Рет қаралды 10,107
အားလုံးပဲမင်္ဂလာပါရှင့်🎄
Location📍1 .
Nakanoshima Park(大阪市役所周辺から中之島公園)
Location📍2.
大阪ステーションシティ 時空の広場】大阪市北区梅田3-1-1大阪駅構内 5階
Osaka Station City Time Square]
5th floor, Osaka Station, 3-1-1 Umeda, Kita-ku, Osaka
Location📍3.
Grand Front Osaka North Building 1F
Location📍4. (UMEDA SKY BUILDING Christmas)
NaNaVlog ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်🦥
အခုအချိန်က Christmas 🎅 အချိန်ဖြစ်တဲ့အတွက် ဂျပန်ရဲ့နေရာတိုင်းမှာတော့ မီးရောင်စုံတွေ Christmas Tree 🎄 တွေနဲ့ Christmas ကိုကြိုဆိုနေပါတယ်။
ဒီနှစ်မှာလဲ NaNaကအားလုံးကို
ဂျပန်တွေChristmasကိုဘယ်လိုဖြတ်သန်းနေတယ်ဆိုတာရယ်ဒီနှစ်ခရစ္စမတ်မှာရော ဘယ်လိုRomantic ဖြစ်တဲ့နေရာလေးတွေရှိလဲဆိုတာကို သိရအောင်လို့Vlog လေးရိုက်ကြိုးစားရိုက်ကူးပီးတော့ တင်ဆက်ပေးလိုက်ပါတယ်။
လည်ပတ်စရာနေရာတွေကတအားများလို့ Vlog လေးကို Part 1/2ဆိုပီးခွဲထားပါတယ်။
ခု ဒီvideo လေးကတော့အပိုင်း ၁ (Part 1) ဖြစ်ပါတယ်
ခရစ္စမတ်အချိန်ဆို မီးရောင်စုံတွေနဲ့အရမ်းလှတဲ့ လမ်းလေးတွေရှိပီး စျေးတန်းလေးမှာမုန့်စားကြရင်း ပန်းခြံဘက်ကိုလဲ ပတ်ကြည့်ရင်းနဲ့လဲ တမူထူးခြားတဲ့အလှမျိုးစုံကိုတွေ့ရပါမယ်
Nakanoshima Parkလို့ခေါ်တဲ့ပန်းခြံရှိတဲ့နေရာလေး နောက်ပီးတော့
Osaka City Central Public Hall 大阪市中央公会堂လို့ခေါ်တဲ့ (အိုဆာကာမြို့ ဗဟိုပြည်သူ့ခန်းမ )
မှာ ကျင်းပတဲ့ပွဲလေးတွေဖက်ပဲ ပတ်ကြည့်သွားခဲ့ပါတယ်
နောက်ဒုတိယနေရာကတော့ မနှစ်တုန်းကလည်းVlog ရိုက်ရင်းသွားထားပီးတော့ အားလုံးနဲ့လဲမစိမ်းတဲ့ Umeda(梅田)လို့ခေါ်တဲ့နေရာဖြစ်ပါတယ်။
Umedaဘက်မှာကတော့ မနှစ်ကနဲ့ လုံးဝမတူတဲ့နေရာအသစ်လေးတွေ အများကြီးရှိတဲ့အတွက် အားလုံး NaNaVlog လေးကိုကြည့်ပီးရင်တော့ သဘောကျနှစ်သက်မယ်လို့မျှော်လင့်မိပါတယ်။
ကဲ စာတွေလဲရှည်နေပီးဆိုတော့ အသေးစိတ်ကိုတော့ Video လေးကိုသာကြည့်ပီး တခုခုသဘောကျတာလေးတွေရှိရင် Commentsမှာ မန့်ခဲ့ပေးကြပါနော်😘😘😘
NaNaရဲ့ Videoလေးကိုသဘောကျတယ်ဆိုရင် KZfaqမှာ NaNaVlogChannel လေးကိုSubscribe လုပ်ပေးကြဖို့နဲ့ Facebook မှာlike& Follow လေးလုပ်ပေးကြဖို့ တောင်းဆိုပါတယ်
ကျေးဇူးများကြီးတင်ပါတယ်ရှင့်🥰
နောက်ထပ်လဲ အများကြီးချစ်ပေးကြပါအုံးရှင့်❣️