နိုင်ငံရေးကိစ္စတွေ မဟောဘူးလို့ ကြေညာထားတဲ့ ဆရာမအီးတီ

  Рет қаралды 256,600

7Day TV

7Day TV

7 жыл бұрын

နိုင်ငံရေးကိစ္စတွေ မဟောဘူးလို့ ကြေညာထားတဲ့ ဆရာမအီးတီ
ဇွန်- ၆၊ ၂၀၁၇။
အကြား၊ အမြင် မနောအာရုံနဲ့ အခက်အခဲတွေကို ဟောကြားဖြေရှင်းပေးသူ ဗေဒင်ဆရာမ အီးတီဟာ ကိုးနှစ်သမီးကတည်းက သူ့ရဲ့ ပြောကြားမှုတွေက ထူးထူးခြားခြားမှန်ကန်နေတဲ့အတွက် မိသားစုတွေက သတိထားမိလာကြတာပါ။
အဲဒီကနေမှ တဆင့်စကား တဆင့်ကြားပြီး ပုသိမ်မြို့လေးမှာဆိုရင် သူ့ရဲ့ဟောကြားမှု အပေါ် လူအများစုက ယုံယုံကြည်ကြည်လက်ခံလာကြတယ်လို့ ဆိုပါတယ်။
အဲဒီအချိန်တုန်းက သူဟာ နားလဲ ကြားသူတယောက်ဖြစ်ပြီး စကားလဲ ကောင်းကောင်းမွန်မွန် ပြောနိုင်တဲ့ အနေအထားလို့ သိရပါတယ်။
ဆရာမအီးတီဟာ အသက် ၁၄ နှစ်မတိုင်ခင်က လမ်းလျှောက်နိုင် စကားပြောနိုင်တဲ့ အခြေအနေကနေ အပြင်းဖျားပြီးနောက်မှာ အခြားသူရဲ့ အကူအညီနဲ့သာ သွားလာနိုင်တဲ့ အခြေအနေကို ရောက်ရှိခဲ့ပြီး နားလဲ လုံးဝမကြားတဲ့ အခြေအနေ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် သူ့အနေနဲ့ကတော့ လူတွေရဲ့ ကူညီပေးချင်တယ်လို့ ဆိုပါတယ်။သူ့ရဲ့အသက်ဟာ အခုလ ဇူလိုင် ၅ ရက်နေ့မှာ ၅၇ နှစ် ပြည့်လို့ လာပါပြီ။သူဟာ အခြားသူတဦးရဲ့ အကူအညီမပါဘဲ သွားလာ လှုပ်ရှားဖို့ ခက်ခဲတဲ့ အခြေအနေမျိုးမှာတောင် လူတွေကို ကူညီနေရရင် ပျော်နေသူ တစ်ဦးပါလို့ ဆိုပါတယ်။
ဆရာမအီးတီရဲ့ ဗေဒင်ဟောကြားမှုဟာ အခုဆို နှစ်ပေါင်း ၃၀ ကျော်လာပြီ ဖြစ်သလို ဟောကြားမှုကနေ ရရှိလာတဲ့ ငွေကြေးတွေကနေ အီးတီဖောင်ဒေးရှင်း တခု တည်ထောင်ပြီး မျက်စိ လူနာရှင် များစွာကိုလဲ အခမဲ့ ခွဲစိတ်ကုသမှုတွေ လုပ်ဆောင်ပေးနေပါတယ်။
ဆရာမအီးတီရဲ့ ဟောကြားမှုအပေါ် ယုံယုံကြည်ကြည်နဲ့ လာရောက်မေးမြန်းတဲ့သူတွေထဲမှာ ပြည်တွင်းတင် မကဘဲ နိုင်ငံခြားသားတွေကပါ စိတ်ပါဝင်စားနဲ့ လာရောက်မေးမြန်းတာတွေ ရှိနေတာပါ။
နောက်ပြီး ဆရာမအီးတီရဲ့ ထူးခြားမှု နောက်တခုဟာ ပညာရေးမှာ လေးတန်းကျောင်းသူ အဖြစ်နဲ့ပဲ နေခဲ့ရတယ်ဆိုပေမယ့် အင်္ဂလိပ်ဘာသာစကားကို ကောင်းကောင်းမွန်မွန် ရေးသားနိုင်တာကို တွေ့ရတယ်လို့ ဆိုပါတယ်။
အခုလို သူ့ကို ယုံယုံကြည်ကြည်မေးတဲ့သူတွေ များလာတာကို သူ့အနေနဲ့ ပျော်ရွင်ရပေမယ့် တခါတလေတော့ မေးတဲ့သူတွေကြောင့် သူ့မှာ စိတ်ပင်ပန်းရတာတွေ ရှိတယ်လို့ ဆိုပြန်ပါတယ်။
နောက်ပြီး ဆရာမအီးတီ ဗေဒင်ဟောတဲ့ အိမ်ထဲကို ဝင်လိုက်မယ်ဆိုရင် အဝင်ပေါက်ဝမှာတင် နိုင်ငံရေး၊ ချဲ့၊ လူပျောက် စတဲ့ ကိစ္စတွေကို မဟောဘူးလို့ အတိအလင်း အသိပေးထားတာ တွေ့ရမှာပါ။
ဆရာမအီးတီအနေနဲ့ကတော့ လူတွေကို သူနိုင်တဲ့ ဘက်က ဆုတောင်းမေတ္တာပို့တာတွေ လုပ်နေသလို လူတွေကလည်း ကိုယ်တိုင် ကုသိုလ်ယူတတ်ဖို့ လိုတယ်လို့လဲ အခုလို ပြောကြားခဲ့ပါတယ်။
ရုပ်သံ သတင်းထောက်- အလှလေး သူဇာ

