Battery ရဲ့ အခြေခံသဘောလေး သိစေဖို့ တင်ဆက်ပေးလိုက်ပါတယ်။

  Рет қаралды 48,592

K2K Knowledge Bank

K2K Knowledge Bank

Күн бұрын

K2K ပရိသတ်များအားလုံးမင်္ဂလာပါခဗျာ။ ဒီတစ်ခေါက်အလှည့်ကျလာတဲ့ ကဏ္ဍကတော့ သိပ္ပံ ကဏ္ဍပဲဖြစ်ပါတယ်။ ဒီတစ်ခေါက်သိပ္ပံ ကဏ္ဍအတွက် ရွေးချယ်ထားတဲ့ အကြောင်းအရာလေးကတော့ ကျွန်တော်တို့ နိုင်ငံမှာ ခုလက်ရှိ လူသုံးများလာတဲ့ ပစ္စည်းအကြောင်းအရာလေးပဲဖြစ်ပါတယ်။ အဲ့ဒါကတော့ ဘက်ထရီ ဆိုတဲ့ပစ္စည်းအကြောင်းလေးပဲဖြစ်ပါတယ်။
00:00 - 01:20 - Animal Electricity
01:20 - 02:26 - Volta Experiment
02:57 - 03:15 - Three things about Battery
03:15 - 04:47 - Anode, Cathode & Electrolyte
လူတော်တော်များများက ဘက်ထရီ ကို မြင်ဖူးတွေ့ဖူးကြားဖူးကြမယ်ဆိုတာ သေချာပါတယ်။ သို့သော် သိပ္ပံ အခြေခံလေးနဲ့ တွဲပြီး သိတဲ့သူကတော့ နည်းမယ်လို့ထင်ပါတယ်။ ဒါကြောင့်မို့လို့ လူသုံးများလာတဲ့ ဒီပစ္စည်းလေးကို အကြောင်းပြုပြီး အခြေခံသိပ္ပံ သဘောတရားလေးကို ရှင်းပြပေးဖို့ စီစဥ်ထားပါတယ်။
ထုံးစံအတိုင်း ဘက်ထရီအကြောင်းလေး ကို သမိုင်းကြောင်းလေးနဲ့ စပြီး ရှင်းပြချင်ပါတယ်။ ကျွန်တော်တို့တွေ ခေါ်ခေါ်နေတဲ့ ၁၂ ဗို့ အိုးတို့ ဘယ်နဗို့ ဘယ်နဗို့ စသဖြင့် ပြောနေကြတဲ့ ဗို့ဆိုတာဟာ တကယ်တော့ ၁၈၀၀ ဝန်းကျင်လောက်က ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကလေးကနေ စတင်လာခဲ့တာပဲဖြစ်ပါတယ်။ ၁၇၈၀ ခုနှစ်လောက်က အီတလီလူမျိုး သိပ္ပံပညာရှင် တစ်ဦးဖြစ်တဲ့ ဂါဗာနီ (Galvani) က လျှပ်စစ်နဲ့ပတ်သက်တဲ့ အရာတစ်ခုကို ထူးဆန်းစွာတွေ့ရှိခဲ့တယ်ဗျ။ အဲ့ဒါကတော့ သတ္ထုချိတ်မှာ ချိတ်ထားတဲ့ ဖားကို သတ္ထုပစ္စည်းတစ်ခုနဲ့ ထိလိုက်တဲ့အခါမှာ ဖားသေက ထ လှုပ်လာတာကို တွေ့ခဲ့တာဖြစ်ပါတယ်။​ ဒါကို သူက ဖားရဲ့အတွင်းက လာတဲ့ လျှပ်စစ်ဓါတ်လို့ ထင်ပြီး Animal Electricity ဆိုတဲ့ အကြောင်းကို တင်ပြခဲ့ပါတယ်။
