိတဲ့ခွေးအောင်လှိုင်ရေမင့်အတွက်ကတော့ကြိုးစင်ဆိုတာသေချာနေပြီ
@HeinStar-gy1dh
@HeinStar-gy1dh Ай бұрын
အခုထိအားဏ္ဍာနဲထိန်ချုပ်ရမယ်ထင်နေတုန်သူတိုသက်မှတ်စျေးရောင်ရအောင်အောက်ခြေကစကုန်ကြမ်းကသူအမေလင်ကထုပ်ပေတာလာ😅😅😅
@HTUNTUN-wu9ot
@HTUNTUN-wu9ot Ай бұрын
သူတို့ဟာမှမဟုတ်တာဗျာ.....အလကားမပေးရတာပဲကျေးဇူးတင်ရမလိုလို။
@Macho-gn6cl
@Macho-gn6cl Ай бұрын
ဗမာစစ်တပ်ကြံဖွတ်အဖွဲ့တွေနဲ့သူတို့မိသားစုတွေကိုအကုန်သတ်ဖြတ်နိုင်မှရွှေဈေးကငြိမ်မှာပါ😂😂😂
@khinmaunghtun1192
@khinmaunghtun1192 Ай бұрын
စစ်ကောင်စီကထိန်းချုပ်နိုင်တာဘာရှိလို့လဲ
@KhinMaungWin-ko3bl
@KhinMaungWin-ko3bl Ай бұрын
ဒေါ်လာဈေးကျမှရွှေဈေးလိုက်ကျပါလိမ့်မယ်
@sansansoe8563
@sansansoe8563 Ай бұрын
မင်္ဂလာပါဧရာဝတီ
"ဟဟ ပါပဲ"
5:40
RFA လွတ်လပ်တဲ့အာရှအသံ
Рет қаралды 990 М.
Double Stacked Pizza @Lionfield @ChefRush
00:33
albert_cancook
Рет қаралды 112 МЛН
Mama vs Son vs Daddy 😭🤣
00:13
DADDYSON SHOW
Рет қаралды 47 МЛН
Can A Seed Grow In Your Nose? 🤔
00:33
Zack D. Films
Рет қаралды 24 МЛН
Extreme Off Road (Vlog)
27:52
Car Seeker
Рет қаралды 257 М.