Рет қаралды 64,993
အားလုံးပဲမင်္ဂလာပါရှင့်
NaNaVlogကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင့်။
ဒီနေ့မှာတော့NaNaကOsakaNamba ကနေ Kyoto OsakaNamba ကနေNara ဆိုပီးပြေးဆွဲနေတဲ့ စိတ်ဝင်စားစရာလဲကောင်းပီး ခရီးသွားတွေကိုအရမ်းဆွဲဆောင်နေတဲ့ ရထားကိုပတ်စီးထားတဲ့Vlog လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ရှင့်❣️ရထားလေးက AONIYOSHI (あおによし)လို့ခေါ်တဲ့ရထားလေးပဲဖြစ်ပါတယ်။
ရထားလေးကအထဲကိုဝင်လိုက်တာနဲ့ စီးချင်စရာကောင်းအောင်ကိုဆွဲဆောင်နေတာပဲဖြစ်ပါတယ်။
NaNaက appointmentယူမယ်လို့တွေးပီးသွားခဲ့ပေမယ့် ရက်ချိန်းတွေပြည့်နေတာနဲ့ ဘူတာဝန်ထမ်းကဒီနေ့စီးမယ်ဆိုအဆင်ပြေတယ်လို့ပြောတာနဲ့ တခါထဲချက်ချင်းစီးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် Namba ကနေKyoto မဟုတ်ပဲ ပြောင်းပြန်အနေဖြင့် Kyoto ~Namba ဖြစ်သွားခဲ့ပါတယ်။
NaNaလက်မှတ်ဖြတ်တဲ့အချိန််မှာတော့ ထိုင်ခုံလေး၂ခုံပဲကျန်တော့တာမို့ အဲ့ကျန်တာလေးပဲရခဲ့လို့ ကိုယ်ကြိုက်တဲ့နေရာကိုတော့မထိုင်ခဲ့ရပါဘူး ဒါပေမယ့် NaNaတို့ဘေးက အဘကြီးတွေက NaNaတို့ကိုနိုင်ငံခြားသားမှန်းသိတာနဲ့ စကားတွေပြောပီး သူတို့ဘက်ကြည့်ရင်View လှလှလေးတွေမြင်ရလို့ လှတဲ့နေရာတွေရောက်ရင် လာကြည့်ဖို့ပြောတဲ့အတွက် ကံဆိုးထဲကကံကောင်းစွားနဲ့ View လှလှလေးတွေလဲကြည့်ခဲ့ရပါတယ်။
ဒီရထားလေးကတော့ အလုပ်ပိတ်ရက်တွေမှာ အပန်းဖြေရထားထွက်စီးတဲ့ပုံလေးနဲ့လူအများစီးကြတာဖြစ်ပါတယ်။ပုံမှန်ရထားထဲမှာဆို မုန့်တွေထမင်းတွေ ဘာမှစားလို့မရပေမယ့် ဒီလိုခရီးသွားပုံစံရထားထဲမှာတော့ အစားအသောက်တွေလဲစားလို့ရသလို ရထားထဲမှာလဲ အရောင်းCounter လဲရှိပါသေးတယ်။အရောင်းCounter မှာတော့ဒေသထွက်စားစရာတွေဖြစ်တဲ့ ပူတင်း(Pudding)ကွတ်ကီး ကိတ်မုန့် Alcohol နောက်ပီး လက်ဆောင်ပစ္စည်းတွေလဲရောင်းပေးနေတာဖြစ်ပါတယ်။NaNaကပူတင်းစားမလို့သွားဝယ်ခဲ့ပေမယ့် ကံမကောင်းစွာနဲ့ Sold outသွားလို့ ပူတင်းအစား Ice Cream ပဲစားခဲ့ပါတယ်❣️အဲ့တော့ပြောတာလဲများသွားပီဆိုတော့ အသေးစိတ်ကတော့ Video လေးကိုပဲကြည့်လိုက်ပါတော့နော်😍
NaNaရဲ့ Videoလေးကိုသဘောကျတယ်ဆိုရင် KZfaqမှာ NaNaVlogChannel လေးကိုSubscribe လုပ်ပေးကြဖို့နဲ့ Facebook မှာlike& Follow လေးလုပ်ပေးကြဖို့ တောင်းဆိုပါတယ်ကျေးဇူးများကြီးတင်ပါတယ်ရှင့်🥰နောက်ထပ်လဲ အများကြီးချစ်ပေးကြပါအုံးရှင့်❣️