ရခိုင်ကို ထိန်းချုပ်ရေး AA ရဲ့ ရက္ခိတအိပ်မက် ပြည့်မြောက်လာတော့မလား - BBC News မြန်မာ

  Рет қаралды 525,404

BBC News မြန်မာ

BBC News မြန်မာ

5 ай бұрын

ရခိုင်ကို ထိန်းချုပ်ရေး AA ရဲ့ ရက္ခိတအိပ်မက် ပြည့်မြောက်လာတော့မလား
ပလက်ဝကို စစ်ကောင်စီ ကင်းစင်နယ် အဖြစ် ပြုလုပ် သွားမယ် ဆိုပြီး မဟာမိတ် ညီနောင် ၃ ဖွဲ့က ပြောခဲ့ပြီးတဲ့နောက် သိပ်မကြာခင်မှာပဲ၊ ရခိုင်တပ် အေအေက တကယ်လည်း လက်တွေ့အရ ပလက်ဝ တစ်နယ်လုံးကို ထိန်းချုပ်လိုက်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးနဲ့ဆက်စပ်ပြီး အေအေ က နိုဝင်ဘာ လလည်ပိုင်းက စလို့ ရခိုင်ထဲ တိုက်ပွဲ ဖော်လာခဲ့သလို၊ ပလက်ဝကိုလည်း ထိုးစစ်ဆင် တိုက်ခိုက်လာတာမှာ တကျော့ပြန်တိုက်ပွဲ ရက်ပေါင်း ၆၀ ကျော် အကြာမှာတော့ အေအေ က အခုလို ပလက်ဝမြို့ အပါအဝင် ဝန်းကျင်ဒေသ တခွင်ကို ထိန်းချုပ် သိမ်းပိုက်လိုက်တာ ဖြစ်ပါတယ်။
စစ်ကောင်စီဘက်ကလည်း အင်အား အခိုင်အမာ တပ်စွဲထားတဲ့ အဲဒီ ဒေသမှာ ရှမ်းမြောက် တခွင် တွေ့မြင်ခဲ့ရသလိုပဲ စစ်ကောင်စီရဲ့ ဗိုလ်မှူးချုပ်အဆင့်ရှိတဲ့ စစ်ဗျူဟာမှူးတစ်ဦးကို အေအေက ဖမ်းဆီးနိုင်ခဲ့ပြီး၊ ရက်ပိုင်းအတွင်းမှာပဲ စစ်ကောင်စီတပ်ဖွဲ့တွေက အလံဖြူထောင် လက်နက်ချခဲ့ကြတာဖြစ်တယ်လို့ သိထားရပါတယ်။
ပလက်ဝ တိုက်ပွဲတွေမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ရာဂဏန်းတချို့လည်း အိန္ဒိယ ဘက်ခြမ်းထဲထိ ဝင်ပြေးခဲ့ကြတာမှာ၊ အဲဒီလို မြန်မာစစ်သားတွေ ရာနဲ့ချီပြီး ရောက်လာကြတဲ့ သတင်းဟာ အခု အချိန်အထိ အိန္ဒိယ မီဒီယာတွေထက် လွှမ်းမိုး နေဆဲ ဖြစ်ပါတယ်။
အခုသီတင်းပတ်မှာတော့ ပလက်ဝဟာ အေအေအတွက် ဘယ်လောက် ဗျူဟာမြောက် အရေးပါတဲ့ အတွက် ပထမဆုံး သိမ်းပိုက်လိုက်တဲ့ မြို့ ဖြစ်ရတာလဲ ... မြန်မာအစိုးရတွေ လက်ထက် နယ်မြေဒေသ ပိုင်းခြားမှုအရ ချင်းပြည်နယ်ထဲ ပါဝင်တဲ့ ပလက်ဝကို အေအေ သိမ်းပိုက်လိုက်တဲ့အခါ အေအေနဲ့ ချင်း အင်အားစုတွေကြား ထိပ်တိုက်တွေ့မှု၊ ပွတ်တိုက်မှုတွေ ဖြစ်လာမလား၊ အေအေရဲ့ ရက္ခိတ လမ်းစဥ် ... ကွန်ဖယ်ဒရိတ် အဆင့်အတန်း ရည်မှန်းချက် ဒီတချီ တိုက်ပွဲတွေ ကနေ တပါတည်း ပြည့်မှီအောင် ဖော်ဆောင် နိုင်တော့မလား ... စတာာတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ဒီတစ်ပတ်မှာ ပါဝင် ဆွေးနွေးကြသူတွေကတော့ နိုင်ငံတကာ လူ့အခွင့်အရေး ဆိုင်ရာ စောင့်ကြည့်ရး အဖွဲ့ HRW နဲ့ အာရှ ဖောင်ဒေးရှင်းတို့မှာ အဆင့်မြင့် တာဝန်တွေ ယူခဲ့ပြီး၊ မြန်မာ့အရေးကို ဆယ်စုနှစ် အဆက်ဆက် အနီးကပ် စောင့်ကြည့် လေ့လာနေတဲ့ မြန်မာ့အရေး ကျွမ်းကျင်သူ ဒေးဗစ် မက်သီဆန်နဲ့၊ နိုင်ငံတကာ စာနယ်ဇင်းဆိုင်ရာ ဆုတွေ ရရှိထားပြီး ၊ လက်ရှိ အမေရိကန် ဟာဝိုင်အီ တက္ကသိုလ်၊ အာရှလေ့လာရေး ဌာနမှာ ပညာသင်ယူနေတဲ့ မြန်မာ့နိုင်ငံရေး သုံးသပ်သူ ကိုကျေော်ဆန်းလှိုင်တို့ ဖြစ်ပါတယ်။