Пікірлер: 33
@user-xs1ew8gm3v
@user-xs1ew8gm3v 7 ай бұрын
ခုမှတွေ့ရ ခုမှသိရ.ခုမှသာဓု.သာဓု.သာဓု.ခေါ်လိုက်ရပါတယ်.ဒေါ်ဆွေဆွေ မြင့်မြတ်သောဘုံအဆင့်ဆင့်တက်လှမ်း၍အန္တိမပန်းတိုင်သို့မလွဲမသွေဆိုက်ရောက်ပါစေ..ဒေါ်သီမိသားစု သားသမီးမြေးများတစ်စုတို့၏ကုသိုလ်ကောင်းမှုပြုသမျှအစုစု ကိုလည်းကြားသိလေတိုင်း ဝမ်းသာအားရ သာဓုခေါ် မုဒိတာပွားလျက်ပါ❤❤❤
@pannmyothu9747
@pannmyothu9747 7 жыл бұрын
အရမ်းမှန်တဲ့ဆရာမပါ။ ဆရာမ ကိုယ်စိတ်နှစ်ဖြာကျန်းမာပါစေ
@popo128
@popo128 6 жыл бұрын
ကောင်းရာဘဝ​ရောက်​ပါ​စေ......
@theinsoe1340
@theinsoe1340 6 жыл бұрын
လေးစားအသိအမှတ်​ပြုပါတယ်​ဗျ
@goballscoll8076
@goballscoll8076 6 жыл бұрын
ဆရာမကြီး ကောင်းရာမွန်.ရာရောက်ပါစေ
@uminhtetoo
@uminhtetoo 6 жыл бұрын
ဆရာမကြီး ကောင်းရာ ဘုံ ရောက်ပါစေ။🙏🏻
@AaBb-yg6ob
@AaBb-yg6ob 4 жыл бұрын
စောက်ရူး
@MinKhant-vi4gq
@MinKhant-vi4gq 6 жыл бұрын
RIP
@eimon6109
@eimon6109 4 жыл бұрын
🥰🥰🥰
@user-qb8eu6fn9c
@user-qb8eu6fn9c 3 жыл бұрын
ဒေါ်သီသီဝင်းက စည်ဖြိုးအမေလား သူနဲ့တူတယ်
@mkphone8018
@mkphone8018 6 жыл бұрын
သမီးတို့ကိုလဲဆုတောင်းပေးပါဆရာမ
@kthi1460
@kthi1460 5 жыл бұрын
ပုံစံ​လေးကချစ်​စရာ​လေး
@cfrf5638
@cfrf5638 Жыл бұрын
ဆရာမဘဝဆိုးမှဘဝတိုင်လွတ်မြောက်ပါစေ
@khaingzin3095
@khaingzin3095 6 жыл бұрын
စိတ်​မ​ကောင်းဘူး လူဘ၀ကထွက်​ခွာသွားပြီ
@naylinn3482
@naylinn3482 6 жыл бұрын
ဒါဆိုဘာကို​ဟော့လဲ
@SOESOE-dv2lz
@SOESOE-dv2lz 4 жыл бұрын
ကိုရိုနာအတွက် ဟောပေးကြည့်ပါလား ဆရာမ
@linnfood1523
@linnfood1523 4 жыл бұрын
ဘယ်မာလံ
@jamjam3016
@jamjam3016 4 жыл бұрын
​ဆွေမျိုးသားချင်းပိုက်ဆံမရှိတဲ့လူကျရင်အနား​တောင်အကပ်မခံဘူး
@JackJack-cs6rq
@JackJack-cs6rq 5 жыл бұрын
ဘာမှလုပ်မနေ နဲ့တော့ သေသွားပြီ သူများနိုင်ငံက သူဌေးတွေလာပြီး ကိုးကွယ်ပြီးသွားပြီ
