“တော်လှန်‌ရေးမှာ လူငယ်တွေပါဝင်လာတာက အကြီးမားဆုံး ကွာဟမှုလို့ KNDF ရဲ့ အတွင်ရေးမှူး-၃ ခူးရီးဒူ ပြော”

  Рет қаралды 1,142

Pen47 News

Pen47 News

11 ай бұрын

“နွေဦးတော်လှန်‌ရေးမှာ လူငယ်တွေပါဝင်လာတာက အကြီးမားဆုံး ကွာဟမှုတစ်ခုလို့ KNDF ရဲ့ အတွင်ရေးမှူး-၃ ခူးရီးဒူ ပြော”
PEN 47/သြဂုတ် - ၂၇
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးမှာ လူငယ်တွေပါဝင်လာတာက အကြီးမားဆုံးကွာဟမှု တစ်ခုလို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် အတွင်ရေးမှူး-၃ ခူးရီးဒူ က ဒီကနေ့ သိန်းတစ်ထောင်ကမ်ပိန်းမှာ ပြောကြားလိုက်ပါတယ်။
“အရင်တော်လှန်ရေးနဲ့ ဒီကနေ့နွေဦးတော်လှန်ရေးကဆက်ဆက်နေတာပဲပေါ့လေ ဒါပေမဲ့ ဒီနွေဦးတော်လှန်ရေးမှာထူးခြားတာတစ်ခုကတော့ ပြည်သူလူထုရဲ့ထောက်ခံမှုက နွေဦးတော်လှန်ရေးမတိုင်ခင်မှာပြုလုပ်ခဲ့တဲ့ တော်လှန်ရေးရဲ့ ထောက်ခံမှုနဲ့ယှဥ်ရင် အများကြီးပိုပြီးတော့မှ ထောက်ခံမှုရရှိတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ နွေဦးတော်လှန်ရေးမှာတော့ လူတန်းစားပေါင်းစုံကနေပါဝင်လာကြတယ် အထူးသဖြင့် လူငယ်တွေက ဒီတော်လှန်ရေးကိုပိုပြီးတော့ပါဝင်လာကြတယ်”လို့ ခူးရီးဒူ က သိန်းတစ်ထောင်ကမ်ပိန်းမှာပြောကြား လိုက်ပါတယ်။
စစ်ကောင်စီတပ်တွေက စစ်ဗျူဟာအရ အရေးပါတဲ့ လွိုင်ကော်-ဒီးမော့ဆို- ဘော်လခဲလမ်းပိုင်းကိုထိန်းချုပ်နိုင်ရေး ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းတွေကို အရှေ့အနောက်နှစ်ဖက်ပိတ်ကာ ၂၀၂၃ခုနှစ် မတ်လမှစတင်ပြီး စစ်ကြောင်းထိုးတိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။
“မတရားမှုတွေရှိနေတာက ကျွန်တော်တို့နိုင်ငံမှာအခုထဲကမှမဟုတ်ပါဘူး။ ကျွန်တော်တို့မျက်စိရှေ့မှာ မတရားမှု တွေ တွေ့နေမြင်နေရတယ်။ တစ်ကယ်လို့များ ကျွန်တော်တို့က ဒီတော်လှန်ရေးမှာ မပါဝင်ခဲ့ဘူးဆိုရင်တော့ မတရားမှုလုပ်တဲ့သူတွေကို အားပေးထောက်ခံရာကျမယ်ပေါ့ အဲ့တွက်ကြောင့်မို့လို့ ကျွန်တော်အနေနဲ့ မတရားမှုတွေကို တွန်းလှန်ဖယ်ရှားပစ်မယ်။ တရားမျှတမှုရှိတဲ့ အသိုင်းဝိုင်းတစ်ခုတည်ဆောက်နိုင်ဖို့ပေါ့” လို့ ခူးရီးဒူ က ဆက်လက်ပြောကြားပါတယ်။
ဒါအပြင် ကရင်နီတော်လှန်ရေးက မတရားမှုတွေကိုအားပေးအားမြှောက်မပြုနိုင်ကြောင်း၊ မတရားမှုကိုဖယ်ရှားပစ်ရမှာဖြစ်ပြီး ခေတ်အဆက်ဆက်မှာ စ၊စ်အာဏာရှင်တွေကို ရရာလက်နက်နဲ့တွန်းလှန်ခဲ့တဲ့ ကရင်နီပြည် ဒီတစ်ခေါက်တော်လှန်ရေးမှာ လုံးဝအမြစ်ပြတ်ချေမှုန်းနိုင်ရမယ်လို့ အသိပေးလိုက်ပါတယ်။
ကရင်နီတပ်မတော် KA-KNDAနဲ့ PDFs ပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့လည်း စစ်‌ကောင်စီတပ်တွေကို အပြင်အထန် တိုက်ခိုက်လျက်ရှိနေဆဲဖြစ်ပါတယ်။
#pen47media
#whathappeninginmyanmar
#KNDF #ခူးရီးဒူ

Пікірлер
路飞太过分了,自己游泳。#海贼王#路飞
00:28
路飞与唐舞桐
Рет қаралды 11 МЛН
Опасность фирменной зарядки Apple
00:57
SuperCrastan
Рет қаралды 7 МЛН
မနက်ခင်းသတင်း (၂၀၂၄ ဇူလိုင် ၂၈ ရက်)
9:01
RFA လွတ်လပ်တဲ့အာရှအသံ
Рет қаралды 240 М.
Kyaw Myo Min 28.7.2024
18:53
U Par Channel
Рет қаралды 265 М.
路飞太过分了,自己游泳。#海贼王#路飞
00:28
路飞与唐舞桐
Рет қаралды 11 МЛН