ဘီဘီစီသတင်းထောက် ကိုဝေဖြိုး စီစဥ် တင်ဆက်ထားပါတယ်။ #ဘီဘီစီမြန်မာပိုင်း #သတင်းမြင်ကွင်း

Пікірлер: 405
@metta905
@metta905 5 ай бұрын
လူမှန်နေရာမှန် ပြန်ရောက်တော့မယ်။မြန်မာ့သမိုင်းမှာ သီပေါမင်းပြီးရင် မင်းအောင်လှိုင်က ဒုတိယစစ်ရှုံးဘုရင်အဖြစ် မှတ်တမ်းတင်ခံရတော့မယ်။ဗိုလ်ချုပ်ထွန်းမြတ်နိုင်က မြန်မာ့သမိုင်းမှာ ရခိုင်အောင်ပွဲရသူရဲကောင်းအဖြစ် မှတ်တမ်းတင်ခံရတော့မယ်။
@user-ux1xv9kv1q
@user-ux1xv9kv1q 5 ай бұрын
😂😂😂
@user-eu7zk5gm1c
@user-eu7zk5gm1c 5 ай бұрын
ထွန်းမြတ်နိုင်ဆိုတာ ဗိုလ်ချုပ်စိုးဝင်းအိမ်က ခွေးအဆင့်လောက်ဘဲရှိတာ
@willamjota2763
@willamjota2763 5 ай бұрын
​@@user-eu7zk5gm1cမင်းတို့ စစ်ခွေးတွေကို ဘင်္ဂလားပင်ထဲ့ မျောလိုက်မယ် ကြည့်ထား
@kohlamyintarakan1887
@kohlamyintarakan1887 5 ай бұрын
@@user-eu7zk5gm1c စိုးဝင်း နဲ့မင်းအောင်လှိူင် ဆိုတာ ခွန်းမြတ်နိုင် အိမ်မှာမွေးထားတဲ့ အဇနေးရှင်း ခြံစေါင့် ခွေးလောက်တောင် ဇ မရှိတာ၊ အဲခွေးအပြင်သွားရင် သခင် မပါပဲ နေရာတကာသွားရဲတယ်၊ စိုးဝင်းနဲ့ မအလ ခွေးကြီး ၂ ကေါင်ကျတော့ ပြည်သူတွေကြားသွားရင် လုံခြုံရေးအထပ်ထပ်နဲ့ ခိုးကြောင်ခိုးဝှက် ခိုးသွားနေရတဲ့အကေါင်တွေ ခွေး လောက်တောင် ဇ မရှိဘူး
@user-eu7zk5gm1c
@user-eu7zk5gm1c 5 ай бұрын
@@kohlamyintarakan1887 ထွန်းမြတ်နိုင်တောပုန်းဘဝက ခွေးတိုးပေါက်ကနေတရုတ်ဘက်ကူးလိုက်ကချင်ဘက်ကူးလိုက်နဲ့ ခွေးတိုးပေါက်ကျယ်နေပြီ🤣
@user-eb7yq7eq7f
@user-eb7yq7eq7f 5 ай бұрын
AA. ဟာ NLD. အစိုးရလက်ထက်မှာ မတရားအသင်းကြေငြာခံရပြီး တစ်ဘက်ကလည်း ဘာသာရေးအရ. မဖြစ်နိုင်တဲ့ ဘဂ်လားဒေရှ် စကစ နဲ့ပေါင်းပြီး ယုတ်မာလာတဲ့ အန္တိယ. အဲ့ဒိအပြင် စကစ. ကအတင်းဖိတိုက် နေတဲ့ကြားက. AA ဆိုတာဖြစ်တည်လာတာပါ ရခိုင်လူမျိုးတွေအတွက် ဂုဏ်ယူစရာ ဖြစ်သလို နွေဦးတော်လှန်ရေးအတွက် အများကြီး အရေးပါတဲ့ ရခိုင့်တပ်တော်ပါ
@user-hq2nc7hl9y
@user-hq2nc7hl9y 5 ай бұрын
🎉ရခိုငိနိုင်ငံအောင်ရမည်
@user-jd8ji4ns5k
@user-jd8ji4ns5k 5 ай бұрын
ပလက်၀ဟာအစကတည်းကရခိုင်နိုင်ငံထဲမှာပါပီးသားပါ 9:30 9:34
@user-pk6cc9qk7s
@user-pk6cc9qk7s 5 ай бұрын
"ဓာတ်ခဲ၊ ရဲတိုက်၊ အကြမ်းဖက်" တစ်ချိန်က ဗမာစခတွေ ခေါ်ခဲ့ကြတာ။ နောက်ပြီးတော့ ဘာတဲ့လဲ.. "AAအကြမ်းဖက်အဖွဲ့နဲ့ ဆွေးနွေးစရာမရှိဘူး.. အမြစ်ပြတ်အောင် ချေမှုန်းသွားမယ်" လို့ တစ်ချိန် ဗမာစခ ဇော်မဲဌိုးတို့ ပြောခဲ့ကြတာ။ အခုတော့ ပြောင်းပြန် 😅။ ဗမာစခတွေ ပါးစပ်ကို ကျင်ငယ်ရေနဲ့ ဆေးလိုက်ကြ
@ThuRain-rt1fy
