Рет қаралды 939,210
နေပြည်တော် လယ်ဝေးမြို့ကို ရောက်တဲ့သူတိုင်း မေ၀ အသုတ်ဆိုင်ကို ဝင်ပြီး စားတက်ကြပါတယ်။ အသုတ်တစ်ပွဲ ၂၀၀ ကျပ်နဲ့ရောင်းချတာမို့ ဈေးကလည်းတန် အသုပ်တွေက အရွက်အစုံလည်းရတာမို့ လူကြိုက်များပါတယ်။ အခြားဆိုင်တွေမှာ မရနိုင်တဲ့ အရွက်တွေ၊ အပွင့်တွေကို အရသာရှိရှိ အချိုးအစားကျကျ သုပ်တာမို့ လူတွေက ကြိတ်ကြိတ်တိုးနေတာပါ။
မဝေရဲ့ အသုပ်တွေ အရသာရှိတာကတော့ မဝေရဲ့ ကိုယ်တိုင်ချက် အထူးစပယ်ရှယ် ငရုပ်သီးချက်ကြောင့်ပဲ ဖြစ်ပါတယ်။ ငရုတ်သီးတွေကိုထောင်း ကြက်သွန်နီလေးနဲ့ ဆီသပ်ပြီးချက်ထားတဲ့ ငရုတ်သီးချက်ကြောင့် ဘယ်အသုတ်မဆို အရသာရှိတယ်လို့လည်း ပြောပါတယ်။
ဒီဆိုင်မှာ ထူးခြားချက်က မဝေဟာဆိုင်လာတဲ့သူတွေကို အသည်း ဆိုပြီး ခေါ်တက်သလို ဘယ်လောက်ပဲ ခင်ခင် တန်းစီစနစ်နဲ့ ရောင်းတာပါ။ ကိုယ်နဲ့ ဘယ်လောက်ပဲရင်းနှီးရင်းနှီး ဘယ်နှစ်ပွဲပဲ ဝယ်ဝယ် အလှည့်ကျစနစ်နဲ့ပဲ ရောင်းချတာပါ။ နေ့လည်ဆို ဆိုင်စဖွင့်ပြီး ညနေဆို ကုန်သွားတက်တဲ့ နေပြည်တော်လယ်ဝေးက မဝေရဲ့ အသုပ်ကို အနီးအနားအပြင် ရပ်ဝေးကပါ လာပြီး စားသုံးကြပါတယ်။ မဝေရဲ့ အသုပ်ဆိုင်ကိုတော့ နေပြည်တော် လယ်ဝေးမြို့ ကားလမ်းဘေးမှာ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။
ရုပ်သံသတင်းထောက် - ယဉ်မွန်