ဒါကို ကနဦးမှာ သဘောကျခဲ့တဲ့ အလဇန်းဒါ ဗိုတာ က ဂါဗာနီပြောတဲ့ လျှပ်စစ်သည် ဖားရဲ့ ခန္ဓာကိုယ်အတွင်းက လာတာမဟုတ်ပဲ ဖားကိုချိတ်ဆွဲထားတဲ့သတ္ထုကြိုးနဲ့ ဖားကို သွားထိတဲ့ သတ္ထုပစ္စည်းနှစ်ခုကြားက လာတဲ့ လျှပ်စစ်ဖြစ်တာကို သတိထားလာခဲ့မိပါတယ်။
ဒါကို သက်သေပြဖို့အတွက် zinc (သွပ်) နဲ့ silver (ငွေ) သတ္ထု နှစ်ချပ်ကို အထပ်ပေါင်းများစွာ ထပ်ပါတယ်။ ပြီးတော့နှစ်ခုကြား ဆားငံရည်စိမ်ထားတဲ့ အဝတ်စခံပြီး ဝါယာကြိုးနဲ့ လျှပ်စစ်စီးမစီး စမ်းသပ်ပြခဲ့ပါတယ်။
ဒါ့အပြင် zinc နဲ့ silver ထပ်ထားတဲ့ အစုံများများသုံးလေ ရတဲ့ လျှပ်စစ်အားက ပိုကောင်းလေဆိုတာကို လည်း တွေ့ရှိခဲ့ပါတယ်။ ပြီးတဲ့အခါ ဒီစမ်းသပ်ချက်ကို Royal Society လို့ခေါ်တဲ့ လန်ဒန်က အဖွဲ့အစည်းအထံကို ပေးပို့ခဲ့ပါတယ်။ သူ့ရဲ့ တွေ့ရှိချက်ဟာ ဥရောပ တခွင်မှာ တော်တော်လေး ရေးပန်းစားသွားပြီး လူတော်တော်များများရဲ့ လေးစားခြင်းကိုခံခဲ့ရပါတယ်။ အဲ့ထဲမှာ ဥရောပ စစ်ဘီလူး နပိုလီယံ လည်းပါဝင်ခဲ့ပါတယ်။
ဒါကြောင့်လည်း ခု ကျွန်တော်တို့တွေ အလဇန်းဒါး ဗိုတာ ကို အဆွဲပြုပြီး electric potential ကိုတိုင်းတာ တဲ့ ယူနစ်ကို ဗို့လို့ ခေါ်နေကြရတာလည်းဖြစ်ပါတယ်။ အကယ်၍များ ဒါကို ရှာဖွေတွေ့ရှိခဲ့တဲ့လူက ကိုစိန်လှ ဆိုရင်ခုလောက်ဆို လျှပ်စစ်ဗို့အားတွေကို ၁၂ စိန်လှလို့ ၂၂၀ စိန်လှတို့ ခေါ်ချင်ခေါ်နေရမှာပေါ့နော်။
ဘက်ထရီအကြောင်းကို ရှင်းရမယ်ဆိုရင် အရာ (၃) ခုကို သိရမယ်လို့ ထင်ပါတယ်။ ဘာတွေလဲဆိုတော့
Anode
Cathode
Electrolyte
ဆိုပြီး (၃) မျိုးဖြစ်ပါတယ်။
ခုနက အပေါ်မှာဖော်ပြခဲ့တဲ့ ဗိုတာရဲ့ စမ်းသပ်ချက်ဟာ ဘက်ထရီအသေးစားဖြစ်တာကြောင့် သူ့ကိုပဲ ပြန်ပြီး ဥပမာပေးရင်း ဒီအရာ(၃) ခုကို ရှင်းချင်ပါတယ်။​
သို့သော် မိတ်ဆွေတို့သိရမှာက လျှပ်စီးကြောင်း current သည် electron စီးကြောင်းနဲ့ ပြောင်းပြန်ဖြစ်တယ်ဆိုတာပါ။ ဘာလို့လဲမေးရင်တော့ လျှပ်စစ်စီးတာကို လူသားတို့ အရင်သိခဲ့ပြီး electron စီးတာကို နောက်မှ သိလာခဲ့ကြတဲ့အတွက် စံထားမှုအရ အဲ့ဒီလိုပဲသတ်မှတ်ခဲ့ကြလို့ဖြစ်ပါတယ်။
Cathode
