မြန်မာမုန့် ခရီးစဉ် (၂) - မုန့်စိမ်းပေါင်း

  Рет қаралды 27,585

taste window

taste window

5 ай бұрын

မြန်မာမုန့်များကို ကြိုက်နှစ်သက်ကြတဲ့ အာလူးတစ်ခြမ်းပရိသတ်များအတွက် အခုတစ်ခေါက်မြန်မာမုန့် ခရီးစဉ်ရဲ့ အစီစဉ်လေးမှာတော့ ကျောက်တန်းမြို့ ၊ ပါဒကြီးကျေးရွာမှာရှိတဲ့ ဒေါ်မြင့်မြင့်မော်စီမှာ မုန့်စိမ်းပေါင်းလုပ်နည်းကို သွားရောက်လေ့လာခဲ့ပြီး ပရိသတ်ကြီးအတွက် အိမ်မှာအလွယ်တကူပြုလုပ်နိုင်မယ့် လုပ်နည်းလေးကိုပါ ပြန်လည်တင်ဆက်ပြသပေးထားပါတယ်။
မုန့်စိမ်းပေါင်း
ပါဝင်ပစ္စည်းများ
ဆန် - နို့ဆီဘူး ၃ ဘူး (၈၀၀ ဂရမ်) (ရေဆေးသန့်စင်ပြီး တစ်ညရေစိမ်ထားပါ)
ထန်းလျက်ရည် - ၃၀၀ မီလီလီတာ
ရေ - ၁၅၀ မီလီလီတာ
အုန်းနို့ - ၁၆၅ မီလီလီတာ
ဆား - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
တွဲဖက်စားရန်
အုန်းသီးဖတ် - ခြစ်ပြီးသား
နှမ်းထောင်း - ၂၀၀ ဂရမ် (လှော်ပြီးထောင်းထားပါ)
ပြုလုပ်နည်း
တစ်ညရေစိမ်ထားတဲ့ ခြောက်အောင် ဆန်ခါဖြင့် ရေစစ်ထားပါ။ ရေများခြောက်သွားပြီဆိုလျှင် ကြိတ်စက်ဖြင့် ညက်အောင် ကြိတ်ပါ။ ကြိတ်ထားတဲ့ ဆန်မှုန့်များကို ပိတ်စိမ်းပါးခံပြီး ပေါင်းအိုးဖြင့် ၂၀ မိနစ်ခန့် ပေါင်းပါ။ ပြီးလျှင် ပေါင်းထားတဲ့ ဆန်မှုန့်ကို အအေးခံထားပါ။ အေးသွားပြီဆိုလျှင် အအေးခံထားတဲ့ ဆန်မှုန့်ကို ဗန်းတစ်ခုထဲ ဆန်ခါဖြင့် တိုက်ချပါ။ ဆန်ခါတိုက်ထားတဲ့ ဆန်မှုန့်များကို တစ်ဝက်စီခွဲထားပါ။ တစ်ဝက်ကို ဆားထည့်ပါ။ ပြီးလျှင် ထန်းလျက်ရည်ကို အနည်းငယ်စီထည့်ပြီး နယ်ပါ။ ရေ ၁၀၀ မီလီလီတာ ကို အနည်းငယ်စီထည့်နယ်ပါ။ ထန်းလျက်ရည် အနည်းငယ် ထပ်နယ်ပါ။ မုန့်မှာ နှံ့သွားသည်အထိ နယ်ပါ။ ပြီးလျှင် ကျန်တစ်ဝက်ကို ဆား၊ အုန်းနို့၊ ရေ ၅၀ မီလီလီတာကို ထည့်ပြီး နယ်ပါ။ ပြီးလျှင် ပေါင်းအိုးထဲ ရေအနည်းငယ်ထည့်ပြီး ဆူအောင်တည်ပါ။ ပြီးလျှင် မုန့်ပေါင်းခံခွက်ထဲ ထန်းလျက်ရည်နဲ့နယ်ထားတဲ့ မုန့်သားကို အနည်းငယ်ထည့်ပြီး(မျက်နှာပြင်ညှိပါ) အရင်ပေါင်းပေးပါ။ ရေငွေ့များထွက်လာပြီဆိုလျှင် နောက်ထပ် အုန်းနို့နဲ့ နယ်ထားတဲ့ မုန့်သားကို ထည့်ပါ။ မုန့်သားအနည်းငယ် ရလာပြီဆိုလျှင် နောက်ထပ် ထန်းလျက်ရည်နဲ့နယ်ထားတဲ့ မုန့်သားကို ထပ်ထည့်ပါ။ တစ်လွှာချင်းစီထည့်ပြီးလျှင် ၂၅ မိနစ်ခန့် ပေါင်းထားပါ။ ရပြီဆိုလျှင် အအေးခံထားပါ။ အေးသွားပြီဆိုလျှင် စိတ်ကြိုက်လှီးဖြတ်ပြီး အုန်းသီးဖတ်၊ နှမ်းထောင်းတို့နဲ့ တွဲဖက်သုံးဆောင်နိုင်ပါပြီ။
#Taste_Window_Food_Magazine
#Half_Potato_Food_Television
#MAMA
#InstantNoodles
#UltraCleaningProducts
#TinTinOo
#မုန့်စိမ်းပေါင်း
#မြန်မာမုန့်ခရီးစဉ်(၂)
#မုန့်လုပ်နည်းများ

