မဟာမုနိဘုရား Mahamuni Pagoda

  Рет қаралды 5,073

SAYADAW TV

SAYADAW TV

5 ай бұрын

မဟာမုနိ ရုပ်ပွါးတော်မြတ်ကြီးရဲ့ ကြည်ညိုဖွယ်ရာ သမိုင်းကြောင်း
မန္တလေးမြို့ဟာ ဗုဒ္ဓသာသနာထွန်းကားတဲ့မြို့ဖြစ်တာနဲ့အညီ ဘုရားပုထိုးစေတီများစွာလည်း မြို့အနှံ့မှာ တည်ထားကိုးကွယ်ကြပါတယ်။
ဘုရားစေတီပုထိုးများအနက်မှ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးဟာ မန္တလေးမြို့ကိုရောက်သူတိုင်း မရောက်မရှိ ဝင်ရောက်ဖူးမြော်ဦးတိုက်ကြတဲ့ တန်ခိုးကြီးဆုတောင်းပြည့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဖြစ်ပါတယ်။ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးဟာ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့လည်တွင် တင့်တယ်စွာတည်ရှိလိုနေပါတယ်။ ထူးခြားအံ့ဩဖွယ်ကောင်းသော မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးဟာ ဉာဏ်တော် ၄မီတာ၊ အလေးချိန် ၆.၅တန်ရှိပြီး စိန်၊ ပတ္တမြား၊ နီလာများဖြင့် စီခြယ်ထားသော သင်းကျစ်တော် နှင့်အတူရုပ်ပွားတော်ကြီးကိုလည်း ကြေးဖြင့်သွန်းလောင်းထားပါတယ်။
မန္တလေးခရီးစဉ်မှာ မဟာမြတ်မုနိဘုရား မပါလျင် မပြည့်စုံသကဲ့သို့ ဘုရားကြီးကို မန္တလေး၏ မျက်နှာစာဟုလည်း ခေါ်ဝေါ် ကြပါတယ်။ ဗုဒ္ဓဘာသာဝင်များသာမက မန္တလေးသို့ ရောက်လာသော ကမ္ဘာ့ခေါင်းဆောင်ကြီးများပင်လျှင် မဟာမုနိ ဘုရားရှင်တော် စံတော်မူရာ ဂန္ဓ ကုဋိကျောင်းတော်သို့ သွားရောက်၍ ဦးခိုက်ပူဇော်ခြင်း လှူဒါန်းခြင်းနှင့် ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ် ရေးထိုးခြင်းများ ပြုလုပ်ကြပါတယ်။
မန္တလေး မဟာမြတ်မုနိ ရုပ်ပွားတော် ကို မဟာမုနိဟူ၍ လည်းကောင်း၊ ဘုရားကြီးဟူ၍ လည်းကောင်း၊ ရခိုင်ဘုရားကြီးဟူ၍ လည်းကောင်း ခေါ်‌ဝေါ်ကြပါတယ်။ မန္တလေးမြို့ မဟာမြတ်မုနိရုပ်ရှင်တော်ကြီးရဲ့ ဘွဲ့အမည်အမှန်မှာ မဟာမုနိ သာဖြစ်ပြီး မဟာမြတ်မုနိ မဟုတ်လို့လည်း ဆိုကြပါတယ်။
အခြားဘုရားစေတိပုထိုးများနှင့်မတူဘဲ ဘုရားဖူးများကို အထူးစိတ်ဝင်စားလျက်ရှိတာကတော့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးရဲ့ နေ့စဉ်မျက်နှာသစ်တော်ရေနှင့် တံပူတော်ကပ်လှူခြင်း အခမ်းအနားပဲဖြစ် ပါတယ်။
မျက်နှာသစ်တော်ရေ ကပ်လှူပူဇော်ခြင်းကို နံနက် ၄:၀၀-၄:၃၀ နာရီတွင် ပြုလုပ်ပြီး၊ ထေရ်ကြီးဝါကြီး သံဃာတော် အရှင်သူမြတ်များကဦးဆောင်ပြီး ဝေယျာဝစ္စပြုလုပ် ပူဇော်ကြပါသည်။ နံနက်ခင်း မောင်းထိုးသံနှင့်အတူ သံဃာတော်မထေရ်မြတ်ကြီးတစ်ပါးက မျက်နှာသစ်တော်ရေကပ်လှူခြင်း၊ သန့်ရှင်းစင်ကြယ်သော မျက်နှာသုတ်ပုဝါဖြင့် သန့်စင်ပေး ခြင်း၊ တံပူတော်များကပ်လှူပေးခြင်းတို့ကို ဆောင်ရွက်ကြပါတယ်။
များစွာသော ဘုရားဖူးများဟာလည်း သံဃာတော်များစွန့်ကြဲသည့် မျက်နှာသုတ်ပုဝါများ၊ မျက်နှာသစ်တော်ရေ နံ့သာရေများကို ကိုးကွယ်ဆောင်ထားရန် လာရောက်ယူဆောင်လေ့ရှိကြပါတယ်။
#မဟာမုနိဘုရား
#သမိုင်းကြောင်း
#မဟာမုနိ
#ဘုရားရှင်တော်
#မန္တလေးမြို့လည်တွင်
#mahamuni
Email ID
cameramanbk50@gmail.com
Social Links
👥Facebook: profile.php?...
▶️ Main Channel: kzfaq.info?su...
🎦 Another Channel: kzfaq.info/love/f9q...
📩 Telegram: t.me/+gGAB7MzXb3wwMDNl
📸 Instagram: / sayadawtv
🐦 Twitter: / sayadawt
#sayadawtv

Пікірлер: 7
@AungAung-je2bh
@AungAung-je2bh 5 ай бұрын
🙏🙏🙏
@MiKhanig-gx9lx
@MiKhanig-gx9lx 5 ай бұрын
🙏🙏🙏🙏🙏
@yayatha45
@yayatha45 5 ай бұрын
🙏🙏🙏🌷🌷🌷
@ARK_Kyaw_Htay_Mobile_Legend
@ARK_Kyaw_Htay_Mobile_Legend 5 ай бұрын
2:46 ခိုးဆိုးလုနှိုက် ဗမာ မျိုးယုတ် မပေးချင်လို့ သိမ်းထားတာ 🙂
@BurmaMukbang
@BurmaMukbang 5 ай бұрын
🙏🏻
@WinWin-cn8nc
@WinWin-cn8nc 5 ай бұрын
🙏🙏🙏🙏🙏
@user-qk5kw5rn7k
@user-qk5kw5rn7k 5 ай бұрын
🙏🙏🙏
Can You Draw A PERFECTLY Dotted Line?
00:55
Stokes Twins
Рет қаралды 109 МЛН
Alat Seru Penolong untuk Mimpi Indah Bayi!
00:31
Let's GLOW! Indonesian
Рет қаралды 16 МЛН
Вечный ДВИГАТЕЛЬ!⚙️ #shorts
00:27
Гараж 54
Рет қаралды 14 МЛН
Can You Draw A PERFECTLY Dotted Line?
00:55
Stokes Twins
Рет қаралды 109 МЛН