Cathode ဆိုတာကကျပြန်တော့ ဘက်ထရီမှာ အပေါင်းလို့ ရေးထားတဲ့ ငုတ်တိုင်လေးကို ဆိုလိုတာဖြစ်ပါတယ်။ သူက anode က ပို့လွှတ်လိုက်တဲ့ electron တွေကိုလက်ခံတဲ့ အရာဖြစ်ပါတယ်။ Volta ရဲ့ စမ်းသပ်ချက်မှာဆိုရင် silver သည် cathode ဖြစ်ပါတယ်။ cathode က electron တွေ ကိုလက်ခံလိုက်တဲ့အခါ လျှပ်စီးပတ်လမ်း တစ်ပတ်ပြည့်သွားမှာဖြစ်ပါတယ်။ သို့သော် anode ဘက်ကနေ အဆက်မပြတ် electron တွေကို ပို့ပေးပြီး cathode ကနေ ဒီ electron တွေကို အဆက်မပြတ် လက်ခံနိုင်နေနိုင်မှ လျှပ်စစ်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့ဆိုတာ ပစ္စည်းတစ်ခုလိုပါသေးတယ်။ အဲ့ဒါကတော့ Electrolyte ပဲဖြစ်ပါတယ်။
Electrolyte
Electrolyte ဆိုတာ ဘက်ထရီထဲမှာ ထည့်ထားတဲ့ အရာဖြစ်ပြီးတော့ အရည်လည်းဖြစ်နိုင်သလို အစိုင်အခဲ ပုံစံလည်းဖြစ်နိုင်ပါတယ်။ ဥပမာ ကျွန်တော်တို့ အိမ်က ဘက်ထရီအိုး တွေမှာဆို အက်ဆစ် (acid) သည် electrolyte အရည် ဖြစ်ပြီး ကားဘက်ထရီ၊ ဓါတ်ခဲ စတာတွေမှာသုံးတဲ့ electrolyte သည် အရည်မဟုတ်တာကို မြင်တွေ့နိုင်မှာဖြစ်ပါတယ်။​ anode က electrolyte နဲ့ ဓါတ်ပြုပြီး အမဓါတ်ဆောင်တဲ့ electron တွေကို ဝါယာကြိုးအတွင်းစီးဆင်းစေသလိုပဲ oxidize ဖြစ်ခြင်းကထွက်လာတဲ့ အဖိုဓါတ်ဆောင်တဲ့ ions တွေကိုလည်း electrolyte ထဲမှာ ပျော်ဝင်စေပါတယ်။

Пікірлер: 75
@uthaungnyi1257
@uthaungnyi1257 Жыл бұрын
Thanks sir.
@kyawmyo3331
@kyawmyo3331 Жыл бұрын
ကျေးဇူးပါဆရာ အက်တမ် တွေနှင့်ပက်သက်ပြီးအသေးစိပ်ပြောပြပေးစေချင်ပါသေးတယ်ဆရာ
@naymin7165
@naymin7165 4 ай бұрын
အားပေးနေပါတယ်
@kaungmyat6804
@kaungmyat6804 Жыл бұрын
ကျေးဇူးအထူးတင်ပါတယ်
@k2kknowledgebank
@k2kknowledgebank Жыл бұрын
နောက်ထပ်လည်းအားပေးပါဦး
@user-wu3qm7kt6o
@user-wu3qm7kt6o 5 ай бұрын
Thanks a lot.
@k2kknowledgebank
@k2kknowledgebank 4 ай бұрын
Glad to help
@zawlwin6375
@zawlwin6375 2 жыл бұрын
Thanks bro.
