Рет қаралды 43,412
အားလုံးပဲမင်္ဂလာပါ NaNaVlogကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင့်
ဒီနေ့မှာတော့ NaNaက Osakaမြို့ကိုပတ်ပြမှာပဲဖြစ်ပါတယ်
ဘယ်လိုပတ်ပြမလဲဆိုတော့ ၂ထပ်ကား ဘတ်စ်ကားကြီးစီးပီးတော့ ပတ်ပြမှာပဲဖြစ်ပါတယ်
ဒီဘတ်စ်ကားဟာဆိုရင်တော့ အိုဆာကာမြို့မှာ sightseeing အနေနဲ့ ပြေးဆွဲဖြစ်နေတာပဲဖြစ်ပါတယ်
သူ့နာမည်ကတော့ Osaka Sky Vista လို့ခေါ်ပါတယ်
ဘတ်စ်ကားအချိန်တွေကတော့ section အမျိုးမျိုးရှိပါတယ်
1 section ကို 1နာရီကြာပါတယ် မနက်ကနေ ညနေထိနေ့တိုင်းနီးပါးပြေးဆွဲပါတယ်
ဘတ်စ်ကားကြီးနဲ့ မြို့ပတ်ကြည့်ရတာဟာ သိပ်တော့မဆန်းလှဘူးဆိုပေမယ့် ဒီကားကြီးကတော့ ၂ထပ်ကားကြီးလဲဖြစ်သလို အပေါ်မှာ အမိုးလဲမပါဘူးဆိုတော့ ကားမောင်းလိုက်တိုင်း တိုက်လာတဲ့သဘာဝလေလေးတွေကို ခံစားရင်း မြို့ပတ်လို့ရတာကတော့ အတော်မိုက်တဲ့ ဖီလင်လေးရရှိစေခဲ့ပါတယ်
နောက်ပီး ဘတ်စ်ကားပေါ်မှာ အနောက်ဖက်အခြမ်းနားမှာထိုင်ပီး ဂျပန်လိုရှင်းပြပေးတဲ့ tour guide လဲ ပါပါသေးတယ်
(သူက လူများရင်တော့ ရှေ့မှာ မတ်တပ်ရပ်ပီး ရှင်းပြပေးတဲ့ပုံပါပဲ NaNa သွားခဲ့တုန်းကတော့ လူနဲနေတဲ့အတွက်ကြောင့် အနောက်ကနေပဲထိုင်ပီးရှင်းပြပေးတာကိုတွေ့ခဲ့ရပါတယ်)
တခုစိတ်မကောင်းစရာကတော့ သူက ဂျပန်လိုပဲရှင်းပြပေးတာဖြစ်ပါတယ်
အဲ့တော့ ကိုယ်က ဂျပန်စကားနားမလည်ဘူးဆိုရင် ဒါမှမဟုတ် ဂျပန်စကားမရဘူးဆိုရင်တော့ သူပြောပြတာတွေကို အကုန်နားလည်နိုင်မှာမဟုတ်ပါဘူး
NaNaလည်း စီးတုန်းက နားထောင်ခဲ့ပေမယ့် သူပြောပြတဲ့ တချို့နေရာနာမည်မျိုးတွေဆို သေချာနားမလည်ခဲ့ပါဘူး🤪
ဒါပေမယ့် မြို့ကားပတ်စီးရတဲ့ဖီလင်လေးကတော့အတော်လေးမိုက်ခဲ့ပါတယ်
အဲ့တော့ ဒီsky vista လို့ခေါ်တဲ့ ၂ထပ်ကားကြီးက ဘယ်လိုနေရာမျိုးတွေကိုပတ်သွားတယ်
သူသွားတဲ့ လမ်းတလျှောက်မှာ ဘာတွေမြင်ရမလဲဆိုတာသိချင်ရင်တော့
NaNa ရဲ့ ခုvideoလေးထဲမှာ အစုံပါတာမို့ အဆုံးထိကြည့်ပေးဖို့တော့လိုလိမ့်မယ်နော်
ခုထိအမြဲကြည့်ရှုအားပေးခဲ့ကြသူများအားလုံးကိုလည်း NaNaVlogကနေ ကျေးဇူးအများကြီးတင်ပါတယ်ရှင့်
ရှေ့လျှောက်လဲ တခြား စိတ်ဝင်စားစရာနေရာတွေ အစားအသောက်တွေနဲ့ ကြိုးစားပီးမိတ်ဆက်ပေးသွားဖို့ရှိတာမို့ မလွတ်တမ်းကြည့်ချင်တယ်ဆိုရင်တော့ NaNaVlog channel လေးကို subscribe လုပ်ပေးထားဖို့တော့လိုပါလိမ့်မယ်နော်🥰
အားလုံးပဲ တခုခု အကြံပေးချင်တာ သွားစေချင်တဲ့နေရာမျိုးတွေရှိတယ်ဆိုရင် ကွန်မန့်မှာ အကြံပေးပြောပြပေးခဲ့ကြပါလို့ပြောရင်းနဲ့ပဲ
See you all in the next video ပါ ရှင့်😍🥰🥰🥰