တို့ဟူးနွေး Tofu Nway

  Рет қаралды 22,128

Cook for K1

Cook for K1

Жыл бұрын

တို့ဟူးနွေးက ရန်ကုန်က ဆိုင်တွေမှာရောင်းတဲ့အရသာမျိုးကို အိမ်ချက်ပုံစံပြန်ချက်ထားခြင်းဖြစ်ပါတယ်ခင်ဗျာ။
မိမိနှစ်သက်ရာ အသားအကြေ (၁၅ ကျပ်သား)ထဲကို သကြား။ ငရုတ်ကောင်းမှုန့်။ ပဲငံပြာရည်အကြည်။
ကိုမွှေပြီးနှပ်ထားပေးပါ။
ပထမဆုံး ဒယ်အိုးထဲ ဆီထည့်ပြီး ကြက်သွန်ဖြူ။နီ ကြိတ်ထားတာကို ဆီသတ်ပါ။ မွှေးလာရင် ငရုတ်သီးအရောင်တင်မှုန့် ထည့်မယ်။ ပဲပိစပ် အနှစ်ကို ဇွန်း တဝက်လောက်ထည့်ပါမယ်။
၂ မိနစ်လောက်မွှေပြီးရင် နုတ်နုတ်စဉ်းထားတဲ့ ခရမ်းချဉ်သီး ၅ လုံးထည့်မယ်။ အရသာအတွက် ပဲငံပြာရည်အကြည်ထည့်ပါမယ်။ ပြီးမှ နှပ်ထားတဲ့ ဝက်သားထည့်မယ်။ အချိုအငန် အတွက် မိမိစိတ်ကြိုက်မြည်းပြီးထည့်လို့ရပါတယ်။ ပြီးမှ ရေနွေး‌ထည့်ပြီး မီးအလယ်အလတ်နဲ့ ၅ မိနစ်လောက်တည်ထားပါ။ ရေခမ်းပြီး ဆီပြန်စပြုလာရင် ဟင်းအနှစ်ရပြီဖြစ်ပါတယ်။
ကုလားပဲမှုန့်အစိမ်းကို ၁ ခွက် ထည့်မယ်။ ရေကို ဆတူထည့်ပါမယ်။ သေချာမွှေပြီးရင် အခန်းအပူချိန်မှာ နာရီဝက်ထားထားရင် ကုလားပဲမှုန့်တွေက ရေထဲမှာ အားလုံးပျော်သွားမှာဖြစ်ပါတယ်။
တို့ဟူးနွေးထဲ ထည့်စားဖို့အတွက် ငရုတ်ဆီ ချက်ပါမယ်၊
ငရုတ်သီးအရောင်တင်မှုန့်နဲ့ ငရုတ်သီး အကျက်မှုန့် ၁ ဇွန်းဆီကိုပန်းကန်တလုံးထဲမှာထည့်ထားပေးပါ။ ဆီ ၁ ခွက်စာလောက်ကို အပူပေးပြီး ခဏထားထားပြီးရင် ငရုတ်သီးမှုန့်ထည့်ထားတဲ့ခွက်ထဲကို လောင်းထည့်ပြီးမွှေပေးထားပါ။ ဒါဆိုရင် ငရုတ်ဆီချက်ရပါပြီ။
ဆီမွှေးလုပ်ဖို့အတွက် မက်ကာစေ့ (ဝှားကျောင်းစေ့) ၁ ဇွန်း။ နာနတ်ပွင့်အမှုန့် ၁ ဇွန်း။ ရှောက်ကောမှုန့် ၁ ဇွန်း ထည့်ပါမယ်။ ပြီးမှ ခုနကအပူပေးထားတဲ့ ဆီကိုလောင်းထည့်ပြီး‌မွှေပေးပါ။ ဒါဆိုရင် တော့ ဆီမွှေးရပြီဖြစ်ပါတယ်။
ကြက်သွန်ဖြူဆီချက်ချက်ပြီးရင် နှမ်းလှော် ၁ ဇွန်းထည့်ပေးရင် မွှေးတဲ့ ဆီချက်လေးရပြီဖြစ်ပါတယ်။
မြေပဲလှော်ထောင်းထဲကိုလည်း နှမ်းလှော် ၁ဇွန်းထည့်ပြီးမွှေပေးထားပါ။
နာရီဝက်လောက်စိမ်ထားတဲ့ ‌ပဲမှုန့်တွေကို စကြိုပါမယ်။
ဒယ်အိုးထဲကို သောက်ရေသန့် ၁ ဗူးစာထည့်ပြီး သကြားအနည်းငယ် နနွင်းမှုန့်အနည်းငယ်ထည့်ပြီး ဆူလာရင် ပဲမှုန့်ရည်ကိုထည့်ပြီး ကြိုပေးပါ။
အရမ်းပျစ်သွားရင် ‌‌ရေနွေးထည့်ပြီးအပျစ်အကျဲကိုချိန်ဆလို့ရပါတယ်။ ပြီးရင် အနံ့မပါတဲ့ ဆီကို ၂ဇွန်းလောက်ထည့်လိုက်ရင် တို့ဟူးနွေးဟာ ပြောင်ချောချောလေးဖြစ်သွားပါတယ်။
ပွဲပြင်တဲ့အခါ ရှမ်းခေါက်ဆွဲ။ ဆန်စီးခေါက်ဆွဲကိုပြုတ်ထားပါ။
တို့ဟူးလောင်းထည့်ပါ။ ပဲငံပြာရည်အကြည်။ ပဲငံပြာရည်အချို သို့ ထန်းလျက်ရည်။ ချက်ထားတဲ့ ဟင်းအနှစ်။ မြေပဲလှော်ထောင်း။ ငရုတ်ဆီချက်။ ဆီမွှေး။ ဆီချက်နဲ့ နံနံပင် ထည့်ပြီး မွှေပြီး သုံးဆောင်နိုင်ပြီဖြစ်ပါတယ်ခင်ဗျာ...
လိုအပ်ချက်ရှိရင်လည်း ပြောထားပေးလို့ရပါတယ်ခင်ဗျာ။