@ThuRain-rt1fy 5 ай бұрын
အခုအဲ့ဓာတ်ခဲကပဲ သူတို့ဖျင်တက်ချသွားတာ မသိကြတာလား 😂မသိဂျင်ယောင်ဆောင်ကြတာလား မသိဘူးနော်😂
@user-cm4tl8lo5i
@user-cm4tl8lo5i 5 ай бұрын
ထမင်းစားရင်ရှက်သင့်‌တယ်နော်😂
@user-xk1gp1ql7s
@user-xk1gp1ql7s 5 ай бұрын
လူတစ်ယောက် ထမင်းတစ်ပန်းကန်ဘဲစားတဲ့သူနဲ့ ထမင်း သုံးပန်းကန်စားတဲ့သူ ၊ ဒီနှစ်ယောက်ရဲ့ စွမ်းအားကွာခြားမှုက တူမှာမဟုတ်ဘူး အရှိတရားပေါ့၊ ယနေ့ AA တွေ လျှောက်နေတဲ့လမ်းဟာ သူတို့ဆုံးရှုံးခဲ့သမျှ ကို ပြန်လည်ရယူပြီး ၊ ပိုပြီးပြည့်စုံတဲ ကမ္ဘာ အဖြစ် ၊ အစွမ်းရှိသလောက် ၊ လုပ်ကိုင်ကြတော့မှာပါ။ဘာစနစ ညာစနစ်ဆိုတာထက် ရခိုင်နည်း ရခိုင်ဟန် ရခိုင်စနစ် ရခိုင်ပြည်သာယာဝပြောရေးအတွက် အစွမ်းကုန်ကျိုးစားနေပြီလို့ဘဲ ပြောပါရစေ။
@user-ux1xv9kv1q
@user-ux1xv9kv1q 5 ай бұрын
😂😂😂
@user-ch4mc2ce5t
@user-ch4mc2ce5t 5 ай бұрын
ရခီးတွေ ပြောပြောနေတဲ့ ရခီးလမ်းစဉ်ပါ ချောင်မယ်ထင်ရင် ဝင်မယ် မဟန်ဘူးထင်ရင် အသာနေမယ်ဆိုတဲ့ တကိုယ်ကောင်းလမ်းစဉ်လေ
@ZawNaing-cn2ns
@ZawNaing-cn2ns 3 ай бұрын
ဘောမကတော့ နယ်ချဲ့ချင်တော့ဒီလိုဘဲဟောင်မှာပေါ့နော်း😅😅😂😂
@user-jd8ji4ns5k
@user-jd8ji4ns5k 5 ай бұрын
ပလက်၀ဟာအစကတည်းကရခိုင်နိုင်ငံထဲမှာပါပီးသားပါ 9:30
@user-iv7rx6cy6t
@user-iv7rx6cy6t 3 ай бұрын
ရခိုငပြည်ထဲမှာရှိတယ်ချင်းတိုင်းရင်းသားလူမျိုးစုတွေအများစုနေထိုင်လုပ်ကိုင်စားသောက်နေကြတယ် ချင်ပြည်နယ်ပါ
@tuntunwin9124
@tuntunwin9124 5 ай бұрын
AA အောင်မြင်ပါစေ ကျနော်က အညာသားပါဗျ
@user-iv7rx6cy6t
@user-iv7rx6cy6t 3 ай бұрын
ကျေးဇူးပါ
@aunglu6482
@aunglu6482 5 ай бұрын
ရခိုင်ပြည်တည်ထောင်နိုင်ပါစေ။ Confederation အဆင့်ရရှိနိုင်ပါစေ။
@SoeNayWin-is9xc
@SoeNayWin-is9xc 2 ай бұрын
နွား
@naylinnhtoo3500
@naylinnhtoo3500 5 ай бұрын
အနာဂမှာ ရန်ကုန် ကနေ ရခိုင်ကိုသွားချင်ရင်Visaယူရမှာလား
@ThuRain-rt1fy
@ThuRain-rt1fy 5 ай бұрын
AAဆီသွားမေး ငါတို့မသိဘူး😂
@user-os2xm6os7q
@user-os2xm6os7q 5 ай бұрын
အဖွဲ့၃‌ ကျေးဇူးပါ❤🌹
@cttrading1854
@cttrading1854 4 ай бұрын
အားပေးနေပါတယ် AA
@VivoY-gf8ku
@VivoY-gf8ku 5 ай бұрын
AA❤❤❤
@user-hc9wf4om6i
@user-hc9wf4om6i 5 ай бұрын
ကျွန်တော်အမြင်ပြောရရင်ကိုယ်ပိုင်နိူင်ငံဆိုတဲ့ရည်ရွယ်ချက်ဖြစ်မယ်ထင်ပါတယ်၊အရင်၂၀၁၉မှာတည်းကပြည်မအပေါ်သဘောထားကွဲလွဲခဲ့ပါတယ်၂၀၂၅ရောက်ရင်သူတို့ရည်မှန်းချက်ပေါ်မှုတည်ပြီးပြည်မကနေခွဲထွက်ပါ့လိမ့်မယ်၊ကျွန်တော်အမြင်ပါ၊သူတို့ကိုနောက်ကွယ်ကထောက်ပံ့တဲ့နိူင်ငံနှစ်နိုင်ငံလောက်ရှိနေနိုင်ပါတယ်၊ရခိုင်တပ်တော်ကလည်းပြည်သူနဲ့သွေးစည်းမှုတွေ့ရပါတယ်၊ယခုချိန်ကတဲ့ညီညွတ်ပြတ်သားတဲ့ဖွဲ့စည်းတည်ဆောက်မှုတွေလိုမယ်ထင်ပါတယ်ပြည်ထောင်စုအတွက်ပြည်သူတစ်ယောက်အမြင်ပါနိုင်ငံရေးလေ့လာသုံးသပ်သူတွေလက်ရှိနိုင်ငံရေးလုပ်ဆောင်နေသူတွေပိုမိုသိရှိမယ်လို့မျှော်လင့်ပါတယ်၊အကြံလည်းပြုခြင်ပါတယ်။
