No video

မြန်မာမုန့် ခရီးစဉ် (၂) - ထမနဲ

  Рет қаралды 21,584

taste window

taste window

6 ай бұрын

ဒီတစ်ပတ်မှာတော့ မြန်မာမုန့် ခရီးစဉ် (၂) ရဲ့ အစီအစဉ်လေးမှာ အလှည့်ကျလာတဲ့ မြန်မာမုန့်လေးကတော့ တပို့တွဲလရဲ့ ရာသီစာ သရေစာဖြစ်တဲ့ “ထမနဲ” လုပ်နည်းလေးပဲ ဖြစ်ပါတယ်။ ထမနဲ လို့ ဆိုလိုက်တာနဲ့ လူတွေဝိုင်းဖွဲ့ပြီး ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံးနဲ့ အားသွန်ခွန်စိုက် ထိုးနေကြတာကို မြင်ယောင်မိမှာပါ။ ဒီတပို့တွဲလမှာ ထမနဲကို ပြိုင်ပွဲအနေနဲ့ ပျော်ပွဲရွှင်ပွဲသဖွယ်ပြုလုပ်ကြတာကိုလည်း တွေ့ရသလို အလှူဒါန ကုသိုလ်ပြု လှူဒါန်းကြတာလည်း တွေ့ရပါတယ်။ ဒီသရေစာလေးကို လူကြိုက်လည်း များကြပါတယ်။ ဒါကြောင့် ကောက်ညှင်းဆန်ကောင်းကောင်း၊ ချင်းနံ့မွှေးမွှေးလေးနဲ့ စားရတာ အလွန်ကောင်းတဲ့ ထမနဲ လုပ်နည်းလေးကို သွားရောက်လေ့လာခဲ့ပုံများနဲ့ အိမ်မှာ ကိုယ်တိုင် လုပ်စားကြည့်ချင်တယ်ဆိုတဲ့ ပရိသတ်ကြီးအတွက်လည်း မတင်တင်ဦးက ပြန်လည်ပြီး အလွယ်တကူလုပ်စားနိုင်အောင် လုပ်ပြပေးထားပါတယ်။ ကဲ ကြည့်လိုက်ကြရအောင်နော်။
ထမနဲ
ပါဝင်ပစ္စည်းများ
ကောက်ညှင်းဆန် - ၁ ကီလိုဂရမ်(ရေဆေးသန့်စင်ထားပါ)
အုန်းသီးဖတ်ကြော် - ၅၀၀ ဂရမ်
မြေပဲဆံလှော် - ၃၂၀ ဂရမ် (မညက်တညက်ကြိတ်ထားပါ)
ဆီ - ၅၀၀ မီလီလီတာ
ဆား - လက်ဖက်ရည်ဇွန်း ၁ ၁/၂ ဇွန်း
နှမ်းအဖြူ - ၁၆၀ ဂရမ်
ချင်း - ၂၅၀ ဂရမ်
ရေ - ၁ လီတာ
ရေ - ၂၀၀ မီလီလီတာ
နှမ်းအမည်း - ၅၀ ဂရမ်
ပြုလုပ်နည်း
