နောင်ချိုက ခမရ (၁၁၄) အပါဝင် စစ်တပ်စခန်းတွေကို TNLA ဆက်လက်သိမ်းပိုက် ... အင်းတော်မြို့နယ်က စစ်တပ်...

  Рет қаралды 14,570

Htet Aung Kyaw

Htet Aung Kyaw

19 күн бұрын

နောင်ချိုက ခမရ (၁၁၄) အပါဝင် စစ်တပ်စခန်းတွေကို TNLA ဆက်လက်သိမ်းပိုက် ... အင်းတော်မြို့နယ်က စစ်တပ်စခန်း PDF သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ
(၂၉ -၆-၂၀၂၄)
၁၀/၂၇ စစ်ဆင်ရေး အပိုင်း (၂)၊ ၄ ရက်မြောက်နေ့မှာ နောင်ချိုက ခမရ (၁၁၄) ဌာနချုပ်ကို သိမ်းပိုက်ပြီး ခမရ(၆၀၆) ကို သိမ်းနိုင်ရေး TNLA နဲ့ မဟာမိတ်တွေ ဆက်လက် ထိုးစစ်ဆင်နေတယ်လို့ TNLA/ PSLF ပြောခွင့်ရက BNN ကိုပြောပါတယ်။
ခမရ ၁၁၅ ကိုတော့ တိုက်ပွဲစတင်တဲ့နေ့မှာတင် သိမ်းထားပြီးဖြစ်တဲ့အတွက် နောင်ချိုမြို့မှာ စင်ကောင်စီကင်းစင်ဖို့ ခမရ ၆၀၆ တခုသာ ကျန်တော့တယ်လို့ TNLA ပြောခွင့်ရ လွေးယေဦးက ပြောပါတယ်။
ခမရ(၆၀၆) ထိုးစစ်မှာ TNLA၊ တပ်တွေနဲ့အတူ MDY-PDF နဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် (DPLA) တို့ ပူပေါင်းပါဝင်ပြီး ကျောက်မဲက ခမရ (၅၀၁)၊ ခမရ(၅၀၂) ထိုးစစ်မှာတော့ TNLA နဲ့အတူ MDY-PDF မဟာမိတ်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။
မနေ့ကသိမ်းလိုက်တဲ့ နောင်ချို ခမရ (၁၁၄)က လက်နက်တွေကို TNLA က
မထုတ်ပြန်သေးပါဘူး။ အရင်နေ့က သိမ်းမိတဲ့ ခမရ (၁၁၅) မှာတော့ ၈၁ မမ၊ ၆၀
မမလို မော်တာတွေ၊ RPG လို ပခုံးထမ်းလောင်ချာတွေအပါဝင် လက်နက်မျိုးစုံ ၃၅၀
ကျော်နဲ့ ခဲယမ်းများစွာ သိမ်းမိတယ်လို့ ဓာတ်ပုံမှတ်တမ်း ထုတ်ပြန်ထားပါတယ်။
အရင်နေ့တွေကလည်း လက်နက်မျိုးုစုံ ၁၀၀ ခန့်သိမ်းမိထားပြီးဖြစ်တဲ့အတွက် အခုဆိုရင် သိမ်းမိလက်နက် ၅၀၀ နီးပါးရှိနေပြီဖြစ်ပါတယ်။
၁၀/၂၇ စစ်ဆင်ရေး အပိုင်း (၂) ကို ရှမ်းမြောက်နဲ့ မန္တလေးအစပ်ရှိ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်၊ မိုးကုတ်စတဲ့ မြိုနယ် ၅ ခုမှာ ဆက်လက်ဆောင်ရွက်နေတယ်လို့ TNLA က ပြောထားပါတယ်။
ဒါ့အပြင်...
- ကသာခရိုင်၊ အင်းတော်မြို့နယ်၊ နံ့သာရွာမှာ အခြေချထားတဲ့ ခလရ-၆ စခန်းကို ဒေသခံတော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ပြီး စစ်ကောင်စီဖက်က ၁၄ ဦးသေ၊ လက်နက်မျိုးစုံ ၂၀ ရရှိ...
- ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ အင်တိုင်းရွာနဲ့ ကျောက်ပုံကုန်းရွာတွေမှာ အခြေချဖို့ပြင်နေတဲ့ ခမရ-၃၆၁-က စစ်သားတွေနဲ့ ပျုစောထီး အင်အား (၂၀၀) ခန့်ကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ရာမှာ စစ်ကောင်စီဖက်က အကျအဆုံးများပြီး လက်နက်ငယ် ၈ လက်နဲ့ စစ်သုံးပန်း ၂ ဦး ဖမ်းမိ...
- စစ်ကိုင်းမြို့ရှိ အမှတ်(၃) ရဲ လေ့ကျင့်ရေးကျောင်းကို ဒေသခံ တော်လှန်ရေးတပ်တွေက
ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်...
- တနသာင်္ရီမြိုန့ယ်၊ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးဂိတ် မောတောင်စခန်းအနီးရှိ ပွိုင့် ၃၀၀၀ နယ်စပ်စခန်းကနေ စစ်ကောင်စီတပ်တွေ စခန်းစွန့်ခွာ ထွက်ပြေး...
- KNU - ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ တပ်မဟာ (၆) ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းအားလုံး တာဝန်ကနုတ်ထွက်ခြင်း၊ နေရာပြောင်းခြင်း သို့မဟုတ် KNU ဖက်သို့ ကူးပြောင်းတာဝန်ထမ်းခြင်း အမြန်ဆုံးဆောင်ရွက်ရန် ဒူးပလာခရိုင်က သတိပေး...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ / burmanewsnetwork )

