သူဌေးဖြစ်ချင်ယောင် မဆောင်ပါနဲ့၊ တကယ် သူဌေးဖြစ်အောင်ပဲ လုပ်ပါ

  Рет қаралды 10,783

အလီဘာဘာ

အလီဘာဘာ

9 ай бұрын

သူဌေးဖြစ်ချင်ယောင် မဆောင်ပါနဲ့၊ တကယ် သူဌေးဖြစ်အောင်ပဲ လုပ်ပါ
တစ်ခါတုန်းက ရွာတစ်ရွာမှာ မောင်ဘနဲ့ မောင်မြဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ရှိတယ်။ သူငယ်ချင်းဆိုပေမယ့် သူတို့နှစ်ယောက်ရဲ့ ဘဝအခြေအနေတွေဟာ တစ်ယောက်နဲ့ တစ်ယောက် မတူကြဘူး။
မောင်ဘက ဆင်းရဲတယ်။ မောင်မြကတော့ ချမ်းသာတယ်။
မောင်မြက ချမ်းသာတော့ ရွာမှာဆိုရင် ဝတ်ကောင်းစားလှတွေ ဝတ်လိုက်၊ စားကောင်းသောက်ဖွယ်တွေ စားလိုက်နဲ့ သူဌေးလိုနေတာပေါ့။
မောင်ဘကတော့ ဆင်းရဲတော့ အစားကောင်းလည်း မစားနိုင်၊ အဝတ်ကောင်းလည်း မဝတ်နိုင်ဘဲ နေရှာတယ်။
ကြာလာတော့ မောင်ဘဟာ သူ့သူငယ်ချင်း မောင်မြရဲ့ ဘဝကို အားကျလာတယ်။ မောင်မြလို ဝတ်ချင်တယ်၊ မောင်မြလို စားချင်တယ်၊ မောင်မြလို သူဌေးပီပီ နေထိုင်ချင်တယ်။
အဲ့ဒါနဲ့ သူဟာ မြို့တက်ပြီး အလုပ်တွေ ကြိုးကြိုးစားစား လုပ်တယ်။ ပိုက်ဆံတွေ အသည်းအသန် စုတယ်။ တော်တော်လေးလည်း ရလာရော မောင်ဘဟာ ရွာကို ပြန်လာပြီး သူစုထားတဲ့ ပိုက်ဆံတွေနဲ့ အစားကောင်းတွေ စားတယ်၊ အဝတ်ကောင်းတွေ ဝယ်ဝတ်တယ်။
အဲ့လိုနဲ့ မောင်ဘဟာ သူဌေးတစ်ယောက်လို သုံးဖြုန်းနေလာရင်း သိပ်မကြာခင်မှာပဲ သူစုထားတဲ့ ပိုက်ဆံတွေဟာ တဖြည်းဖြည်းကုန်သွားပြီး အရင်လို ဆင်းရဲသားဘဝ ပြန်ရောက်သွားတော့တယ်။
ဆင်းရဲသားဘဝပြန်ရောက်သွားတော့ မောင်ဘဟာ မောင်မြကို သွားမေးတယ်။ ငါ မင်းကိုအားကျပြီး သူဌေးဖြစ်ချင်လာလို့ ပိုက်ဆံတွေစုတယ်။ ပိုက်ဆံတွေရလာတော့ ငါမင်းလိုပဲ သုံးတယ်။ ဒါပေမဲ့ ငါ ပြန်ပြီး ဆင်းရဲသွားတယ်။ မင်းကတော့ ဘာလို့ မဆင်းရဲရတာလဲဆိုပြီး မေးတယ်။
မောင်မြဟာ တစ်ခွန်းထဲ ပြန်ဖြေလိုက်ပါတယ်။
"သူဌေးဖြစ်ချင်ယောင် မဆောင်ပါနဲ့၊ တကယ် သူဌေးဖြစ်အောင်ပဲ လုပ်ပါ" တဲ့။
အဲ့တော့မှ မောင်ဘဟာ သဘောပေါက်သွားပြီး သူ့ဘဝကို အစကပြန်စဖို့ လုပ်တော့တယ်။
ဆင်းရဲတဲ့လူတွေ ဘာလို့ ဆင်းရဲနေလဲဆိုရင် ချမ်းသာတဲ့လူတွေ လုပ်သလို လိုက်လုပ်နေလို့ ဆင်းရဲနေရတာ ဖြစ်ပါတယ်။ ချမ်းသာတဲ့လူတွေ လုပ်သလိုတောင် လိုက်မလုပ်နိုင်ဘဲ ဆင်းရဲနေတဲ့လူတွေလည်း မရှိတာတော့မဟုတ်ဘူး ရှိပါတယ်။
ဒါပေမဲ့ ကိုယ်က တကယ် သူဌေးဖြစ်ချင်တယ်ဆိုရင် သူဌေးဖြစ်ချင်ယောင် မဆောင်ပါနဲ့၊ တကယ် သူဌေးဖြစ်အောင်ပဲ လုပ်ပါ။
ချမ်းသာတဲ့လူတွေ လုပ်သလို လိုက်လုပ်ချင်ရင် ကိုယ်ကအရင်ဦးဆုံး ချမ်းသာနေဖို့ လိုပါတယ်လို့ အကြံပေးချင်ပါတယ်။
ဒီနေ့မှာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ကြီးပွါးချမ်းသာချင်တယ်၊ ဒါပေမယ့် ဘယ်ကနေစရမှန်းမသိဘူးဆိုတဲ့လူငယ်တွေအတွက် မဖြစ်မနေသိထားရမယ့် တန်ဖိုးကြီးအကြောင်းအရာတွေကို ပြောပြပေးသွားမှာပါ
ကြည့်ကြရအောင်
#အ_လီ_ဘာ_ဘာ_စာ_ကြည့်_တိုက်
#အ_လီ_ဘာ_ဘာ

Пікірлер: 5
@phoenyar
@phoenyar 9 ай бұрын
😮ကောင်သောစကားများ ဗျာ
@MoeLat-nd3jk
@MoeLat-nd3jk 9 ай бұрын
အလီဘာဘာမင်ဂလာပါကျေးဇူးတင်ပါတယ်ခင်ဗျာ,.
@waisin6020
@waisin6020 9 ай бұрын
Discount ရသေးလားဗျ
@kotun4763
@kotun4763 9 ай бұрын
အလီဘာဘာရာသက်ပန် ဝင်ဖို့ ဘယ်ဖုန်းနံပါတ်ကိုဆက်သွယ်ရမှာလဲအစ်ကို🙏🙏🙏🙏🙏
@VivoY12-ml7nq
@VivoY12-ml7nq 5 ай бұрын
Hi.ပရိုမိုရှင်းရနိင်ပါသေးလါ
Пранк пошел не по плану…🥲
00:59
Саша Квашеная
Рет қаралды 6 МЛН
World’s Largest Jello Pool
01:00
Mark Rober
Рет қаралды 89 МЛН
Best Toilet Gadgets and #Hacks you must try!!💩💩
00:49
Poly Holy Yow
Рет қаралды 20 МЛН
Double Stacked Pizza @Lionfield @ChefRush
00:33
albert_cancook
Рет қаралды 101 МЛН
သူယောင်သုက်ပင်း
31:19
Aung Kyaw Thu
Рет қаралды 82 М.
Пранк пошел не по плану…🥲
00:59
Саша Квашеная
Рет қаралды 6 МЛН