@AungAUKng
@AungAUKng 4 ай бұрын
ခွဲထွက်ရေး လုပ်နေတာလားပဲနော်
@khainglinn7172
@khainglinn7172 5 ай бұрын
ပလက်ဝ ဟာရခိုင်ပိုင်နေမြေဖြစ်ပါတယ် ချင်းလူမျိုးဆိုတာ ဘားမားတွေရဲ့စကားလုံးတွေအောက်မှာကြီးပြင်လာတဲ့လူမျိုးဖြစ်တယ် ချင်းမပိုင်ဘူး ု
@chitkoko4669
@chitkoko4669 5 ай бұрын
ပလက်ဝက ရခိုင်ပဲရသင့်တယ် စကစက အရင်ကတည်းက နယ်မြေကို လျောက်ပြီးသတ်မှတ်ထားတာ တိုက်တဲသူကရသင့်ပါတယ်။
@user-iv7rx6cy6t
@user-iv7rx6cy6t 3 ай бұрын
ချင်းပြည်နယ် ကိုရခိုင်တွေကအပိုင်အရှင်ခံနေတာမဟုတ်ပါဘူး ဒီချင်းလူမျိုးတွေကနေမြဲတိုင်းနေဘာမှပြောင်းလဲစရာမလိုပါဘူး ရခိုင်ပိုင်လို့ငြင်းနေရာကိုမရှိတာပါ ပိုနေမြဲကျားနေမြဲပါဘဲ ရခိုင်ရိုးမကြီးရင်ခွင် အထဲမှာနေတဲ့သူအကုန်က ရခိုင်မြေရဲ့အသက်သွေးကြောဘဲ အဓိကက ရခိုင်ပြည်အေးချမ်းကောင်းစားရင်ရခိုင်ပြည်ထဲကလူအကုန်အေးချမ်းတိုးတက်ကောင်းစးမှာပါဘဲ ွတ်နေချိန်ထနေပြီးခြောက်သွားအောင်လုပ်ပြီးတဲ့လူရှိနေမှနေရာဝင်လုချင်တဲ့သူတွေအတွက်ကတော့တမျိုးပါ
@arkar6447
@arkar6447 5 ай бұрын
အခုလည်းပေါက်တောမြို့(နယ်)အားလုံးကိုAAသိမ်းလိုက်ပါပြီ ။ မကြာမီ ကျောက်တော် ရသေ့တောင် မင်းပြား ပုဏ္ဏားကျွန်း မြောက်ဦး မြေပုံကြားရပါလိမ့်မယ် ။
@yanmyoaung4007
@yanmyoaung4007 5 ай бұрын
ရိုဟင်ဂျာ မရှိဘူးနော် ကုလားကုန်း မီဒီယာ ကြိုပြောထားတာ
@user-oq6xd6tc9u
@user-oq6xd6tc9u 5 ай бұрын
အာရက်ခိတရေ အောင်ပါရေ
@shaungfant9983
@shaungfant9983 5 ай бұрын
အားပေးနေပါတယ်bbc
@user-jd8ji4ns5k
@user-jd8ji4ns5k 5 ай бұрын
ပလက်၀ဟာအစကတည်းကရခိုင်နိုင်ငံထဲမှာပါပီးသားပါ
@SoeAung-lm4sl
@SoeAung-lm4sl 5 ай бұрын
အချင်းချင်း ညိုနှိုင်းတိုင်ပင်ကြတာကောင်းပါတယ်။ ဘယ်လောက်ပဲ တိုက်တိုက် နောက်ဆုံးတော့ စားပွဲဝိုင်းမှာပဲ အဆုံးသတ်ကြရမှာပါ။
@NyiNyi-fh6qs
@NyiNyi-fh6qs 5 ай бұрын
အရူး
@MoMop-yh2vb
@MoMop-yh2vb 5 ай бұрын
မင်္ဂလာပါ
@aungnainglim8408
@aungnainglim8408 5 ай бұрын
မဂ်လာပါ BBC
@AungAung-yr2gw
@AungAung-yr2gw 5 ай бұрын
အ​ဝေးက​နေ​ပြော​နေတယ် အ​ပြောသမားသတင်းမှားများ​နေတယ်​သေချာ​အောင်လုပ်
@johnkhrihs
@johnkhrihs 5 ай бұрын
ရခိုင်ကနယ်မြေ သိမ်း ပုံဆံ သွားနေတယ်
@phyolin6569
@phyolin6569 5 ай бұрын
ပလဝမြို့ကရခိုင်ရဲ့အဓီကဝင်​ပေါက်
@she7192
@she7192 5 ай бұрын