@k2kknowledgebank
@k2kknowledgebank 2 жыл бұрын
❤️ကျေးဇူးပါ
@awntawntawntawnt1438
@awntawntawntawnt1438 2 жыл бұрын
ကျေးဇူးပါ
@k2kknowledgebank
@k2kknowledgebank 2 жыл бұрын
ဟုတ်
@ilovekyawzeyarhtun_2021
@ilovekyawzeyarhtun_2021 2 жыл бұрын
ကျေးဇူးပါ အကို
@k2kknowledgebank
@k2kknowledgebank 2 жыл бұрын
❤️အားပေးတဲ့အတွက်ကျေးဇူးပါ
@kochaw2932
@kochaw2932 Жыл бұрын
နိုင်ငံတော်ဓါတ်အားစနစ်အားအရမ်းကကြတုန်းက မြန်မာပြည်ထုတ်ဘက္ထရီအိုးနဲ့မီးထွန်းဖို့ ဘက်စုံသုံးဖို့စီးပွါးဖြစ်ထုတ်လုပ်ခဲ့ကြဘူးတယ်GXကဘက္ထရီ၆ဗို့၈ဗို့၁၂ဗို့ထုတ်လုပ်ယခုနီပန်းကမီးချောင်းမီးလုံးထွန်ဖို့DCမီးထွန်းချုပ်ထုတ်လုပ်ခံကြပါတယ်တခြားတံဆိပ်မျိုးစုံတွေလည်းသူများတွေထုတ်လုပ်ရောင်းချစီးပွါးဖြစ်ခဲကြပါမြန်မာတွေမညံ့ပါ အထူးသဖြင့်ပလပ်စတစ်လုပ်ငန်းဂေါက်ဂေါက်ဖိနပ်အစပြုလုပ်က်ုင်ရာမှခုခေတ်ကျွတ်ကျွတ်အိပ်ထိလုပ်ကိုင်နေကြတာကိုတွေ့ကြမှာပါကုန်ကြမ်းကတော့ တရုတ်ပြည်ကအစုတ်အပျက်တွေပေါ့ဗျာကုန်သွယ်ရေးကကုန်ကြမ်းအသစ်ပါမစ်သမားတွေခေတ်ရှိခဲ့ဘူးပါတယ်လူတွေဘယ်လောက်တော်တော်ဘယ်လောက်ကြိုးစား အခွင့်အရေးတွေမရခဲ့ဘူးဗျာ စနစ်ဆိုးကြီးကြောင့်ဆိုတာသိခွင့်ရကြတာရှည်ရှည်ရေးမှပေါ်လွန်မှာမို့သိပေမဲ့မရေးနိုင်ဘူးခင်ဗျာ တရားဖက်နေလို့နားလိုက်ပါရစေ
@k2kknowledgebank
@k2kknowledgebank Жыл бұрын
ခုလိုမျှဝေပေးတာကျေးဇူးပါဗျ
@zinzin3285
@zinzin3285 Жыл бұрын
ကျေးဇူးပါ ပြည့်စုံအောင်တင်ပါ
@k2kknowledgebank
@k2kknowledgebank 4 ай бұрын
ဟုတ်ကဲ့ပါဗျ။
@phonenaingmpt4053
@phonenaingmpt4053 2 жыл бұрын
Thanks
@k2kknowledgebank
@k2kknowledgebank 2 жыл бұрын
ကျေးဇုးပါ
@nawing100
@nawing100 8 ай бұрын
ကျေးဇူးတင်ပါတယ် ပညာ လဲရတယ် အင်္ဂလိပ်လိုပါတော့ နားမလည်တော့ဘူး
@k2kknowledgebank
@k2kknowledgebank 5 ай бұрын
မြန်မာလို အတတ်နိုင်ဆုံးတင်ဆက်ထားပါတယ်။
@koyawleelahdee1019
@koyawleelahdee1019 2 жыл бұрын
👏
@k2kknowledgebank
@k2kknowledgebank 2 жыл бұрын
အားပေးတဲ့အတွက်ကျေးဇူးပါ
@user-py1gp5dc3i
@user-py1gp5dc3i Жыл бұрын
ဘက်ထရီ cruing ပြုလုပ်နည်းအသေးစိတ်လေးတင်ပေးပါဦး
@yekyawswar1751
@yekyawswar1751 8 ай бұрын
ကျေးဇူးပါခင်ဗျ ဆက်လက် တင်ပြပေးပါဦးခင်ဗျ
@k2kknowledgebank
@k2kknowledgebank 5 ай бұрын
ကြိုးစားနေပါတယ်။
@user-qv6bz1lm7j
@user-qv6bz1lm7j 4 ай бұрын
ကျေးဇူးပါ ဘက်ထရိပလိပ်ပြားလုပ်ပုံလေးသိပါရစေ