@naylinn3482
@naylinn3482 6 жыл бұрын
ငါ​လေး မ​သေခင်​ နှိုင်​ငံ​ရေးအ​ကြောင်းမ​ပြော့ဘူး
@naylinn3482
@naylinn3482 6 жыл бұрын
တော်​​တော်​ ​ပေါက်​ကရ​ပြော့ကြတယ်
@yumiyumi6150
@yumiyumi6150 7 жыл бұрын
ဆရာမအီးတီရဲ့လိပ်​စာသိရင်​​ပြောပြ​ပေးပါလား
@komgko3322
@komgko3322 7 жыл бұрын
Yumi Yumi ။ ။ အခု video file ထဲ က လိပ်စာ က ၊ NO .4 ဇဝနအိမ်ယာ လို့  ရေးထား တယ် ဗျ။ သင်္ကန်းကျွန်းက ဇဝန အိမ်ယာ ဖြစ်မှာပါ။ အပန်းမကြီးဘူးဆို သွားကြည့် ကြည့် လိုက်ပါလား။
@koko-md8zu
@koko-md8zu 6 жыл бұрын
Yumi Yumi ချစ်စလေး
@ALone-ps3wb
@ALone-ps3wb 6 жыл бұрын
+ကို မောင်ကို ​သေပြီ​လေ.သူက
@nyonyoaung5002
@nyonyoaung5002 6 жыл бұрын
Yumi Yumi သေပြီလေ
@AaBb-yg6ob
@AaBb-yg6ob 4 жыл бұрын
ဘယ်သူသိမလဲ et ဘာဆိုနေမှ ဂြိုလ်သားလေ စောက်ရူးတွေဘဲယုံတ
@kelvinhex3578
@kelvinhex3578 3 жыл бұрын
ဘေးက စကားပြန်က အပိုတွေပြောပေးနေတာ လုပ်စားနေတာပါ မယုံပါ
@AaBb-yg6ob
@AaBb-yg6ob 4 жыл бұрын
ဘာတွေလိမ်နေတာလဲ, အပယ်ငရဲကိုမကြောက်ဘားလား
@winko2720
@winko2720 4 жыл бұрын
မင်းမေလိုး မှန်လို့ ထိုင်းမီဒီယာတွေမှာတောင် ဖော်ပြနေတာ မြင်လား လေ့လာမအေလိုး
@susangray4339
@susangray4339 6 жыл бұрын
ခုတော့ET လည်:ဂန့်သွားပြီ အရူ:ထသူတွေနောက်တယောက်ရှာရတော့မယ် သူ့ညီမကလည်:အာကောင်းပ၊ ဝင်ဒါမီယာမှာတိုက်ဆောက်ပေးထားတဲ့ ထိအကိုးကွယ်ဆုံး အရူ:အထဆုံးကတော့ သူခိုးမကြီ: ဒေါ်မကြိုင်ပါဘဲ
@chitthu2248
@chitthu2248 6 жыл бұрын
Susan Gray မင်းအမေဂန့်သွားတာလား ခွေးမသား 😀😀😀😀
@winoowinoo2316
@winoowinoo2316 4 жыл бұрын
အကပက
Мы никогда не были так напуганы!
00:15
Аришнев
Рет қаралды 6 МЛН
Despicable Me Fart Blaster
00:51
_vector_
Рет қаралды 11 МЛН
เรื่องจริงผ่านจอ หมอดู ET
23:57
เรื่องจริงผ่านจอ
Рет қаралды 1,4 МЛН