ပလက်ဝ က ရခိုင်ပိုင်နက်ပါ ပလက်ဝကချင်းပြည်ဆိုပေမဲ့ ချင်းနဲ့ခူးမီးတွေအနည်းငယ်နေကြပြီ အများစုက ရခိုင်နဲ့မြို တွေပါ
@nitoe
@nitoe 5 ай бұрын
မဂ်လာပါ
@ziezar9489
@ziezar9489 5 ай бұрын
ဘာဘဲဖြစ်ဖြစ် AA ရဲ့ လုပ်ဆောင်နိုင်မှုကိုလေးစားတယ်
@HlaMyint-ks8ou
@HlaMyint-ks8ou 5 ай бұрын
ကျော်ဆန်းလိုင်ညံပါ့
@parpar7215
@parpar7215 5 ай бұрын
ရက္ခိတ လမ်းစိမ်ဆိုတာ အရက္ခ နိုင်ငံတော်ကို ပြောတာပါ
@user-eo6ev6cg2p
@user-eo6ev6cg2p 5 ай бұрын
လေးစားပါတယ်ရက္ခိုင့်တပ်တော်(AA)
@sannyuntmin3612
@sannyuntmin3612 5 ай бұрын
good
@user-rk3xd8dr6f
@user-rk3xd8dr6f 5 ай бұрын
ပလက်ဝက ရှင်းပြေနယ်မဟုတ်ဘူး ရခိုင်ပိုင်တဲ့မြေက အိမ်ဒိယ နယ်ထိပိုင်တယ် စစ်ခွေးတွေ လုပ်ထားတာ ရခိုင်ပိုင်တဲ့မြေက အိမ်ဒိယ မော်တော်စွန်းထိပိုင်တယ် ရခိုင်ပိုင်တဲ့ မြေ အကျေဝန်း စတုဝန်းမိုင်ပေါင်း84000 ရှိတယ် စစ်ခွေးတွေက အကုန်လုံး ရောင်စားတာ
@soeminnaing5600
@soeminnaing5600 5 ай бұрын
Paletwa is part of Arakan and must be under the sovereignty of Arakan
@mahtwekyi6342
@mahtwekyi6342 5 ай бұрын
Hi
@AK47Gamingchanel
@AK47Gamingchanel 5 ай бұрын
သတင်းဌာနများ အာလုံး ရန်တိုက်နဲ့ တူတူပေး
@saihtun2268
@saihtun2268 5 ай бұрын
Mingalar par BBC news Myanmar 👍👍👍
@szawaisaizawhein7057
@szawaisaizawhein7057 4 ай бұрын
2124ခုနှစ်မှာထွန်မြတ်နိုင်အိမ်မက်တွေ နိုးထလာမှာပါ
@Uchitswe
@Uchitswe 2 күн бұрын
မင်ဂလာပါ BBC
@aungmin7794
@aungmin7794 5 ай бұрын
👍👍👍
@user-eh4yv7ri3n
@user-eh4yv7ri3n 5 ай бұрын
Hi BBC News.🎉🎉🎉
@kothat7898
@kothat7898 5 ай бұрын
❤❤❤❤❤
@khinmaunghtwe2982
@khinmaunghtwe2982 5 ай бұрын
ဒီပလက်ဝမြို့အ​ကြောင်းကိုAAစစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြင့်နိုင်ကရှင်းရှင်းလေးရှင်းပြထားပြီးပါပြီဘာကိုမှနစ်ဘက်စလုံးကစိုးရိမ်စရာမရှိ တော့ပါဘူးဗျာ
@gftc6832
@gftc6832 3 ай бұрын
ချင်းကနားလယ်ပေးပါ
@user-tx6dg2dy9f
@user-tx6dg2dy9f 5 ай бұрын
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့‌အစည်းအသီးသီးကသူတို့ရဲ့နယ်မြေပြန်လည်ရရှိရေးအတွက်ပဲရည်မှန်းပြီးတိုက်ခိုက်နေကြတာပါ။
@sawsaw8624
@sawsaw8624 5 ай бұрын
ဒါပေါ့ကိုယ်ထမင်းဝမှသူများကိုပိုလျှံတာကျွေး နိုင်မှာပေါ့
@user-lj1vh6so4y
@user-lj1vh6so4y 5 ай бұрын
လေးစားပါသောAA
@user-jd8ji4ns5k
@user-jd8ji4ns5k 5 ай бұрын
ပလက်၀ဟာသုံးသက်စရာမလို့ဘူးလေ
@gftc6832
@gftc6832 3 ай бұрын
ပြည်သူတွေနားလယ်ပါတယ် ဆက်လုပ်ပါ
