MY Travelogue ကျိုက်ထီးရိုးသို့ ခရီးသွားခြင်း(၇)

  Рет қаралды 21,887

MY Travelogue

MY Travelogue

2 жыл бұрын

#မွန်ပြည်နယ်
#ကျိုက်ထိုမြို့
MY Travelogue ကိုကြည့်ရှုနေကြတဲ့ ပရိတ်သတ်များအားလုံးပဲမင်္ဂလာပါ...ကျိုက်ထီးရိုးသို့ခရီးသွားခြင်းရဲ့ နောက်ဆုံးအပိုင်းဖြစ်တဲ့ (အပိုင်း-၇) မှာတော့ ကျိုက်ထိုမြို့မှာရှိတဲ့ သွားလာလည်ပတ်စရာတွေအကြောင်းကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ ကျိုက်ထိုမြို့ရဲ့ ပြည်သူ့စျေးကိုသွားရောက်လေ့လာမယ်။ စျေးထဲမှာဆိုရင် လူသုံးကုန်၊ စားသုံးကုန်ပစ္စည်းမျိုးစုံကို ဝယ်ယူနိုင်မှာလည်းဖြစ်ပါတယ်။ ပြီးရင်တော့ ကျိုက်ထိုမြို့ကထွက်တဲ့ ငရုတ်ကောင်းလုပ်ငန်းကိုလေ့လာမယ်။ ကျိုက်ထိုမြို့ကို မွန်ဘာသာအရဆိုရင် ကျိုက်ဆိုတာကဘုရား ထိုဆိုတာကမြို့ အဲဒီ့တော့မြန်မာလိုဘာသာပြန်လိုက်ရင် ဘုရားမြို့လို့အဓိပ္ပါယ်ရပြီး ဘုရားတွေပေါများတဲ့မြို့လည်းဖြစ်ပါတယ်။ ကျိုက်ပေါလောမှဲ့ရှင်တော်ဘုရားကိုလည်း သွားရောက်ဖူးမြော်ပြီး မဟာမုနိသွန်းဘုရားကြီးကိုလည်းဖူးမြော်မယ်။ ဆက်လက်ပြီး သံသရာအေး မဟာဗောဓိစေတီတော်ကိုလည်း သွားရောက်ဖူးမြော်ပါဦးမယ်။ မဟာဗောဓိစေတီတော်ကြီးဟာဆိုရင်လည်း အင်မတန်ကိုကြည်ညိုသပ္ပါယ်စရာကောင်းပြီး ပရိတ်သတ်တွေအနေနဲ့လည်း ကျိုက်ထိုမြို့ကိုရောက်ရင် သွားရောက်ဖူးမြော်ကြပါလို့ အကြံပြုတိုက်တွန်းလိုက်ပါတယ်။ ပြီးရင်တော့ ကျိုက်ထိုမြို့မှာပဲရှိပြီး ဘိုက္ကားကျေးရွာမှာရှိတဲ့ ဝါးကိုအခြေခံပြီးပြုလုပ်တဲ့ လက်မှုလုပ်ငန်းအကြောင်းကိုလည်း သွားရောက်လေ့လာပါဦးမယ်။ နေ့လယ်စာကိုတော့ ထိုင်းအစားအစာနဲ့ မွန်ရိုးရာအစားအစာတွေမျိုးစုံရနိုင်တဲ့ ထွန်းမွန်ဆိုင်မှာ အရသာရှိရှိသုံးဆောင်ကြမယ်။ ကျိုက်ထိုမြို့မှာနေထိုင်ကြတဲ့သူတွေရဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းက ဥယျာဉ်ခြံစိုက်ပျိုးရေးလုပ်ငန်းဖြစ်ပြီး ကျွဲကောသီးစိုက်ပျိုးရေးလုပ်ငန်းအကြောင်းကိုလည်း သွားရောက်လေ့လာမယ်။ အာဆီယံသပြေစိုက်ပျိုးရေးလုပ်ငန်း၊ ရာဘာစိုက်ပျိုးရေးလုပ်ငန်းတွေကိုလည်းလေ့လာပြီး ယိုမျိုးစုံထိုးတဲ့လုပ်ငန်းအကြောင်းကိုလည်းလေ့လာရင်း ဒီအစီအစဉ်ကနေ နှုတ်ဆက်လိုက်ပါတယ်။ ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Пікірлер: 6
@makhinchowin1793
@makhinchowin1793 Жыл бұрын
မဂ်လာပါ
@user-lg7wz1qr7e
@user-lg7wz1qr7e 2 жыл бұрын
ကျေးဇုးတင်ပါသည်
@SanSan-hl8gj
@SanSan-hl8gj 2 жыл бұрын
အလွန်ကောင်းကြည့်ရတာသဘောကျပါ့
@winaung31
@winaung31 Жыл бұрын
ပါရမီအစုံ အစုံကြောင့် ပြည့်မျိုးမှဲ့မထင် တဲ့ အခုလိုမှဲ့ထင်နေတာတို့ဘုရားကပါရမီမပြည့်စုံလို့လား တော်တော်လွဲနေတယ် ပရိတ်သတ်တို့ရေ
@user-uv6qd9yj8f
@user-uv6qd9yj8f 2 жыл бұрын
Please show more, less talk , just subtitles would be appreciated.
Can You Draw A PERFECTLY Dotted Line?
00:55
Stokes Twins
Рет қаралды 108 МЛН
Каха и суп
00:39
К-Media
Рет қаралды 4,3 МЛН
WHO LAUGHS LAST LAUGHS BEST 😎 #comedy
00:18
HaHaWhat
Рет қаралды 19 МЛН
#ငရုတ်ကောင်းမုန့်ဟင်းခါးချက်နည်း
6:05
မြန်ကောင်းလွယ် ဟင်းချက်နည်းများ
Рет қаралды 18 М.
ကျိုက်ထီးရိုး
18:29
Sein Myint Zaw
Рет қаралды 34 М.
Can You Draw A PERFECTLY Dotted Line?
00:55
Stokes Twins
Рет қаралды 108 МЛН