Рет қаралды 132,000
အားလုံးပဲမင်္ဂလာပါရှင့်
NaNaVlogကနေပြန်လည်ကြိုဆိုလိုက်ပါတယ်😍
ဒီနေ့မှာတော့ Osaka မြို့လည်ကောင်မှာရှိတဲ့ ပင်လယ်စာတွေ အစုံရတဲ့ စျေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။
အဲ့နေရာလေးကတော့ Kuromon Ichiba market လို့ခေါ်တဲ့နေရာလေးပဲဖြစ်ပါတယ်။
သူက အိုဆာကာမြို့ရဲ့ လူအစည်ကားဆုံး Namba လို့ခေါ်တဲ့နေရာကနေ သွားမယ်ဆို လမ်းလျှောက် 8minutes လောက်ပဲကြာပါတယ်။
NaNaသွားတဲ့နေ့ကတော့ ဂျပန်လူမျိုးတွေ လဲရှိပေမယ့် Foreignerတွေကပိုများခဲ့ပါတယ်။
NaNaသွားတဲ့နေ့ကတော့ နဲနဲလေးနောက်ကျသွားလို့ ဆိုင်တွေသိပ်မစုံတော့ဘူးဖြစ်ခဲ့ရပေမယ့် ပင်လယ်စာတွေတော့လတ်လတ်ဆတ်ဆတ်စားခဲ့ရပါတယ်။
NaNaကတော့ အကင်ပုံစံမျိုးစားလို့ရတာကတော့အကြိုက်ဆုံးပါပဲ🥰။
နောက်ပီးတော့ အစိမ်းစားရတဲ့ (Oyster)ကမာကောင်ကိုလဲ NaNaစမ်းပီးစားဖြစ်ခဲ့ပါတယ်။
အရသာကတော့ တော်တော်လေးကိုကောင်းပါတယ်
ဒါပေမယ့် NaNaကအစိမ်းစားလေ့မရှိတော့ သိပ်ကြီးမစားရဲခဲ့ပါဘူး။
အဲ့မှာ NaNaဘာတွေစားခဲ့တယ် နောက်ပီး Kuromon Ichiba Market မှာဘာတွေရှိတယ်ဆိုတာ အသေးစိတ်သိချင်ရင်တော့ Vlog လေးကိုသာဝင်ကြည့်လိုက်ပါတော့နော်
အမြဲတမ်း ကြည့်ရှုအားပေးကြတဲ့ သူအားလုံးကိုလည်း ကျေးဇူးများကြီးတင်ပါတယ်ရှင့်❤️
အသစ်အသစ်သော ကြည့်ရှုပေးကြတဲ့သူများကိုလည်း အများကြီး ကြိုဆိုပါတယ်
NaNaရဲ့ Videoလေးကိုသဘောကျတယ်ဆိုရင် Subscribe လုပ်ပေးကြဖို့တောင်းဆိုပါတယ်
တခုခု အကြံပေးချင်တာ ထင်မြင်ချက်ပေးချင်တာရှိတယ်ဆိုရင်လည်း ကွန်မန့်မှာ ဝင်ရောက်ပြောပြပေးခဲ့ကြပါရှင့်
နောက်ထပ်လည်း တခြားသော စိတ်ဝင်စားစရာနေရာတွေ ကြိုးစားတင်ဆက်ပေးသွားပါမယ်
အားလုံးပဲ
See you all in the next video ပါရှင့်