ဝန်ကြီးချုပ်အတွက် နယူးဇီလန် ပြည်သူတွေပေးတဲ့ လက်ဆောင်

  Рет қаралды 2,390

7Day TV

7Day TV

3 жыл бұрын

တပတ်အတွင်းလှုပ်လှုပ်ခတ်ခတ် နိုင်ငံတကာသတင်း
အောက်တိုဘာ - ၁၈၊ ၂၀၂၀
ပုံမှန် အခြေအနေမှာတော့ နယူးဇီလန် ရွေးကောက်ပွဲဟာ တစ်ကမ္ဘာလုံးရဲ့ အာရုံစိုက်မှုကို သည်းသည်းလှုပ် ရရှိနိုင်တဲ့ ကိစ္စမျိုး မဟုတ်ပါဘူး။ အထူးသဖြင့် အမေရိကန် ရွေးကောက်ပွဲ မတိုင်ခင် နှစ်ပတ်လောက် အလိုမှာ ကျင်းပတဲ့အတွက် နယူးဇီလန် ရွေးကောက်ပွဲအပေါ် နိုင်ငံတကာရဲ့ စိတ်ဝင်စားမှု မှေးမှိန်နေမယ် ဆိုရင်လည်း အဆန်း မဟုတ်ပါဘူး။ ဒါပေမဲ့ နယူးဇီလန် ရွေးကောက်ပွဲဟာ နိုင်ငံတကာ စောင့်ကြည့် လေ့လာသူတွေကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ ဘယ်သူနိုင်မယ်၊ ဘယ်ပါတီ အောင်ပွဲခံမယ်ဆိုတာ အလွယ်တကူ ကြိုမှန်းလို့ ရနေတာတောင် နိုင်ငံတကာ မီဒီယာတွေက အလေးထား စောင့်ကြည့်ခဲ့ကြပါတယ်။ အကြောင်းရင်းကတော့ ဘောလုံးပွဲ အသုံးအနှုန်းနဲ့ ပြောရရင် ဝန်ကြီးချုပ် ဂျက်ဆင်ဒါ အားဒန်က ဒီပွဲနိုင်မှာ သေချာတယ်၊ ဒါပေမဲ့ ဂိုးပြတ်သွင်းမလား ဆိုတာကို သိချင်ကြလို့ပါပဲ။
အောက်တိုဘာ ၁၇ ရက် ရွေးကောက်ပွဲအပြီး နာရီပိုင်းအကြာ ညသန်းခေါင်ယံလောက်မှာ မဲအားလုံးနီးပါးကို ရေတွက်ထားခဲ့ပြီး ဖြစ်ပါတယ်။ တရားဝင် မထုတ်ပြန်သေးပေမယ့် ဝန်ကြီးချုပ် အားဒန် ဦးဆောင်နေတဲ့ လက်ရှိ အာဏာရ လေဘာပါတီက အနိုင်ရတယ်ဆိုတာ သေချာနေပါပြီ။ ပိုအရေးကြီးတဲ့ အချက်က လေဘာပါတီဟာ အခုနှစ် ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို ရလဒ်နဲ့ အောင်ပွဲခံခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ဒါဟာ နယူးဇီလန် နိုင်ငံရေး သမိုင်းမှာ ခမ်းနားတဲ့ မှတ်တိုင်တစ်ခု ဖြစ်လာပါတယ်။ စစ်တမ်းတွေ အရလည်း အားဒန်ရဲ့ ဦးဆောင်မှုနဲ့အတူ လေဘာပါတီဟာ နှစ်ပေါင်း ၅၀ လောက် ကာလအတောအတွင်း ပြည်သူ့ထောက်ခံနှုန်း အမြင့်ဆုံး ရွေးကောက်ပွဲ ရလဒ်မျိုး ပိုင်ဆိုင်ခဲ့ကြောင်း သိရှိလာရပါတယ်။
လေဘာပါတီဟာ နယူးဇီလန်မှာ အစဉ်အလာ ကြီးမားတဲ့ နိုင်ငံရေး အစုအဖွဲ့တစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ အားဒန် မဟုတ်တဲ့ တခြားခေါင်းဆောင် တစ်ယောက်သာ လေဘာပါတီမှာ ရှိနေမယ်ဆိုရင် ရွေးကောက်ပွဲ နိုင်ချင်နိုင်မယ်၊ သောင်ပြိုကမ်းပြို ရလဒ် ဆိုတာကိုတော့ မျှော်လင့်နိုင်မှာ မဟုတ်ပါဘူး။ ပြောရမယ်ဆိုရင် နယူးဇီလန် ပြည်သူတွေက အခုနှစ် ရွေးကောက်ပွဲမှာ ပါတီနာမည်ကို မကြည့်ဘဲ သူတို့ချစ်ခင်တဲ့ နိုင်ငံခေါင်းဆောင်ကို အဓိက မဲပေး ရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲမှာ မဲအားလုံးနီးပါး ရေတွက်ပြီးတဲ့နောက် လေဘာပါတီကို ထောက်ခံမှုက ၄၉ ရာခိုင်နှုန်းကျော် ရှိနေပါတယ်။ နယူးဇီလန်မှာ ၁၉၉၆ ခုနှစ်ကစလို့ ပါတီအားလုံးကို လွှတ်တော်ထဲမှာ နေရာပေးနိုင်စေမယ့် နိုင်ငံရေး စနစ်ကို ကျင့်သုံးနေတာကြောင့် လေဘာပါတီဟာ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ အမတ်နေရာတွေအပြင် သီးသန့် ဖယ်ထားတဲ့ အမတ်နေရာတွေကိုပါ ရရှိမှာပါ။ ဒီအခါမှာ လွှတ်တော်အမတ် နေရာ စုစုပေါင်း ၁၂၀ အနက် ၆၄ နေရာက လေဘာပါတီအတွက် ဖြစ်လာပါလိမ့်မယ်။ တစ်နည်းအားဖြင့် ညွန့်ပေါင်း အစိုးရ ဖွဲ့ဖို့ မလိုဘဲ တစ်ပါတီတည်းက အစိုးရ ဖွဲ့စည်းခွင့် ရှိသွားပါပြီ။ ဒီလို အောင်မြင်မှုမျိုးက တခြားနိုင်ငံတွေအတွက် အဆန်းမဟုတ်ပေမယ့် နယူးဇီလန်မှာတော့ သိပ်ကို ထူးခြားပါတယ်။ ၁၉၉၆ ခုနှစ်ကစလို့ နယူးဇီလန်က ဘယ်နိုင်ငံရေး ပါတီမှ သောင်ပြိုကမ်းပြို ရလဒ်နဲ့ အနိုင်မရခဲ့ဖူးပါဘူး။ ဒီအစဉ်အလာကို အားဒန်က လှလှပပ ရိုက်ချိုးပြခဲ့တာ ဖြစ်ပါတယ်။
Subscribe to our channel at bit.ly/2CVSP6d
Check out our website: www.7daydaily.com/
Connect with us at our social media handles:
Facebook: / 7dayonlinetv
Twitter: / 7day_tv

