No video

တောင်ကျွန်းရေတံခွန် Taung Kyun Waterfall

  Рет қаралды 30,848

Ar Kar

Ar Kar

Жыл бұрын

💦💦💦တောင်ကျွန်းရေတံခွန်💦💦💦
☘️အမြင့်ပေ ၁၀၀ ကျော်မှ စီးကျနေသောရေတံခွန်သည် အတော်ပင်လှလွန်းပေသည်။ မြင်လေသမျှစိမ်းလန်းနေခြင်းကလည်း ရောက်ရှိနေသူ၏ စိတ်ကိုကြည်လင်လန်းဆန်းစေသည်။ သို့သော်လည်းရေတံခွန်အောက် ရေသည်အလွန်နက်ရှိုင်းလွန်းသည်။ နှစ်နာရီမျှ လမ်းလျှောက်လာခဲ့ရသမျှသည် ကြီးကျယ်လှသောရေတံခွန်အလှအောက်တွင် ပင်ပန်းခဲ့သမျှ အမြန်ပင် လန်းစမ်းအမောပြေစေသည်။ ထိုရေတံခွန်သည် တောင်ကျွန်းရေတံခွန်ဟုခေါ်လေသည်။
🧭တောင်ကျွန်းရေတံခွန်သည် GPS အညွန်းကိန်းအရ Latitude 21°56'57"N နှင့် Longitude 96°19'40"E တွင်ရှိပါသည်။ မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ပုလ္လင်စာရွာအနီးတွင်တည်ရှိပြီး မန္တလေးမြို့မှ နေခြင်းပြန်သွားလို့ရသောရေတံခွန်ဖြစ်ပါသည်။
🛣️မန္တလေး-မေမြို့ကားလမ်းအတိုင်းလာ၍ အုန်းချောရွာအထွက် လမ်းဘယ်ဖက် ကုမုဒြာဆီဆိုင်းဘေးလမ်းအတိုင်း ဆည်တော်လေးရွာကိုကျော်၍ ဂိုက်တန်းရွာအထိလာရပါမည်။ ဂိုက်တန်းရွာအတွင်းလမ်းဆုံးလျှင် လမ်းဘယ်ဖက်သို့လိုက်လာရပါမည်။ ဘုန်းကြီးကျောင်းတံတိုင်းကျော်လျှင်လမ်းညာဖက်သို့လိုက်၍ပုလ္လင်စာရွာအထိလာရပါသည်။ ဂိုက်တန်းရွာအထိ ကတ္တရာလမ်းဖြစ်သော်လည်း ဂိုက်တန်းရွာကျော်လျှင်လမ်းမကောင်းတော့ပါ။ အချို့နေရာများသည် ဆိုင်ကယ်တစ်စီးစာမျှသာ လမ်းကျယ်ပြီး ချောင်းဘေးကမ်းပါးယံဘေးအတိုင်း မောင်းရသောနေရာများလည်းရှိပါသည်။ 🔺ကားနှင့်အဆင်မပြေပါ🛵 ဆိုင်ကယ်နှင့်သာသွားသင့်ပါသည်🔺 ပုလ္လင်စာရွာလမ်းပြအိမ်တွင် ဆိုင်ကယ်များထားခဲ့၍ ‌နှစ်နာရီခန်မျှလမ်းလျှောက်ရပါသည်။ လမ်းပြအိမ်တွင်ရေတံခွန်မှအပြန် စားသောက်ရန်စားစရာများ မှာထားခဲ့၍ရပါသည်။ လမ်းပြ ☎️ 09 255352883. 09 764514824 ကိုဆက်သွယ်နိုင်ပါသည်။
🧭 ပထဝီဝင်အနေအထားအရ ရေတံခွန်ရှိရာနေရာသည်ပေတစ်ထောင်ကျော်နက်သော လျှိူမြောင်ကြီးတစ်ခုအတွင်းတွင်တည်ရှိပါသည်။ လျှိူမြောင်ကြီး၏ထိပ်တွင် အနီးစခန်းဓါတ်တော်ချိုင့်ရေတံခွန်တည်ရှိပါသည်။ နှစ်ဖက်တောင်နံရံများမှ ရေတံခွန်များစွာရှိပြီး ပြင်စာ၊ အနီးစခန်းဖက်မှ တောင်ကျရေများစီးဆင်းရာ လျှိုမြောင်ကြီးတစ်ခုဖြစ်ပါသည်။ လျှိူမြောင်ကြီး၏ထိပ် ဓါတ်တော်ချိုင့်ရေတံခွန်မှ လွန်းထိုးတောင်အထိ ဆယ်မိုင်ခန့်ရှည်လျားပါသည်။ နှစ်ဖက်တောင်နရံများသည်ပေတစ်ထောင်ကျော်မြငိ့မားပါသည်။ 🔴တောင်ကျရေများကျဆင်းနိုင်သည့်အခြေအနေရှိသဖြင့် လမ်းပြအကူအညီနှင့်သာသွားသင့်ပါသည်။
🗓️ တောင်ကျွန်းရေတံခွန်သည် ဆယ်နှစ်ရာသီလုံးရေစီးဆင်းပြီး နွေအခါရေကြည်ပြီး မိုးတွင်းအခါ အနည်းငယ်နောက်ပါသည်။ တောင်ကျွန်းရေတံခွန်သို့လမ်းလျှောက်ရာတွင် အခြားရေတံခွန်များကဲ့သို့ တောင်ဆင်းတောင်တက်များမရှိပဲ စမ်းချောင်းဘေးနှင့် စမ်းချောင်းတွင်းမှ သွားရပါသည်။ ရေတံခွန်အသွားမှ အပြန်အထိ‌ေခြထောက်ရေစိုနေမည်ဖြစ်ပါသည်။ အချို့နေရာများသည်ခြေချောနိုင်သဖြင့်သတိထားသွားရပါမည်။ ရေတံခွန်ရေကျရာနေရာသည် ရေနက်သဖြင့် အသက်ကယ်အကျီ သို့မဟုတ်ရေကူးတက်မှသာ ရေကူးရေဆော့သင့်ပါသည်။ရေတံခွန်သို့ရေဆော့ချိန်အပါ အသွားပြန်၆နာရီခန့်ကြာနိုင်ပါသည်။ လမ်းခရီးတွင်ပေတစ်ရာကျော်ခန့် ကျယ်သောချောင်းတစ်ခုကိုဖြတ်ရပြီး မိုးတွင်းအခါတွင်ရေနောက်၍ ရေစီးသန်ပါသည်။ နွေအခါတွင်ရေကြည်ပါသည်။ ကျနော့သဘောအရ ရေတံခွန်ထက် လမ်းလျောက်ရတာကိုပိုနှစ်သက်မိသော ရေတံခွန်သွားခရီးတစ်ခုဖြစ်ပါသည်။
Redmi Note11Pro ဖုန်းနှင့်ရိုက်ကူးတည်ဖြတ်ထားပါသည်။
ကြည့်ရှု့ပေးသည့်အတွက် ကျေးဇူးအထူးတင်ရှိပါသည်၊ ကျနော့ channel လေးကိုလည်း subscribe လေးလုပ်ထားပေးကြပါအုံးလို့ ❣️❣️
#တောင်ကျွန်းရေတံခွန်
#TaungKyunWaterfall
#waterfall
#ပလ္လင်စာရွာ
#watertrekking
#hiking #bushcraft #myanmaradventure
#myanmaradventure #hikingadventures
#ArkarAdventureTripMyanmar
#ArkarAdv

