Рет қаралды 131,157
အားလုံးပဲမင်္ဂလာပါရှင့်
NaNaVlogကနေပြန်လည်ကြိုဆိုလိုက်ပါတယ်❣️
ဒီနေ့မှာတော့ ဂျပန်အသိတစ်ယောက်နဲ့ မြန်မာစာ သွားစားထားတဲ့Vlog လေးတင်ပေးချင်ပါတယ်ရှင်❣️
မြန်မာအစားအသောက်ကို တခါမှမစားဖူးသေးတဲ့အတွက် Kobeမှာရှိတဲ့ မြန်မာဆိုင်လေးကိုခေါ်သွားဖစ်ပါတယ်။NaNaလဲတခါမှမစားဖူးသေးတဲ့ဆိုင်
အသစ်လေးဖစ်တဲ့အတွက် Osaka ကနေသွားမယ်ဆို ရထားနဲ့ 1နာရီလောက်ပဲကြာပါတယ်။
ဆိုင်လေးကတော့ Kobe Sannomiya Station 🚉 ကနေသွားမယ်ဆို လမ်းလျှောက်6 min ပဲကြာမှာဖြစ်ပါတယ်ရှင်😍
NaNaသွားဖူးတဲ့ မြန်မာဆိုင်တွေနဲ့မတူတဲ့ အပြင်အဆင်လေးနဲ့ အရသာကလဲပြောစရာမလိုအောင်ကောင်းခဲ့ပါတယ်။ NaNaမြန်မာလူမျိုးမပြောနဲ့ ဂျပန်တောင်အရမ်းတွေကြိုက်နေတာ….😍
ဂျပန်တွေဝက်သားဆို အသားပဲစားတဲ့သူတောင် ဝက်သားဒုတ်ထိုးစားပီး အရမ်းတွေအံ့အားသင့်သွားပီး အရမ်းစားကောင်းပါတယ်တဲ့🥰
ဆိုင်အပြင်လေးကလဲ ငယ်ငယ်ကဘဝလေးကို အမှတ်ရစေတယ်။ဟိုးငယ်ငယ်ကတည်းက လွယ်ခဲ့ရတဲ့အိတ်လေးတွေ စကောလေးတွေချိတ်ထားတော့ အရမ်းကိုသဘောကျခဲ့ရပါတယ်❣️
ဒီဆိုင်ကတော့ မရတဲ့Menu မရှိသလောက်ကို အစုံရှိပါတယ်။ဂျပန်တောင်မျက်လုံးပြူးသွားတယ် menu စာရွက်ကများလွန်းလို့တဲ့😂 NaNaအကြိုက်ဆုံးကတော့ အများကြီးပါ အဲ့ထဲကမှ မန်ကျည်းသီးဖျော်ရည်ကတော့ လုံးဝကို အကြိုက်ဆုံးပါ❣️ ကျောက်ကျောအမဲက ဒီဘက်မှာမတွေ့ဖူးလို့ တခါမှမစားရဘူး ၅နှစ်ကျော်မှသောက်ရတဲ့ အရသာလေးမို့ ပိုကြိုက်❣️
ကဲဆိုင်လေးက ဘယ်လိုရှိတယ်ဆိုတာတော့ အခုပဲအမြန်ဆုံး ⬇️ မှာအသေးစိတ်ကြည့်ပေးကြပါနော်🫶🏻🥰NaNaရဲ့ Videoလေးကိုသဘောကျတယ်ဆိုရင် KZfaqမှာ NaNaVlogChannel လေးကိုSubscribe လုပ်ပေးကြပါအုံး
Facebook မှာလဲ NaNaVlog page လေးကိုlike& Follow လေးလုပ်ပေးကြဖို့တောင်းဆိုပါတယ်။
/ nanavlogmyanmar
နောက်ထပ်လဲ အများကြီးချစ်ပေးကြပါအုံးရှင့်❣️
NANAVLOG IG:
nanavlogmya...