Пікірлер: 5
@laksiri9490
@laksiri9490 3 жыл бұрын
ဟော်လန်တို့ ဒိန်းမတ်တို့ ကနေဒါတို့ နော်ဝေးတို့ဆိုတဲ့နိုင်ငံတွေက အေးချမ်းတယ် ချမ်းသာတယ် စည်းကမ်းကြီးတယ် ပြည်သူတွေကလည်းအဆင့်တန်းရှိတယ် ပညာရေး ကျမ်းမာရေး အစစအရာရာပြည့်စုံနေ အေးချမ်းနေတဲ့နိုင်ငံတွေပါဗျာ ကမ်ဘာ့အရေးမှာလည်း ဝင်ရောက်စွတ်ဖက်တာမရှိဘူး ဂျားနေမူဝါဒကိုကျင့်သုံးနဲ့နိုင်ငံတွေပါ
@ayethein7007
@ayethein7007 3 жыл бұрын
အမေစု နှင့် NLD ကို လည်း နောက် ထပ် ၅ နှစ် ထပ် ဉီး ဆောင် ပေး ပါဉီး ...
@laksiri9490
@laksiri9490 3 жыл бұрын
ကပ်ရောဂါကိုင်တွယ်နိုင်တာမဟုတ်ပါဘူး ရန်ကုန်တစ်မျို့သာတောင်မရှိတဲ့ နိုင်ငံသေးသေးလေးမို့လို့ လူဦးရေကလဲနဲတယ် နိုင်ငံကလည်းချမ်းသာ လူတွေကလဲချမ်းသာ စည်းကမ်းကြီးတဲ့လူတွေဖြစ်တာကြောင့်မို့လို့ပါ ပြောမယ်ဆိုရင်ဗျာ တစ်နိုင်ငံလုံးပေါင်းလို့တောင် NlDပါတီလောက်မရှိဘူး
@equineports5163
@equineports5163 3 жыл бұрын
မဂျလာပါ
@newnew-db7ge
@newnew-db7ge 3 жыл бұрын
စုပ်ပြတ်နေတဲ့ မြန်မာအစိုးးးရ အတုယူသင့်တယ် ရှေကနွားးတွေကရွံ့ လူးးနေရင်တော နောက်ကနွားးတွေလဲရွံ့တွေ ပေတာပေါ့
ကလေး ပညာရေး - နယူးဇီလန် နိုင်ငံ
6:39
КАРМАНЧИК 2 СЕЗОН 7 СЕРИЯ ФИНАЛ
21:37
Inter Production
Рет қаралды 524 М.
Получилось у Вики?😂 #хабибка
00:14
ХАБИБ
Рет қаралды 7 МЛН
Incredible magic 🤯✨
00:53
America's Got Talent
Рет қаралды 57 МЛН
Barack Obama's Inspirational Speech with Subtitles || One of the best English speeches ever 2023
11:10
President Obama Makes Historic Speech to America's Students  -  English subtitles
16:34
S1E1 - ТОРДАЙН ГАНБОЛД :: THE MINDSET MASTERY PODCAST
1:18:09
Understand Native English Speakers with this Advanced Listening Lesson
24:45
English Speaking Success
Рет қаралды 28 МЛН
One of the Greatest Speeches Ever | Steve Jobs
10:31
Motivation Ark
Рет қаралды 34 МЛН
What's Your ENGLISH LEVEL? Take This Test!
21:31
Brian Wiles
Рет қаралды 1,3 МЛН
English Conversation 27 | Everyday English | Funny English
29:46
English Conversation
Рет қаралды 2,2 МЛН