Рет қаралды 37,664
အားလုံးပဲမင်္ဂလာပါရှင့်❣️
NaNaVlogကနေပြန်လည်ကြိုဆိုလိုက်ပါတယ်😍
ဒီနေ့NaNaအားလုံးနဲ့မိတ်ဆက်ပေးချင်တာကတော့အခုကဂျပန်မှာ လိမ္မော်သီးအချိန်ဖြစ်ပါတယ်အဲ့ဒါကြောင့် ရာသီစာဖြစ်တဲ့လိမ္မော်သီးအချိန်မှာ ဂျပန်လိုみかん狩り🍊လို့ခေါ်တဲ့ လိမ္မော်သီး အဝစားလေးစားရင်နဲ့ BBQလဲစားလို့ရတဲ့နေရာလေးကိုမိတ်ဆက်ပေးချင်ပါတယ်ရှင့်။
NaNaသွားထားတဲ့နေရာကတော့ やまびこ園みかん狩り(Yamabi koenn Mikangari)
maps.app.goo.gl/6DDDGWrHPT2EG...
နေ့တိုင်းလိုလို မြို့ပြကြီးမှာလူတွေအများကြီးနဲ့တွေ့နေရတဲ့ NaNaတို့လိုသူတွေအတွက် တခါတလေ စိတ်အေချမ်းတဲ့နေရာလေးလဲလိုအပ်ပါတယ်။အဲ့ဒါကြောင့် NaNaကဒီနေရာလေးကိုခေါ်သွားပေးမှာဖြစ်ပါတယ်။Osakaကနေသွားရင် ကားနဲ့45မိနစ်လောက်ပဲဝေးပီး သွားရလာရအဆင်ပြေတဲ့အတွက် အချိန်လေးရရင်သွားကြဖို့ အကြံပေးချင်ပါတယ်ရှင့်။
သူငယ်ချင်းတွေအများကြီးနဲ့သွားရင်တော့ ပိုပီးပျော်ဖို့ကောင်းမှာသေချာပါတယ်😍
လိမ္မော်သီးအဝစားရယ် BBQရယ်မှတစ်ယောက်ကိုဂျပန်ယမ်း ¥1200ပဲကျတာဖြစ်ပါတယ်။ အရမ်းစျေးချိုတယ်လို့ပြောရပါမယ် လိမ္မော်သီးအဝစားကလဲ အချိန်ကန့်သတ်မထားပါဘူး ဒါပေမယ့်နောက်ဆုံးဆိုင်ပိတ်ချိန်ကတော့ 4နာရီဖြစ်တဲ့အတွက် 10မိနစ်လောက်စောပီး ငှါးထားတဲ့ပစ္စည်းတွေကိုတော့အပ််ပေးဖို့လိုပါတယ်။
BBQလဲလုပ်စားလို့ရပေမယ့် ကင်မယ့်အစားအသောက်တွေကတော့ ကိုယ်တိုင်သယ်သွားရမှာဖြစ်ပါတယ်။ကျန်တဲ့ပစ္စည်းတွေကတော့ ပါမသွားလဲဝယ်လို့ရသလို တချို့ပစ္စည်းတွေကတော့ ငှါးပေးပါတယ်။အစားအသောက်တွေကတော့ ပါမသွားလို့မရပါဘူးနော်😍
NaNaသွားတဲ့အချိန်ကအချိန်ကိုက်ဖြစ်တဲ့အတွက် လ်ိမ္မော်သီးတွေကအများကြီးမှည့်ပီး ကြိုက်သလောက်စားမကုန်ပါဘူး။ မျက်စိရှေ့မှာအများကြီးတွေ့နေ့တော့ သိပ်ကြီးမစားနိုင်ခဲ့ပါဘူး။ဒါပေမယ့် အရမ်းပျော်ခဲ့ပီး နောက်တခေါက်ပြန်သွားချင်တဲ့နေရာလေးဖြစ်ခဲ့ပါတယ်ရှင့်။ နောက်ပီး လိမ္မော်သီးစားတာရယ် BBQစားတာရယ်ဆို NaNaVlog လေးကအရမ်းရှည်သွားမှာမလို့ NaNaကအပိုင်း(၁)နဲ့ (၂)ဆိုပီး ခွဲပီးပြသပေးသွားမှာဖြစ်ပါတယ်ရှင့် နောက်အပိုင်းလေးကိုလဲစောင့်ကြည့်ပေးကြပါအုံးရှင့်😍
NaNaရဲ့ Videoလေးကိုသဘောကျတယ်ဆိုရင် KZfaqမှာ NaNaVlogChannel လေးကိုSubscribe လုပ်ပေးကြဖို့နဲ့ Facebook မှာlike& Follow လေးလုပ်ပေးကြဖို့ တောင်းဆိုပါတယ်ကျေးဇူးများကြီးတင်ပါတယ်ရှင့်🥰နောက်ထပ်လဲ အများကြီးချစ်ပေးကြပါအုံးရှင့်❣️