Рет қаралды 58,029
အားလုံးမင်္ဂလာပါရှင့် NaNaVlogကနေပြန်လည်ကြိုဆိုလိုက်ပါတယ်❣️
ဒီနေ့မှာတော့ NaNaအတွက်လဲဂျပန်ကိုရောက်ပီးပထမဆုံးအတွေ့အကြုံဖြစ်တဲ့ ပွဲလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ရှင့်
အဲ့ဒါလေးကတော့ မြန်မာလိုတစ္ဆေကြီးများပွဲလို့ လူသိများတဲ့ Halloween 🎃👻ပွဲလေးပဲဖြစ်ပါတယ်။
Osaka Namba ရဲ့ Dotonbori မှာနှစ်စဉ်ကျင်းပလေ့ရှိတဲ့ ပွဲလေးဖြစ်ပါတယ်။ဂျပန်တွေသာမကနိုင်ငံမျိုးစုံရဲ့ လူမျိုးစုံကိုလဲမြင်ရမှာဖြစ်ပါတယ်။ ပွဲတော်လေးကိုလာကြတဲ့ လူတွေအတော်များများကတော့ Halloween costume 👻 halloween ဝတ်စုံမျိုးစုံနဲ့ ပါဝင်ဆင်နွဲကြတာကိုလဲတွေ့ခဲ့ရပါတယ်။
NaNaလဲအစကတော့ Halloween ဝတ်စုံလေးနဲ့သွားမယ်လို့ စဉ်းစားထားပေမယ့် ရုံးပိတ်ရက်မဟုတ်တဲ့အတွက် လူမစည်ဘူးလို့ထင်ပီး ရိုးရိုးအဝတ်လေးနဲ့ပဲ သွားဖြစ်ပီး ဟိုရောက်မှ လူအများကြီးရှိတာတွေ့ပီး
အဲ့ရောက်မှNaNaလဲ Halloween နဲ့လိုက်ဖက်မယ့်ဟာလေးတွေနဲနဲပါးပါးပြင်ဆင်လိုက်ပါတယ်👻
NaNaရဲ့ပထမဦးဆုံးအတွေ့အကြုံလေးကဘယ်လိုလေးရှိလဲဆိုတာသိချင်ရင်တော့ Video လေးကိုသာအဆုံးထိကြည့်ရှု့ပေးလိုက်ပါနော်❣️
NaNaရဲ့ Videoလေးကိုသဘောကျတယ်ဆိုရင် KZfaqမှာ NaNaVlogChannel လေးကိုSubscribe လုပ်ပေးကြဖို့နဲ့ Facebook မှာlike& Follow လေးလုပ်ပေးကြဖို့ တောင်းဆိုပါတယ်ကျေးဇူးများကြီးတင်ပါတယ်ရှင့်🥰နောက်ထပ်လဲ အများကြီးချစ်ပေးကြပါအုံးရှင့်❣️