Рет қаралды 112,456
ဝမ်းချန်ပီယံရှစ်အဖွဲ့ကြီးရဲ့ လုံပနီကြိုးဝိုင်းဟာ မြန်မာအပါအဝင် တိုက်ခိုက်ရေးလောက သားတွေအတွက် နတ်ရေကန်ကြီးသဖွယ်ပါပဲ။ ဒီနေ့တော့ စက်တင်ဘာလ (၈)ရက်နေ့မှာ ဘောနပ်စ်ဆုကြေး ဘတ် 350000 ကိုရယူသွားနိုင်ခဲ့တဲ့ ထိုင်းနိုင်ငံဖွား ပွာကညော ကရင်တိုင်းရင်းသားတယောက်ရဲ့ အကြောင်းကို တင်ဆက်ပါမယ်။ သူကတော့ ထိုင်းနိုင်ငံ ဖစ်ချဘူရီမှာ မွေးဖွားကြီးပြင်းခဲ့ပြီး ကလေးဘဝကတည်းက ကရင်ပီပီလက်ဝှေ့လိုက်ထိုးရာကနေ ဝမ်းချန်ပီယံ လုံပနီပွဲမှာ "၃ ပွဲထိုး သုံးပွဲလုံး အလဲထိုး" စံချိန်တင်ထားလိုက်ပြီဖြစ်တဲ့ ကရင်နာမည် "ကျော်ကျေးလေး" ထိုင်းလိုနာမည် "စေဘလက်" အင်္ဂလိပ်လို BLACK TIGER ရဲ့ အောင်မြင်မှုများအကြောင်းပါ။ မွေထိုင်းပြိုင်ဘက်ပြီးတော့ အီတာလျံပြိုင်ဘက် ပြီးတော့ နောက်ဆုံး ဂျပန်ပြိုင်ဘက်တွေကို BLACK TIGER တယောက် ဘယ်လိုတောင်သိပ်ခဲ့လဲ ဆိုတာရှုစားနိုင်ပါပြီခင်ဗျာ