Пікірлер: 55
@khingzarlinmitsuki6990
@khingzarlinmitsuki6990 Жыл бұрын
Thanks for your video 🤤🤤🤤
@AAMu-dg3oc
@AAMu-dg3oc Жыл бұрын
ကျေးဇူးတင်ပါတယ်
@maygrace379
@maygrace379
ကျေးဇူးတင်ပါတယ် 🎉🎉🎉
@yuzana2721
@yuzana2721 Жыл бұрын
တိဟူးနွေးကိုဆန်စီးနဲ့ အီကြာကွေးလေးထဲ့အချိုရည်ထဲ့ ပဲရွက်ရှိရင်ထဲ့ တိုဟူးကြော်လေးနဲ့စား တယ် အသားမပါလဲအရမ်းကြိုက်တယ်😋😋ခုနည်းလေးလဲချက်စားကြည့်ပါအုံးမယ် ကျေးဇူးပါ အကိုရေ😊
@dawpaukpauk4304
@dawpaukpauk4304 Жыл бұрын
ကျေးဇူးပါ 😻😊👍
@KYAWGyi-oy5vs
@KYAWGyi-oy5vs Жыл бұрын
စားခ်င္တယ္
@suehwang6837
@suehwang6837
Mingalar par thank you for sharing.🎉🎉🎉❤❤❤
@laythandarmyint1110
@laythandarmyint1110 Жыл бұрын
ကျေးဇူး တင်ပါတယ်ရှင့်
@whitelady4627
@whitelady4627 Жыл бұрын
GOOD
@dttygn5325
@dttygn5325 Жыл бұрын
#ကောင်းမှကောင်း
@Th6107
@Th6107 Жыл бұрын
စားခြင်လာပြီ
@susulwin6384
@susulwin6384 Жыл бұрын
Aww want to eat bro k2👍🙏🙏
@user-zt3kq8qe4y
@user-zt3kq8qe4y
တိုဟူးကျိုတာ မကောင်းပါ
@hninphyukaung6909
@hninphyukaung6909 Жыл бұрын
ရှမ်းအစားအစာဆိုင်ရောက်ရင် တိုဟူးနွေးပဲစားလေ့ရှိပါတယ် အရမ်းကြိုက်လို့ပါ။
@oleanderphyo6769
@oleanderphyo6769 Жыл бұрын
အသံချိုချိုလေးနဲ့
@nwayoolaypyay5527
@nwayoolaypyay5527 Жыл бұрын
တိုဟူးနွေးကြိုက်တယ်😃😃😃
@ehkeo1273
@ehkeo1273 Жыл бұрын
😊😊😋😋😋
@khincho1965
@khincho1965 Жыл бұрын
😋😋😋👍👍👍👍❤️
@trialamt2459
@trialamt2459 Жыл бұрын
ချက်ပီလေ 😋
@khinmyohlaing6075
@khinmyohlaing6075
ရှမ်းတောင်တန်းကြီးတွေကို မြူနှင်းများကြားမှာ ငေးရင်းတို့ဟူးနွေးကို စားချင်နေမိပါပြီ
Wait for the last one! 👀
00:28
Josh Horton
Рет қаралды 165 МЛН
3M❤️ #thankyou #shorts
00:16
ウエスP -Mr Uekusa- Wes-P
Рет қаралды 14 МЛН
Русалка
01:00
История одного вокалиста
Рет қаралды 5 МЛН
ထမင်းသုပ်
2:53
Hnin Hnin Food House
Рет қаралды 38 М.
တို့ဟူးနွေး
6:31
Ei San's homemade Inspiration
Рет қаралды 52 М.
တိုဟူးနွေး - Warm Tofu with Rice Noodle
4:36
MY Onion - Easy Cooking
Рет қаралды 181 М.
Wait for the last one! 👀
00:28
Josh Horton
Рет қаралды 165 МЛН