Рет қаралды 76,556
အားလုံးဘဲ မင်္ဂလာပါရှင့်
NaNaဒီနေ့မှာတော့ အားလုံးကိုOsaka မြို့မှာရှိတဲ့ စိတ်ဝင်စားစရာအကြော်ဆိုင်လေးတခုနဲ့မိတ်ဆက်ပေးချင်ပါတယ်
အဲ့ဒါကတော့ (Kushikatsu) (串カツ)လို့ခေါ်တဲ့စားစရာဆိုင်လေးပဲဖြစ်ပါတယ်။
Osaka မှာKushikatsu အကြော်ကိုရောင်းတဲ့ဆိုင်တွေများကြီးရှိတဲ့ထဲကမှ NaNa ဒီတခေါက် ဒီဆိုင်လေးကို ရွေးဖြစ်တာကတော့ ဆိုင်အ၀မှာ ပိုင်ရှင်ရဲ့မျက်နှာနဲ့ဆင်တူအရုပ်ပုံကိုထားထားလို့ စိတ်ဝင်စားစရာကောင်းလို့ အားလုံးကို မိတ်ဆက်ပေးချင်လို့ ရွေးပီးသွားစားဖြစ်လိုက်တာဖြစ်ပါတယ်
အိုဆာကာမှာဆို သူ့ရဲ့ဆိုင်ခွဲတွေ အတော်များများရှိပီး ဆိုင်ခွဲတိုင်းရဲ့ အဝင်ပေါက်၀မှာ ဆိုင်ပိုင်ရှင်ရဲ့မျက်နှာနဲ့တူတဲ့အရုပ်ကို ထားထားတာကတော့ ဒီဆိုင်လေးရဲ့ စိတ်ဝင်စားစရာအချက်လို့ဆိုရမှာပါ။
Foreigner တွေလဲ အဲ့အချက်နဲ့ပဲ စိတ်ဝင်စားကြပီး လာစားကြတာများပါတယ်။
ဆိုင်ထဲမှာ ရတဲ့အစားအစာတွေကတော့ ခုရှိခကျွတ်လို့ ဂျပန်လိုခေါ်တဲ့ အကြော်တွေပဲဖြစ်ပါတယ်။
ဒီအကြော်လေးတွေက အထူးသဖြင့် ဆောင်းတွင်း အရမ်းချမ်းနေတဲ့အချိန်လေးမှာစားရတာက ပိုအရသာရှိပါတယ်။ NaNaတို့မြန်မာပါးစပ်နဲ့လည်း အတော်လေးအဆင်ပြေတဲ့အရသာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဂျပန်မှာလည်းရောက်နေတယ် အိုဆာကာဖက်လဲလာဖြစ်တယ် အိုဆာကာမှာနေနေတယ် မစားဖူးသေးဘူးဆိုရင်တော့ တခါလောက်ဖြစ်ဖြစ် သွားစားကြည့်ကြဖို့NaNa ကတော့ အကြံပေးလိုက်ပါတယ် 😍
အသေးစိတ်ဘယ်လိုပုံစံလေးရှိလဲဆိုတာ သိချင်ရင်တော့ NaNaVlogရဲ့ ခုတင်ထားတဲ့ ဗီဒီယိုလေးကို အဆုံးထိကြည့်ရှုပေးကြပါ
နောက်ထပ်လည်း ကြိုးစားပီးတော့ ဂျပန်နဲ့ပတ်သတ်တဲ့အကြောင်းအရာတွေ ဗဟုသုတဖြစ်စေမယ့် အရာလေးတွေကို Sharing လုပ်ပေးသွားမှာဖြစ်လို့ KZfaq မှာဆိုရင်လဲ NaNaVlog လေးကို Subscribe လုပ်ပေးကြဖို့တောင်းဆိုပါတယ်
Facebook မှာဆိုရင်လဲ Like &Follow လေးလုပ်ပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်ရှင့်
အားလုံးအတွက် နဲနဲလေးဘဲဖြစ်ဖြစ်အထောက်အကူရတယ် ဗဟုသုတရစေမယ်ဆိုရင် ကျေနပ်ပါတယ်ရှင့်😍
最後まで見てくれてありがとうございました♪❤️