@user-jy2tq1kv7y
@user-jy2tq1kv7y 5 ай бұрын
AR AK AN AA💖💖
@user-jo4uz5ng9o
@user-jo4uz5ng9o 4 ай бұрын
❤❤
@maungthan3246
@maungthan3246 4 ай бұрын
ဦးနေ ဝင်း ချင်း ပြည် သောင်ကျန်း ခဲ့တယ် ဒီ သွေး ဒီ အမျိုး တွေ ရှိနေ တယ် မင်း အိမ် သူပေး ငါ ဗိုလ်နေ ဝ်း
@lindakhaing9255
@lindakhaing9255 3 күн бұрын
ကိုငဝဖ်ိုး❤မင္ဂါလာပါ ငက်းဇူးပါ
@phyogyimgphyogyimg7402
@phyogyimgphyogyimg7402 5 ай бұрын
စစ်ကောင်စီက စေတီ ဘုန်းကြိးကျောင်းတွေကို ဗုံးကျဲနေတာ ထိုင်ကြည့်နေတဲ့မဘသ
@user-sk6jr4eb6r
@user-sk6jr4eb6r 4 ай бұрын
❤❤❤
@ayehtoo9608
@ayehtoo9608 5 ай бұрын
All reunited will be the best answer for the future dreams
@user-ij2bo9vh3n
@user-ij2bo9vh3n 5 ай бұрын
❤❤မဂျလာပါအကို❤
@kothargyikothargyi3389
@kothargyikothargyi3389 5 ай бұрын
Good evening bb5 All members are health
@maungwinhlaing2538
@maungwinhlaing2538 5 ай бұрын
ပလက်ဝဟာတချိန်ကရခိုင်ပြည်ရဲ့အစိတ်အပိုင်းပဲဖြစ်တယ်၊ရန်တိုက်စကားတွေလာမပြောနဲ့၊ မင်းဆို့ဘီဘီဆီလေးယီးလိုပဲ။
@ThuThu-xk7bj
@ThuThu-xk7bj Күн бұрын
အာပေးနေတယ်AAစစ်ခွေးကိုတိုဒါOk
@JD5Five
@JD5Five 5 ай бұрын
3 in One ဖွဲ့ပြီးတျုက်တိုက်တာပိုကောင်းတယ်
@kozaw8650
@kozaw8650 5 ай бұрын
လုပ်ချင်သလိုလုပ် ကြ
@sansansoe8563
@sansansoe8563 5 ай бұрын
မင်္ဂလာပါBBC
@SoeNayWin-is9xc
@SoeNayWin-is9xc 2 ай бұрын
ရခိုင်နိုင်ငံအသက်ဝင်လာယာ
@user-xi8rj5qx6h
@user-xi8rj5qx6h 5 ай бұрын
AA have great leadership
@ArtNoe
@ArtNoe 5 ай бұрын
သာလီစွပါ
@selayangprima
@selayangprima 5 ай бұрын
ဝေဖြိုး ကိုပြောပေးပါတပ်တော်ပါ တပ်မဟုပ်ပါလေစားပါ
@user-ek4on4gv8p
@user-ek4on4gv8p 5 ай бұрын
ပြည်ထောင်ပြိုကွဲလို့မဖြစ်ပါ။ဖယ်ဒရယ် ပြည်ထောင်စု စစ်စစ် အမြန် ပေါ်ပေါက်နိင်ပါစေ။။။
@user-bb2dh3bm1v
@user-bb2dh3bm1v 5 ай бұрын
ဆောင်းတွင်း အိပ်မက်/ကရောက်ကယက်" (မသေချာဘူး)။ ငါချဲမပေါက်တာ ဆောင်းတွင်း အိပ်မက်ကြောင့်။
@MERCYONEARTH24
@MERCYONEARTH24 5 ай бұрын
Contrary to popular belief, our brothers from EAO/ERO would not think of the secession from our beloved Myanmar. During the Cold War era, US and USSR clashed via proxy wars in other politically-conflicted states. But in New World Order, the big Actors prefer to dissect other sovereign States into small pieces as in Balkan States. I believe our brothers from ERO deeply understand the new ways of Colonialism.
