Рет қаралды 63,166
မြန်မာ့ရိုးရာမုန့်လေးတခုဖြစ်တဲ့ ကောက်ညှင်းပြန်ပေါင်းကို အလွယ်လေးလုပ်မှာဖြစ်ပါတယ်ခင်ဗျာ
ကောက်ညှင်းဆန် ဆန်ချိန်ခွက် ၃ ခွက်ကို ရေနဲ့သေချာဆေးပြီး ရေသန့်နဲ့ ၄ နာရီသို့ ညလုံးပေါက်စိမ်ထားပါ။
ပြီးရင်ရေစစ်ပြီး ပေါင်းတဲ့ အိုးထဲမှာ ငှက်ေပျာရွက် သို့ ပိတ်စိမ်းပါးခင်းပြီး ရေစစ်ထားတဲ့ ကောက်ညှင်းတွေထည့်ပြီး မီးအလယ်အလတ်နဲ့ မိနစ် ၂၀ လောက် ပေါင်းပါတယ်။
ပေါင်းလို့ရလာတဲ့ ကောက်ညှင်းတွေကို ဇလုံတခုထဲထည့်ပါမယ်။ ဆားအနည်းငယ်။ သကြား စားပွဲတင်ဇွန်း ၆ ဇွန်းလောက်ထည့်ပါတယ်။ အုန်းနို့ ကို ဆန်ချိန်ခွက် ၁ ခွက်ခွဲစာလောက်ထည့်ပါတယ်။ အားလုံးကို သမအောင် မွှေပါတယ်။ ပူနေတဲ့ ကောက်ညှင်းဆန်ထဲကို အုန်းနို့ တွေဆိမ့်ဝင်သွားပြီဆိုမှာ နောက်တခါ ပေါင်းအိုးထဲ ထည့်ပြီးပြန်ပေါင်းပါမယ်။ အကယ်၍ အုန်းသီးအရသာ ပိုကြိုက်ရင် ခြစ်ထားတဲ့ အုန်းသီးတွေပါထည့်ပြီးပေါင်းလို့ရပါတယ်။
နောက်ထပ် မိနစ် ၂၅ လောက်ပေါင်းပေးပါ။ ဒါဆိုရင် မွှေးမွှေးအိအိလေးကောက်ညှင်းပြန်ပေါင်းရပြီဖြစ်ပါတယ်။
ကောက်ညှင်းပြန်ပေါင်းနဲ့လိုက်ဖက်တာက ပုစွန်လှော်