Рет қаралды 86,396
ရခိုင်မှာ ထေရ် ကြီးဝါကြီး ဆရာတော်ကြီးတွေ ပျံလွန်တော်မူလို့ရှိရင် ဒုံးပွဲတွေကို အကြီးကျယ်ဆုံံး အခမ်းနားဆုံးအဖြစ် ကျင်းပလေ့ရှိပါတယ်။
ဆရာတော်ရဲ့ ရုပ်ကလပ်တော်ကို မပုပ်မသိုး မပျက်စီးရအောင် စီမံပြီးတော့ သီတင်းသုံးခဲ့တဲ့ ကျောင်းမှာ ကြာကလပ် (နိမ္ဗာန်ကျောင်း) တင်တဲ့အခမ်းအနားကို ကျင်းပပြီး နှစ်နဲ့ချီထားရှိပါတယ်။
ပွင့်လင်းရာသီ ပွဲတော်နေ့ရက်ကို ရောက်လို့ရှိရင် ရုပ်ကလပ်တော်ကို ယာဉ်နဲ့တင်ပြီး မြို့ကိုပတ်လို့ အပူဇော်ခံပြီးမှ ဈာပနပွဲ ကျင်းပမယ့် နေရာကို ပင့်ဆောင် ကျင်းပကြတာ ဖြစ်ပါတယ်။
ထူးခြားတဲ့ ရခိုင့် ဓလေ့ ဘုန်းကြီးပျံ ဒုံးပွဲ တစ်ခုကို ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ ကပ်ရောဂါ မဖြစ်ခင် ပြီးခဲ့တဲ့ ဇန်နဝါရီလ က စစ်တွေမှာ ကျင်းပခဲ့တာကို ရုပ်သံမှာ ပြန်လည် ကြည့်ရှု နိုင်ပါပြီ။
ကိုယ့်ရပ် ကိုယ့်ဒေသ မတူကွဲပြားတဲ့ ဓလေ့ တွေ အကြောင်း လည်း မှတ်ချက်မှာ အများကို ဗဟုသုတ အဖြစ် ပြန်လည် မျှဝေ ပေးကြပါဦး။
ရိုက်ကူး - မြင့်လွင့်၊ တည်းဖြတ် - ဝင်းကျော်သူ
#ဘီဘီစီမြန်မာပိုင်း #ရခိုင် #စစ်တွေ #မြန်မာ #ဘုန်းကြီးပျံ #ဒုံးပွဲ #ရိုးရာ #ဓလေ့