Рет қаралды 725,858
တကယ်တော့ သူမဟာ မွေထိုင်းလောကကို ကျော်လွှားပြီး ဝမ်းချန်ပီယံရှစ်ကောင်းကင်မှာပျံဝဲချင်နေတဲ့ သိန်းငှက်တကောင်လို့ခေါ်ရမလားပါပဲ။ ခုတော့ ထိုင်းဖိုက်မှာစာချုပ်အရ ဆက်လက်ရပ်တည်ရင်းသူမရဲ့ အကောင်းဆုံးလက်ရည်တွေကို တပွဲပြီးတပွဲ သက်သေပြနေရပါသေးတယ်။ သူမနှုတ်က တဖွဖွပြောယူရတဲ့အထိ သူမ စိတ်ထက်သန်ရာ ဝမ်းချန်ပီယံရှစ်ပွဲမှာ နေရာယူနိုင်ဖို့လည်း ပရိသတ်များနှင့်အတူ MLC ကဆုမွန်ကောင်းတောင်းပါတယ်။ ခုတပွဲကတော့ တကယ်ကောင်းလွန်းလို့ပဲ မကြည့်ရသေးတဲ့ပရိသတ်တွေအတွက် ကြိုးစားတင်ဆက်လိုက်ရတာပါ။ ဗယ်ရိုနီကာရဲ့ ပြိုင်ဘက်ဖြစ်လာသူ ဆီးဂိမ်းရွှေတံဆိပ်ဆုရှင်ဟာ ဗယ်ရိုမျက်နှာကို တခွပ်ခွပ်ထိအောင်ထိုးပြီးနောက်မှာပဲ ပွဲစဉ်ရဲ့ အရှိန်ဟာအမြင့်ဆုံးကို ရောက်ရှိခဲ့တယ် ဆိုရမှာပါ။ အဲ့ဒီနောက်မှာတော့ လေ့ကျင့်မှုအပြင်းစားတွေနဲ့ မွန်းကျပ်နေသူ ဗယ်ရိုနီကာရဲ့ စိတ်ထွက်ပေါက်ဟာ ပြိုင်ဘက်အပေါ် သက်ရောက်သွားခဲ့တာပါပဲဗျာ။ ထွက်ပြေးယူရတဲ့အထိဆိုတာ ဘယ်လိုမျိုးလဲ ? အက်ဒမင်ကို သည်းခံရင်း ဗယ်ရိုကိုအားပေးချီးမြှောက်လိုက်ကြပါဦးစို့