@k2kknowledgebank
@k2kknowledgebank 4 ай бұрын
ကြိုးစားကြည့်ပေးပါ့မယ်။
@aungsoe389
@aungsoe389 Жыл бұрын
ထပ်တင်ပေးပါအုံးဆရာ
@k2kknowledgebank
@k2kknowledgebank 4 ай бұрын
တင်ထားပါတယ်။
@zawminnaing4923
@zawminnaing4923 Жыл бұрын
အားပေးပါတယ်ဆရာ အပိုပစ်စည်းတွေ ပြပြင်မယ့် ကိရိယာတွေဘယ်မှာ မှာဝယ်လို့ရပါလဲဆရာ လမ်းညွှန်ပေးပါ
@k2kknowledgebank
@k2kknowledgebank 4 ай бұрын
ပစ္စည်းမရောင်းလို့ပါ။
@myathein9845
@myathein9845 Жыл бұрын
ဆရာရေ Lithium metal oxide အကြောင်းလေးတင်ပေးစေလိုပါ တယ်။
@k2kknowledgebank
@k2kknowledgebank Жыл бұрын
ကြိုးစားပါ့မယ်။
@AwanayMoe-hi6qe
@AwanayMoe-hi6qe Жыл бұрын
Battery အိမ်သုံးအနေနဲ့ပြုလုက်ပုံလေးတင်ဆက်ပေးပါဗျာဝယ်သုံးရတာမတန်လို့ပါဗျ
@k2kknowledgebank
@k2kknowledgebank Жыл бұрын
လွယ်တော့မလွယ်ဘူးအကို
@yekyawhan
@yekyawhan Жыл бұрын
လျပ်ကူးမှု့အမြင့် ဆုံး electrolyte 3ခုလောက်ကို ပြောပြပေးပါဦး.. ကျေးဇူးပါ
@k2kknowledgebank
@k2kknowledgebank 2 күн бұрын
လျှပ်ကူးမှုကောင်းတဲ့ ပျော်ရည်တွေကတော့ Sulfuric Acid (H₂SO₄), Hydrochloric Acid (HCl), Sodium Hydroxide (NaOH) တို့ဖြစ်ပါတယ်။
@thangmonsang3337
@thangmonsang3337 9 ай бұрын
Details တွေတောင်းဆိုပါတယ်။
@k2kknowledgebank
@k2kknowledgebank 4 күн бұрын
ဟုတ်ကဲ့ပါဗျ။
@naythureinburma4652
@naythureinburma4652 9 ай бұрын
Dc မီးလုံးကို acနဲ့ထွန်းရင်းဘာလို့ကျွမ်းတာလဲဗျ ဖုန်းbatteryကျတော့မကျွမ်းပဲ
@k2kknowledgebank
@k2kknowledgebank 9 ай бұрын
ဖုန်း charging ခေါင်း တွေ က AC to DC ပြောင်းပေးပါတယ်ဗျ
@KyawphyoWai-lu1io
@KyawphyoWai-lu1io 2 ай бұрын
Acအကြောင်းလဲသိချင်ပါတယ်ဗျ
@k2kknowledgebank
@k2kknowledgebank 10 күн бұрын
ဟုတ် အချိန်ရရင် တင်ဆက်ပေးပါ့မယ်။​
@aunglaythu1253
@aunglaythu1253 4 ай бұрын
hello သိချင်တာလေးတွေရှိရင် ဘယ်လို ဆက်သွယ်နိုင်မလဲ
@k2kknowledgebank
@k2kknowledgebank 4 күн бұрын
kyawyelynn94@gmail.com ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်
@yehtutoo8264
@yehtutoo8264 Жыл бұрын
ဆရာခင်ဗျာဘက်ထရီနဲ့ပက်သက်ပြီးserviceလုပ်တာအိုးဟောင်းကိုခဲပြားပြန်ထည့်တာတွေပြန်ပိတ်တာတွေခဲတွဲတာတွေဘယ်မှာသင်လို့ရပါလဲခင်ဗျာသိရင်လမ်းညွန်ပေးပါအုံး
@kothet3119
@kothet3119 Жыл бұрын
လက်ရှိကိုယ်တိုင်ထုတ်လုပ်နိုင်ပါတယ်
@yehtutoo8264
