Рет қаралды 70,793
ဒီနေ့တော့ မြိုင်တစ်ယောက် မှော်ဘီစျေးထဲမှာ ဝက်လက်နှစ်ပိသာ ဝယ်ပြီးတော့ ထိုင်းစတိုင်ဝက်လက်စတူးလေးချက်စားတယ်။
ခေါက်ခမူလို့ခေါ်တဲ့ ဝက်လက်ပေါင်းလေးက ထိုင်းမှာဆိုနာမည်ကြီးပေါ့။ နေရာတိုင်းလိုလိုရသလို စားလို့လည်းကောင်းမှကောင်း။ အရည်လေးနဲ့ထမင်းလေးနဲ့ နယ်ဖတ်စားရင် အရမ်းကောင်းပဲ။
နူးအိပြီး ဗမာပါးစပ်နဲ့ အစပ်အဟပ်တည့်အောင် မြိုင့်နည်းမြိုင့်ဟန်နဲ့ ပြန်ချက်ထားတာ။
ဝက်လက် ၂၀၀၀၀ ဖိုးကို အိမ်ကလူအကုန်ဗိုက်အကားပဲ စားကြတာ။ ဆိုင်တွေမှာတော့ စျေးကြီးမယ်ထင်တယ်။
မြိုင့် video လေးတွေကို အားပေးလို့ကျေးဇူးပါရှင်။