Рет қаралды 48,530
တူရိယာပစ္စည်းတော်တော်များများကို တီးခတ်နိုင်ပြီး ကိုယ်ပိုင်သံစဉ်စားသားတွေပါ သီကုံးစပ်ဆိုနေတဲ့ ကိုးတန်းကျောင်းသူလေးနဲ့ မတင်မိုးလွင်တို့ စကားလက်ဆုံကျထားတာဖြစ်ပါတယ်။
မေလသံစဉ်ဆိုတဲ့ နာမည်နဲ့လိုက်အောင်ပဲ သံစဉ်တွေနဲ့မွေးဖွား သံစဉ်တွေနဲ့ရှင်သန်ကြီးထွားလာခဲ့တဲ့ အဆိုရှင်လေးကို ဆိုရှယ်မီဒီယာကတဆင့် ပရိတ်သတ်တော်တော်များများရလာတာဖြစ်ပါတယ်။
ဒီစကားလက်ဆုံမှာ မေလသံစဉ်က သူကြိုက်တဲ့သီချင်းလေးနှစ်ပုဒ်ကို မမိုးနဲ့အတူ ကိုယ်တိုင်တီးဆိုပြထားပြီး သူ့ဘဝအတွက်မျှော်လင့်ချက်တွေ ဂီတအိပ်မက်တွေအကြောင်းကိုပါ ပြောပြထားတာဖြစ်ပါတယ်။
7Day TV က နှစ်ပတ်တစ်ကြိမ် အင်္ဂါနေ့ညတိုင်းမှာ တင်ဆက်နေတဲ့ တင်မိုးလွင်နဲ့ စကားလက်ဆုံ Tin Moe Lwin Talk Show ကို နောင်အပတ်တွေမှာလည်း ပုံမှန်တင်ဆက်သွားမှာဖြစ်ပါတယ်။