ဦးစွာ ဒယ်အိုးထဲ ဆီ ၃၀၀ မီလီလီတာ ထည့်ပါ။ ဆီပူလာရင် အုန်းသီးဖတ်ကြော်လေးတွေကို အရောင်ရအောင် အနည်းငယ် ပြန်ကြော်ပြီး ဆီစစ်ထားပါ။
ပြီးလျှင် ဒယ်အိုးထဲ နှမ်းအဖြူကို ထည့်ပြီးလှော်ပါ။ ကြိတ်ထားတဲ့ မြေပဲလှော်များထည့်ပါ။ ဆီ ၁၀၀ မီလီလီတာ ထည့်မွှေပါ။ ပြီးလျှင် နှမ်းနဲ့ မြေပဲများ ဆီနဲ့လုံးသွားလျှင် ပန်းကန်လုံးတစ်လုံးထဲ ထည့်ထားပါ။
ထမနဲထိုးရန် ဒယ်အိုးထဲ ဆီ ၁၀၀ မီလီလီတာ ထည့်ပြီး အပူပေးပါ။ ဆီပူလာရင် ချင်း ၁၅၀ ဂရမ်ကိုထည့်မွှေပါ။ ချင်းနံ့လေးမွှေးပြီး အရောင်ရလာလျှင် ရေ ၁ လီတာကိုထည့်ပြီး ဆူအောင်တည်ပါ။ ရေဆူလာရင် ကောက်ညှင်းဆန်ထည့်ပါ။ အနည်းငယ် မွှေပါ။ ပြီးလျှင် ရေ ၂၀၀ မီလီလီတာ ထပ်ထည့်ပြီး မွှေပါ။ ပြီးလျှင် အဖုံးအုပ်ပြီး ၃၀ မိနစ်ခန့် နှပ်ထားပါ။ ကောက်ညှင်းဆန် ကျက်လာသည်အထိ ရေအနည်းငယ်ထည့်ပြီးမွှေပါ။ ပြီးလျှင် ကျန်တဲ့ ချင်း ၁၀၀ ဂရမ်နဲ့ ဆီ ၁၀၀ မီလီလီတာ ကိုထည့်ပြီး အဖုံးပြန်အုပ်ထားပါ။ အနည်းငယ်ကြာပြီးလျှင် ဆားထည့်ပါ။ နှမ်းအမည်းထည့်ပါ။ ပြီးလျှင် ယောက်မဖြင့် ထိုးမွှေပါ။ ကောက်ညှင်းဆန်များကျက်ပြီး လုံးထွေးလာသည်အထိ အဆက်မပြတ်ထိုးမွှေပေးပါ။ ရပြီဆိုလျှင် ဆီသုတ်ထားတဲ့ ဗန်းထဲ ထည့်ပြီး အအေးခံထားပါ။ အေးသွားပြီဆိုလျှင် ကိုယ့်လိုချင်တဲ့ ပုံစံညှပ်ပြီး အုန်းသီးဖတ်ကြော်၊ နှမ်းမြေပဲလှော်တို့နဲ့ တွဲဖက်သုံးဆောင်နိုင်ပါပြီ။
#Taste_Window_Food_Magazine
#Half_Potato_Food_Television
#MAMA
#InstantNoodles
#TinTinOo
#ထမနဲ
#မြန်မာမုန့်ခရီးစဉ်(၂)
#မုန့်လုပ်နည်းများ