Пікірлер: 30
@oppooopo8571
@oppooopo8571 Ай бұрын
ကျေးဇူးတင်ပါတယ်မမ
@marmar-ol7un
@marmar-ol7un 4 ай бұрын
ကျေးဇူးတင်လိုက်တာ
@thidalwin8987
@thidalwin8987 5 ай бұрын
❤ ကျေးဇူးတင်ပါတယ်ကွယ်။
@ThinThin-io9nd
@ThinThin-io9nd 12 күн бұрын
အရမ်းကြိုက်တာညီမလေးရေစားချင်နေတာ❤❤❤
@Thida-ws8qi
@Thida-ws8qi 3 ай бұрын
Thanks
@theinngwe4728
@theinngwe4728 5 ай бұрын
ကျေးဇူးပါ
@user-ln6yu8rz3z
@user-ln6yu8rz3z 4 ай бұрын
Good smart host and good food maker.
@khinwinthet3299
@khinwinthet3299 5 ай бұрын
Thank you my favorite food.
@user-ju3hq6fc3v
@user-ju3hq6fc3v 5 ай бұрын
အားပေးနေတယ်နော့်....👍🎉
@cingvung8256
@cingvung8256 5 ай бұрын
Thank you
@myashwe1783
@myashwe1783 5 ай бұрын
ကျေးဇူးအများကြီးတင်ပါတယ်(မတင်တင်ဝ င်းရှင့်)
@tastewindow
@tastewindow 5 ай бұрын
မတင်တင်ဦး
@NyeinNyein-dp9yq
@NyeinNyein-dp9yq 5 ай бұрын
❤️❤️❤️❤️❤️❤️
@ThanSoe-yc3ue
@ThanSoe-yc3ue 3 ай бұрын
❤😊
@dawthenthanksthenwin1947
@dawthenthanksthenwin1947 5 ай бұрын
🎉🎉🎉❤❤❤
@user-im3yn9qz6h
@user-im3yn9qz6h 5 ай бұрын
လင်းဇာနည်ဇော်လားလို့
@khinloon27513
@khinloon27513 2 ай бұрын
ဘောင်းဆုံကဘာလဲမသိလို့😅
@user-xp1ng9rh3b
@user-xp1ng9rh3b 4 ай бұрын
ပေါင်းချောင်အခံကကျဲနေလို့အမှုန်တွေမကျဘူးလား
@user-ju3hq6fc3v
@user-ju3hq6fc3v 5 ай бұрын
ထန်းသီးမုန့် လုပ်နည်းလေးလည်း တင်ပေးပါနော့်..........🎉👍👍👍။
@tastewindow
@tastewindow 5 ай бұрын
kzfaq.info/get/bejne/nrCTjLOrmN6vkX0.html
@user-rf2mq2kf8p
@user-rf2mq2kf8p Ай бұрын
ဆန်မုန့်ကစက်နဲ့ကြိုက်လို့ရလား
@dawthenthanksthenwin1947
@dawthenthanksthenwin1947 4 ай бұрын
❤😂❤❤❤❤❤❤❤
@user-vn7xs9oc9g
@user-vn7xs9oc9g 5 ай бұрын
❤❤❤❤❤❤❤❤❤❤❤❤
@tastewindow
@tastewindow 5 ай бұрын
❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️
@hninyuhlaing752
@hninyuhlaing752 5 ай бұрын
ဆန်က ကောက်ညှင်းဆန်လားရှင့်
@NantBaby
@NantBaby 5 ай бұрын
ပေါ်ဆန်းဆန်ဆိုပိုမွှေးပါတယ် ဆန်အနုနဲ့လုပ်ရပါတယ် ဆန်ကြမ်းမရပါ ဆရာဝင်လုပ်တာ😅😅😊
@tastewindow
@tastewindow 5 ай бұрын
ကျေးဇူးတင်ပါတယ်။
@mkwin8401
@mkwin8401 Ай бұрын
When you did your version, how long did you steam for the each layer?
@kyawgyi9433
@kyawgyi9433 4 ай бұрын
ဆန်လားကောက်ညှင်းလားမသိလိုပါရှင့်
@htunfamily3931
@htunfamily3931 4 ай бұрын
ဆန်လေ ကောက်ညှင်းနဲ့လုပ်မရဘူး
ကောက်လှိုင်းတီမုန့်
12:50
taste window
Рет қаралды 28 М.
🤔Какой Орган самый длинный ? #shorts
00:42
Does size matter? BEACH EDITION
00:32
Mini Katana
Рет қаралды 11 МЛН
Became invisible for one day!  #funny #wednesday #memes
00:25
Watch Me
Рет қаралды 55 МЛН
မုန့်ဗိုင်းတောင့်
3:14
taste window
Рет қаралды 20 М.
#ငရုတ်ကောင်းမုန့်ဟင်းခါးချက်နည်း
6:05
မြန်ကောင်းလွယ် ဟင်းချက်နည်းများ
Рет қаралды 18 М.
🤔Какой Орган самый длинный ? #shorts
00:42