@yehtutoo8264 Жыл бұрын
နည်းလမ်းလေးသင်ပေးပါအုန်းသင်တန်းဖွင့်မာ်ဆိုလည်းသင်ပရစေ
@user-uw6if1mu3h
@user-uw6if1mu3h 10 күн бұрын
​@@kothet3119လေ့လာသင်ယူချင်ပါတယ် စိတ်ဝင်စားပါတယ် သင်တန်းများရှိမယ်ဆိုရင်လည်းညွှန်ပေးစေလိုပါတယ်
@arriran-di1pn
@arriran-di1pn Жыл бұрын
Cathode နဲ့anodeကွဲလွဲနေတာလားဆရာ
@k2kknowledgebank
@k2kknowledgebank Жыл бұрын
ဘယ်လိုလွဲတာလဲဗျ
@arriran-di1pn
@arriran-di1pn Жыл бұрын
Cathode ကအပေါင်းလား Anode ကအပေါင်းလား သိပ်မကွဲလို့
@k2kknowledgebank
@k2kknowledgebank Жыл бұрын
ညီလေးရေ ခုလိုစိတ်ဝင်တစားကြည့်ပေးတာကျေးဇူးပါ။ galvanic Cell နဲ့ electrolytic cell ဆိုပြီး (၂) မျိုးရှိပါတယ်။ Galvanic cell မှာ anode က အနှုတ် ဖြစ်ပြီးတော့ Electrolytic cell မှာ anode က အပေါင်းဖြစ်ပါတယ်။။ battery က galvanic cell ဖြစ်ပြီးတော့ အကို ပြထားတဲ့ အတိုင်း anode က electron ထုတ်ပေးတဲ့အတွက် အနှုတ်ပါ။
@user-hp6pp1if4d
@user-hp6pp1if4d Жыл бұрын
hi bro. Ah ဆိုတာဘာကိုပြောတာလည်း..သိချင်လို့ပါ
@k2kknowledgebank
@k2kknowledgebank Жыл бұрын
Ampere Hour ကိုပြောတာပါ။ Charge ရဲ့ unit ပါ။ Coulomb လို့ပြောရင်တော့သိမယ်ထင်ပါတယ်။ ဆယ်တန်း ရူပဗေဒမှာပါပါတယ်။ Coulomb က second နဲ့ပြပြီး ဒီမှာတော့ hour နဲ့ပြတာပါ။
@NH-wh6dd
@NH-wh6dd Жыл бұрын
ပညာတတ်တွေကို ဖိနှိပ်ထားလို့ မထုတ်နိုင်တာ ရှင်းရှင်းလေးပါပဲဗျာ
@RESORT...
@RESORT... Жыл бұрын
အဲပညာတတ်တွေက ကိုယ့်နိုင်ငံအတွက်တိုးတက်အောင် ကိုယ်စွမ်းဉာဏ်စွမ်းကိုမြှုတ်နှံသလား၊ကိုယ့်တစ်ဦးတစ်ယောက် ကိုယ့်မိသားစုတိုးတက်ဖို့အတွက် ငွေနောက်လိုက်နေသလား။ထမင်းစားတဲ့ဥဏှောက်ဆို သိမယ်။ အေး ညင်းမယ်ဆို သေချာစဥ်းစားညင်း အရေးမပါတဲ့ဘရိုန်းနဲ့ရေးမလာနဲ့။ကိုယ့်ကိုကိုယ် ငါရောအခု ကိုယ့်မိသားစုတစ်စုအတွက်မဟုတ်ဘဲ၊ကိုယ့်နိုင်ငံကိုယ့်လူမျိုးအတွက် ဘယ်နေရာက အကျိုပြုခဲ့ပြီးပြီလဲ သေချာပြန်မေး။
@NH-wh6dd
@NH-wh6dd Жыл бұрын
@@RESORT... အဲ့စကား မင်းအောင်လှိုင်ကို အရင်သွားပြော
@NH-wh6dd
@NH-wh6dd Жыл бұрын
@@RESORT... မင်းကရောဘာတွေအကျိုးပြုနေလဲ ပြောစမ်းပါဦး
@NH-wh6dd
@NH-wh6dd Жыл бұрын
@@RESORT... ၂၀၁၈ ၂၀၂၁မတိုင်ခင် ပညာတတ်တွေအကျိုးပြုခဲ့လို့ မင်းတို့covidပထမလှိုင်းမှာ ဆေးအလကား ထမင်းလဲအလကားစားပြီး ဆရာဝန်တွေအကုန် ဝိုင်းဝန်းကုသခဲ့ရတယ်မဟုတ်လား မီးပြတ်တယ်ကောကြားမိလား အာဏာခိုးလိုက်တော့ ပညာတတ်တွေ လက်မခံ လို့ဆန္ဒပြတော့ မင်းတို့သူခိုးတွေက ဆရာဝန်တွေဖမ်း အကုန်ဖမ်းပြီးထောင်ထဲထည့်ခဲ့တာလေးတွေ မေ့မနေနဲ့