Пікірлер: 19
@sandaraung6814
@sandaraung6814 6 ай бұрын
မော်လမြိုင်နည်းကဂျင်းချောင်းလေးလှီးကြော်ကြက်သွန်ဖြူထက်ခြမ်းခွဲကြော်အုန်းသီးလူကြီးတွေစားနိုင်အောင်ဆိုခြစ်ပြီးကြော်ကောက်ညှင်းကိုဆီသတ်နပ်ရင်ခြေပြီးကြော်ထားတာတွေထည့်နှမ်းနက်ထည့်ဆားနည်းနည်နဲ့ခြောက်နေအောင်ထိုးပါတယ်
@tastewindow
@tastewindow 6 ай бұрын
ကျေးဇူးတင်ပါတယ်။❤️
@user-ln6yu8rz3z
@user-ln6yu8rz3z 5 ай бұрын
Good smart host and good food maker.
@user-oe2fx7sb4h
@user-oe2fx7sb4h 4 ай бұрын
တဒယ်အိုးကိုဘယ်လောက်ထဲ့ရလဲအချိုးကြပြောပေးပါ
@dawthenthanksthenwin1947
@dawthenthanksthenwin1947 6 ай бұрын
🎉🎉🎉❤❤❤
@Ella35759
@Ella35759 5 ай бұрын
🎉
@dawmarkyi3157
@dawmarkyi3157 6 ай бұрын
တို့ခင်ဦးအ၊ေရှခြမ်းကနှမ်းဆီနဲ့မှကြိုက်တယ်။
@dawmarkyi3157
@dawmarkyi3157 5 ай бұрын
ေကာက်ညှင်း၃ပြည်မှဂျင်းကအစိပ်သားေနမှာပါေအ။မြင်ရတာနဲ့အ၊ေပြာနဲ့မကိုက်၊ေပါင်၊ေအ။
@user-px6fz3qx8w
@user-px6fz3qx8w 5 ай бұрын
မြစ်ကြီးနားရောက်အောင်ရောင်းပေးပါ။
@veoml.3878
@veoml.3878 5 ай бұрын
မွန်ပြည်နယ်ဘက်က ထမနဲပိုကြိုက်တယ် စားဘူးတယ် တကယ်စားလို့ကောင်းနေရော ကောက်ညှင်းဆန် 4ပြည် ဆီ တပိသာ နှုန်းနဲ့ နှမ်းမဲ.မြေပဲ ငရုတ်ကောင်းလှော် အုန်းသီးစိပ် ပါးပါးလှီးထည့်တယ် ဂျင်းချောင်းလေးတွေ သေချာလေး စည်းစနစ်ကျကျ အချိုးကျ မိုးဗြဲဒယ်အိုးထဲ တမျိုးစီး စနစ်တကျ ထိုးမွှေကြတယ်သိပ် ကောင်တယ်
@user-ju3hq6fc3v
@user-ju3hq6fc3v 6 ай бұрын
ထန်းသီးမုန့်လုပ်နည်းလေးလဲ တင်ပေးပါဦးနော့်...........🎉👍
@tastewindow
@tastewindow 5 ай бұрын
kzfaq.info/get/bejne/bdego7epmZ2qc3k.html ထန်းသီးမုန့်
@user-zx1ss2fg1m
@user-zx1ss2fg1m 5 ай бұрын
ကောင်းမဲ့ပုံမပေါ်ဘူး
@wahwahmyint3889
@wahwahmyint3889 6 ай бұрын
ဂျင်းတွေများလိုက်တာ ခါးမှာပေါ့ ကိုတွေထိုးတာနဲ့မတူဘူး
@user-nm5ic5tp6l
@user-nm5ic5tp6l 5 ай бұрын
တော်တော်စားကောင်းမယ်။နှမ်း၊မြေပဲ၊အုန်းသီးတွေရောမထိုးဘဲနဲ့။ဘယ်လိုကောင်းနိုင်မလည်းဟယ်။😅😅😅😅
@agphyozin7016
@agphyozin7016 5 ай бұрын
မစားဖူးပဲလေကန်နေပီ သန်လျင်ကျိုက်ခေါက်ဘုရားပွဲဆို ကားလေးထမနဲ ပီးတော့ ဝတုတ်ထမနဲ မနည်းတိုးဝယ်ရတယ် ခင်ဗျားပြောသလို မြေပဲ နှမ်း အုန်းသီးကြော် တခါထဲရောတာကြီးက ပျော့ဖတ်ပီးစားမကောင်းဘူး မြေပဲနဲ့အုန်းကြော် ကြွပ်နေမှစားကောင်းတာ
@user-nm5ic5tp6l
@user-nm5ic5tp6l 5 ай бұрын
တော်တော်စားကောင်းမယ်။နှမ်း၊မြေပဲ၊အုန်းသီးတွေရောမထိုးဘဲနဲ့။ဘယ်လိုကောင်းနိုင်မလည်းဟယ်။😅😅😅😅
@user-nm5ic5tp6l
@user-nm5ic5tp6l 5 ай бұрын
တော်တော်စားကောင်းမယ်။နှမ်း၊မြေပဲ၊အုန်းသီးတွေရောမထိုးဘဲနဲ့။ဘယ်လိုကောင်းနိုင်မလည်းဟယ်။😅😅😅😅
@user-nm5ic5tp6l
@user-nm5ic5tp6l 5 ай бұрын
တော်တော်စားကောင်းမယ်။နှမ်း၊မြေပဲ၊အုန်းသီးတွေရောမထိုးဘဲနဲ့။ဘယ်လိုကောင်းနိုင်မလည်းဟယ်။😅😅😅😅
小蚂蚁被感动了!火影忍者 #佐助 #家庭
00:54
火影忍者一家
Рет қаралды 46 МЛН
Как бесплатно замутить iphone 15 pro max
00:59
ЖЕЛЕЗНЫЙ КОРОЛЬ
Рет қаралды 8 МЛН
ထမနဲ လုပ်နည်း
7:37
PHYO- ဖြိုး
Рет қаралды 103 М.
Khit Thit Media သတင်းဌာန (9/8/2024)
8:14
Khit Thit Media
Рет қаралды 31 М.
小蚂蚁被感动了!火影忍者 #佐助 #家庭
00:54
火影忍者一家
Рет қаралды 46 МЛН