@nainglin97
@nainglin97 5 ай бұрын
@user-nx9kv4lv4s
@user-nx9kv4lv4s 5 ай бұрын
မဂ်လာပါBBC
@ThuThu-xk7bj
@ThuThu-xk7bj Күн бұрын
အ၊းပေးနေတယ်AAစစ်ခွေးကိုသတ်ဒါ
@poereh501
@poereh501 4 ай бұрын
အဓိက စစ်ကော်စီ ကျရှူံးတာ ကို ဉီးတည်ပါ AA နဲ့ ချင်း ပလက်ဝ ကနောက်မှ
@kyawsoenil2779
@kyawsoenil2779 5 ай бұрын
ခုလဲ NUG ဟာ နိုင်ငံတကာမှာ ရှိနေတဲ့ မြန်မာသံရုံးတွေကို ထိန်းချုပ်ဘို့ စိတ်ကူးပုံမရပါဘူး။ အဲဒီသံရုံးတွေဟာ အဲဒီ နိုင်ငံတွေမှာ ရှိနေတဲ့မြန်မာ တွေကို ကူညီတာထက်၊ ဒုက္ခပေးတာကများပါတယ်။ ကြိုးစားပါ၊ မြင်တတ်ပါ NUG ခင်ဗျား။
@user-fm9xo5jk9c
@user-fm9xo5jk9c 5 ай бұрын
ok
@user-xv3fj1gv7b
@user-xv3fj1gv7b 5 ай бұрын
BBCစောက်ပေါ
@ThuThu-xk7bj
@ThuThu-xk7bj Күн бұрын
❤❤❤❤❤❤❤❤
@ShweMahar-yd4nh
@ShweMahar-yd4nh 5 ай бұрын
ဗမာစစ်တပ်ပလဝမှာနေနိုင်ရင် AAလဲပလဝမှာနေလို့ရကိုရရမည် အကယ်၍ပလဝနဲ့ရခိုင်ပြဿနာဖြစ်ရင် ရခိုင်ကိုလာဗီဇာယူရမလိုဖြစ်နေပြီချင်းနဲ့ရခိုင်ပြဿနာဖြစ်အောင်သွေးနေတဲ့ငမိုက်သားလူယုတ်မာတွေကိုပြောချင်တာကတော့ဆော်ရီဘဲကွ
@MaungAyeKyi
@MaungAyeKyi 4 ай бұрын
😊😊
@user-sy7hk8bs6c
@user-sy7hk8bs6c 4 ай бұрын
ပလက်ဝဟာ ဘယ်ပြည်နယ်ဖြစ်တယ်ဆိုတာ အရေးမကြီးပါဘူး လက်ရှိအချိန်မှာ စစ်ခွေးရှိတဲ့နေရာအားလုံးကို သိမ်းယူထားနိုင်ဘို့သာလျှင် အဓိက လိုအပ်ချက်ဖြစ်ပါတယ်* စစ်ခွေးအမြစ်ပြတ်သွားမှ ချင်းနဲ့ရခိုင်ညှိနှိုင်းဘို့ခက်ခဲတဲ့ ပြဿနာမဟုတ်လောက်ပါဘူး*
@user-lb8xl2ys7g
@user-lb8xl2ys7g 16 күн бұрын
ရခိုင်ဘုရင့်နိုင်ငံပြန်လည်ပေါ်ပေါက်လာရမလိုလို၊တကယ်တော့မယုံချင်စရာ၊နှစ်ပေါင်း၃၀၀ကြာပြီးရခိုင်နိာင်ငံပေါ်လာမယ်ဆိုတာကစိတ်ဝင်စားစရာပါ၊တာပေမဲ့ဘယ်လိုဖြစ်လာမလဲခန့်မှန်းဖို့တော့ခက်ပါတယ်😊
@szawaisaizawhein7057
@szawaisaizawhein7057 4 ай бұрын
ရက်ခွီးလီးခနိုင်ငံတော်ကြီးဖြစ်လာပြီး တပြည်နယ်လုံးပြာဖုံးရေမြုပ် ငရဲပြည်ကြွးကိုပျော်ပျော်ကီးလားရမှာပါ
@hlatin-win2783
@hlatin-win2783 5 ай бұрын
နယ်မြေကိစ္စအကြောင်းပြုပြီးချင်းနဲ့ရခိုင်ကိုရန်တိုက်ပေးနိုင်တဲ့ဂွင်၀င်သွားတာမျိုးကိုသတိထားသင့်တယ်။
@user-iv7rx6cy6t
@user-iv7rx6cy6t 3 ай бұрын
ချင်းနဲ့ရခိုင်ရန်တိုက်ပေးနေတာပါ ကုလားနဲ့ရခိုင်ရန်တိုက်ချင်းနဲ့တိုက်ဗမာမာနဲ့ရခိုင်ရန်တိုက်အကုန်လုံးနဲ့တိုက်နေတာပါ
@user-Thawatchai504