Пікірлер: 10
@uwinsoe2179
@uwinsoe2179 17 күн бұрын
good morning ❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤
@user-be6ns6fu3n
@user-be6ns6fu3n 17 күн бұрын
မဂ်လာ နံနက်ခင်းလေးပါ ကိုနေထူးနဲ့BNNရေမျှဝေတာကျေးဇူးအများကြီးတင်ပါတယ် 👋👋👋💙💙ပြည်သူကာကွယ်ရေးတိုင်းရင်းသားချစ်သောအားလုံးကျန်မာဘေးကင်းရန်ကွာကြပါစေအစစအရာရာအဆင်ပြေပါစေအထီအခိုက်မရှိအောင်ပွဲအလီလီဆွတ်ခူးနိုင်ကြပါစေ 🙏🙏🙏⭐⭐🤘🤘♥♥🇨🇳🇨🇳🇨🇳
@aungnaingthuko2482
@aungnaingthuko2482 17 күн бұрын
မင်္ဂလာပါခင်ဗျာ အောင်နိုင်ပါစေ တိုက်ပွဲတိုင်း အောင်နိုင်ပါ စေ😊😊😊😅😅😅😮😮😮
@user-jc9jf5lo8g
@user-jc9jf5lo8g 17 күн бұрын
မင်္ဂလာနံနက်ခင်းပါ
@Lovebaby.8098
@Lovebaby.8098 17 күн бұрын
❤❤❤❤❤❤❤🎉🎉🎉🎉🎉🎉🎉
@Carl.J.Cardozo
@Carl.J.Cardozo 17 күн бұрын
ပီးရင်မေမြို့ နေပြည်တော်
@sansanyuu9474
@sansanyuu9474 17 күн бұрын
❤🤝🏻💪🏻💪🏻💪🏻
@PyaeSone-qe1nk
@PyaeSone-qe1nk 17 күн бұрын
အကြမ်းဖက်စစ်တပ်ကိုတိုက်ခိုက်နေတဲ့တိုင်းရင်းရင်းသားတော်လှန်ရေးအဖွဲ့တိုင်းကိုကျေးဇူးတင်ပါတယ်
@maniphombo2828
@maniphombo2828 17 күн бұрын
စခန်းမသိမ်းရအောင်ပြည်သူတွေအိမ်ကိုဗုံးလိုက်ကြဲနေတယ်ခွေးမျိုးတွေ
@PyaeSone-qe1nk
@PyaeSone-qe1nk 17 күн бұрын
ယုတ်မာရက်စက်အကြမ်းဖက်ခွေးစစ်တပ်အမြန်ဆုံးကျဆုံးပါစေ
КАК ДУМАЕТЕ КТО ВЫЙГРАЕТ😂
00:29
МЯТНАЯ ФАНТА
Рет қаралды 1,9 МЛН
🤔Какой Орган самый длинный ? #shorts
00:42
One moment can change your life ✨🔄
00:32
A4
Рет қаралды 8 МЛН
ဦးသိမ်းေ၀ ခေါ် Serge Pun  (1)
14:09
Htet Aung Kyaw
Рет қаралды 23 М.
КАК ДУМАЕТЕ КТО ВЫЙГРАЕТ😂
00:29
МЯТНАЯ ФАНТА
Рет қаралды 1,9 МЛН