Рет қаралды 4,435
ချဉ်စပ်ဟင်းရည်တွေ မသောက်ချင်တဲ့အခါမျိုးမှာ အခုလို ရေညှိဟင်းရည်လေးက ရိုရိုးလေးနဲ့ သောက်လို့ကောင်းပါတယ်။ ရေညှိခြောက်တွေကို စူပါမားကတ်ကြီးတွေမှာ အလွယ်တကူဝယ်ယူနိုင်ပါတယ်ခင်ဗျာ။
ပထမဆုံး ကြက်ဥ ၁ လုံးကိုခေါက်ထားပေးပါ။
ဟင်းရည်ပြုတ်ရန် အရိုးကို မိမိစိတ်ကြိုက်အရိုးကို သုံးလို့ရပါတယ်။ ပထမဆုံး အရိုးတွေကို ၃ မိနစ်လောက် ပြုတ်ပေးပါ။ ပြီးမှ ရေနဲ့ ပြန်ဆေးချပြီးရင် ဟင်းရည်ပြုတ်ဖို့ အရိုးတွေ အဆင်သင့်ဖြစ်ပါပြီ။ အခုလို တရေပြုတ်ပေးခြင်းအားဖြင့် ဟင်းရည်က ကြည်ပြီး ညှီနံ့လည်း သက်သာစေပါတယ်။
ဟင်းရည်ထဲမှာ ထည့်ဖို့ တို့ဖူး ၁ ချောင်းကို လှီးထားပါ။ အိုးထဲမှာ ရေထည့်ပြီး တရေပြုတ်ထားတဲ့ အရိုးတွေထည့်မယ်။ ဆားထည့်မယ်။ မီးအေးအေးနဲ့ ၂၅ မိနစ်လောက်ပြုတ်ထားပြီရင် နောက်ဆုံးမှာမှ ရေညှိခြောက်ရယ်။ တို့ဟူး ရယ်ထည့်မယ်။
ပြီးမှ မီးအားလျော့ပြီးရင်တော့ ခေါက်ထားတဲ့ ကြက်ဥကို ထည့်မွှေပြီးရင် သောက်ကောင်းတဲ့ ရေညှိဟင်းရည်လေးကို ရပြီဖြစ်ပါတယ်ခင်ဗျာ။
၂၀၂၀ ခုနှစ်ကုန်က ရိုက်ခဲ့တဲ့ ဗီဒီယိုလေးလည်းဖြစ်ပါတယ်။