Пікірлер: 15
@minpyaemaw5732
@minpyaemaw5732 Жыл бұрын
တကယ်မလွယ်ဘူးပဲသွားရတာ..အားပေးလျက်ပါ အကို့video တွေကို
@arkar1082
@arkar1082 Жыл бұрын
ကျေးဇူးပါ 🥰🤗
@putu6260
@putu6260 Жыл бұрын
ချောင်းမကြီးရေနောက်တာ အထက်မှာ ရွှေ ခိုးလုပ်နေကြလို့ပါ
@kokyawkokyaw7994
@kokyawkokyaw7994 Жыл бұрын
အာဝု က ချစ်စရာ
@arkar1082
@arkar1082 Жыл бұрын
ဟုတ်တယ်...တောထဲရောက်တော့ပျော်နေတာ 🐕
@oolaygyi6959
@oolaygyi6959 Жыл бұрын
ကိုတိုင်သွားနေရသလိုပါဘဲဗျာ ကောင်းတယ်
@arkar1082
@arkar1082 Жыл бұрын
ကျေးဇူးပါအကို
@toetoeaung4034
@toetoeaung4034 Жыл бұрын
ရှုခင်းတွေလှတာ ကြည့်ရင်းနဲ့မောတာ
@arkar1082
@arkar1082 Жыл бұрын
စမ်းချောင်းဘေးအတိုင်းသွားရတာခင်ဗျ၊ စမ်းချောင်းကို အခါနှစ်ဆယ်လောက်ဖြတ်ရတယ်.... မချောအောင်တော့ဂရုစိုက်သွားရပါတယ်...သစ်ပင်တွေအုပ်ဆိုင်းနေတော သိပ်တော့မမောဘူး
@anyway129
@anyway129 Жыл бұрын
All. Thanks
@arkar1082
@arkar1082 Жыл бұрын
ကျေးဇူးပါခင်ဗျ ❣️
@dawkhaingkhaing8557
@dawkhaingkhaing8557 Жыл бұрын
အရမ်းကြိုက်တဲ့ အစီအစဉ်ပါ
@arkar1082
@arkar1082 Жыл бұрын
ကျေးဇူးအထူးပါခင်ဗျာ 🤗
@user-nc6dr2mj8d
@user-nc6dr2mj8d Жыл бұрын
How to get here? no route on map
Fast and Furious: New Zealand 🚗
00:29
How Ridiculous
Рет қаралды 45 МЛН
لقد سرقت حلوى القطن بشكل خفي لأصنع مصاصة🤫😎
00:33
Cool Tool SHORTS Arabic
Рет қаралды 29 МЛН
မိုင်းလား - မန္တလေး / ခရီစဉ်
18:03
Sang Hoih Talek City
Рет қаралды 10 М.
ဆဒ္ဒန်ဂူ - ဘားအံ
18:09
Soe Thiha Naung
Рет қаралды 68 М.