@NH-wh6dd
@NH-wh6dd Жыл бұрын
@@RESORT... အကျိုးပြုလွန်းလို့ ထောင်ထဲဝင်ခဲ့ပြီးပြီညီလေး ဆန္ဒပြလို့ထိခိုက်တဲ့လူနာတွေ ကိုဗစ်ဖြစ်တုန်းက ဆေးစရိတ်ထောက်ပံ့တာတွေ မခွဲခြားပဲ ကုသပေးခဲ့လို့ တရားမဝင်လို့ ဆိုပြီး အမြင်ကပ်ပုဒ်မတွေနဲ့ထောင်ထဲဝင်ခဲ့ပြီးပြီနော် အခုအချိန်မှာ အကျိုးပြုသလောက်ကိုယ့်နိုင်ငံက ပြန်ပြီးတော့ကော အသိမှတ်ပြုလား လောလောဆယ်ကိုယ့်နိုင်ငံက ဘောလုံးသမားတွေကိုအရင်ကြည့်လိုက်
@rrksgaming6786
@rrksgaming6786 Жыл бұрын
ဆိုလာသုံး ဘေထရီအိုးကို မိုးရည် ဘယ်နှစ်ကြိမ်ထည့်ပြီး သုံးနိုင်ပါသလဲ ဘေထရီအိုးရော ဆေးဖို့လိုပါသလားဗျာ့
@k2kknowledgebank
@k2kknowledgebank 4 күн бұрын
Lithium အိုးကမိုးရေမထည့်ရပါဘူးခဗျာ။
@elni9899
@elni9899 2 жыл бұрын
12v အိုးအသေးကို v ဘယ်လောက်နဲ့ အားသွင်းရသလဲ ?
@k2kknowledgebank
@k2kknowledgebank 2 жыл бұрын
အားသွင်းတယ်ဆိုတာ voltage difference တစ်နည်းအားဖြင့် potential deference ကို အသုံးချတာဖြစ်ပါတယ်။ ဒါကြောင့်များတာကနေနည်းတဲ့နေရာကို လျှပ်စစ် charge များစီးဆင်းစေပြီး အားသွင်းခြင်းပြီးမြောက်တာဖြစ်ပါတယ်။
@aunglaythu1253
@aunglaythu1253 4 ай бұрын
battery အိုးက ဖုန်းအားသွင်းနဲ့ ညှက်ကလေးနဲ့ ချိတ်ရင် အားထွက်ပြီး မီးသီးအနီးအနက်ကြိုးနဲ့ချိတ်ရင် မလင်းဘူးဗျ
@aunglaythu1253
@aunglaythu1253 4 ай бұрын
အဖိုတိုင် အစ်မတိုင် မရှိတော့တာလား ဆရာ
@k2kknowledgebank
@k2kknowledgebank 4 күн бұрын
AC DC ကွာတာပါ။
@user-gg6uq5hx1q
@user-gg6uq5hx1q Жыл бұрын
အကိုသတိမထားမိလို့‌ နေမှာပါ Toyo Battery တံဆိပ်က မြန်မာနိုင်ငံသားထုတ်တာအကို ၊ ရန်ကုန် ရွှေပြည်သာမှာစက်ရုံရှိတယ်
@k2kknowledgebank
@k2kknowledgebank Жыл бұрын
ခုလို ပြောပြပေးတာ ကျေးဇူးပါ။ မြန်မာနာမည် ဘာလို့မပေးတာလဲ မသိဘူး။
IQ Level: 10000
00:10
Younes Zarou
Рет қаралды 8 МЛН
How can we make our phones battery last longer ?
15:10
T4U2
Рет қаралды 61 М.
АЙФОН 20 С ФУНКЦИЕЙ ВИДЕНИЯ ОГНЯ
0:59
КиноХост
Рет қаралды 1,2 МЛН
НОВЫЕ ФЕЙК iPHONE 🤯 #iphone
0:37
ALSER kz
Рет қаралды 345 М.
Как удвоить напряжение? #электроника #умножитель
1:00
Hi Dev! – Электроника
Рет қаралды 1,1 МЛН
iPhone 16 с инновационным аккумулятором
0:45
ÉЖИ АКСЁНОВ
Рет қаралды 10 МЛН