@user-Thawatchai504 5 ай бұрын
ရခိုင်တွေတော်လှန်ရေးအောင်မြင်ပါစေ။။ရည်မှန်းချက်အတိုင်းပြည့်ဝပါစေ
@ngenge6797
@ngenge6797 5 ай бұрын
တောင်တန်း ပြည်မ ညီညွတ်ကြ၍ စစ်အာဏာရှင်စနစ်ဆိုး အမိမြေပေါ်မှ အပြီးသတ်အမြစ်ပြတ်ကျဆုံးသည်အထိ လက်တွဲပူးပေါင်းတိုက်ဖျက်ချေမှုန်းကြမည် 🚩🚩🚩🌠🌠🌠🌿🌿🌿
@phonetoh4763
@phonetoh4763 5 ай бұрын
ကျမကျတော့မသိဒီတိုင်းဆိုမြန်မာပြည်တစ်စစီပြိုမှာပဲ
@umaungko-ur4ml
@umaungko-ur4ml 5 ай бұрын
q​@@phonetoh4763😂😮 23:41
@notme831
@notme831 5 ай бұрын
@@phonetoh4763ပြိုတော့ဘာဖြစ်သေးလဲ ကျွန်ဖြစ်တာထက်စာရင်
@stklashiolashio-ej5nn
@stklashiolashio-ej5nn 5 ай бұрын
တိုင်းပြည်ပြိုကွဲဖို့နီးးးVလားးး?အိမ်မက်ေတွကွဲပြားးးေနေတာ့...
@thinmyint467
@thinmyint467 5 ай бұрын
@phonetoh4763 😊
@tuntunwin9124
@tuntunwin9124 5 ай бұрын
🤘✌️🤘✌️
@user-uk8xy3dp5u
@user-uk8xy3dp5u 5 ай бұрын
ကြိတ်ပြီးဝမ်းသာနေတာဘဂ်လီပါ
@tawmoo481
@tawmoo481 5 ай бұрын
ရှင်းရှင်းပြောကြပါနားမလယ်လို့ အာရကန်နိုင်ငံတည်ထောင်မယ်ခွဲထွက်မယ်ဆိုရင်လဲပြတ်ပြတ်ပေါ့လှည့်မနေကြနဲ့လီးလိုဘဲနားထောင်ရတာအားမရဘူးနိုင်ငံထောင်လိုက် ငထွန်းသမတလုပ်ပီးပြီ
@knyiknyiboy8779
@knyiknyiboy8779 5 ай бұрын
ပလက်ဝဆိုတာရခိုင်ပြည်နယ်ထဲကမြို့ပဲ ကိုယ့်မြို့ကိုပြန်တိုက်ယူတာ ချင်းတွေက ဘာကိုပြန်မပေးချင်နေရမှာလဲ ဗမာတွေရန်တိုက်ခဲ့တဲ့ဒီပလက်ဝမြို့ဟာ ဟိုအရင်ကတည်းကရခိုင်တွေရဲ့မြို့ပဲ ပိုင်ရှင်ပြန်ယူတာလက်ခံရမှာပေါ့ မတရားအနိုင်ကျင့်လို့သူများဟာကိုယူတာမှမဟုတ်တာ
@user-ij2bo9vh3n
@user-ij2bo9vh3n 5 ай бұрын
❤❤❤AAအောင်မြင်ပါစေ..👏👏👏👏👏👍👍👍👍👍👍👍👍👍
@user-lj1vh6so4y
@user-lj1vh6so4y 5 ай бұрын
လေးစားပါတယ်AAထာဝရAAပဲ
@user-pg6fg8fk9v
@user-pg6fg8fk9v 5 ай бұрын
အဖွဲ့တိုင်းမှာ ခေါင်းဆောင်က အဓိကပါပဲ။ အားလုံးပူးပေါင်းဆောင်ရွက်နေတာပါ။ နိုင်ငံတကာ ဝင်ရောက်စွက်ဖက်မှုကြောင့်နဲ့ သွေးခွဲသူတွေကြောင့် မူလရည်ရွယ်ချက်မပျက်နိုင်ပါဘူး။
@user-vm2dv9ur1r
@user-vm2dv9ur1r 5 ай бұрын
ပလက်ဝဆိုစာရခိုင်ပြည်လေ သမိုင်ကြောင်းလဲလာကြည့်ချင်းတွေ
@khingsoemoe1638
@khingsoemoe1638 5 ай бұрын
ရခိုင်ပြည်သူတွေယုံကြည်လေးစားခဲ့တယ်ရခိုင်တပ်တော်ဗိုလ်ချုပ်ကြီးဗိုလ်ချုပ်ထွန်းမြတ်နိုင်နည်းဗျူးဟာဗိုလ်ချုပ်တို့ရခိုင်တပ်တော်သားတွေကိုမလေးစားပဲမနေနိုင်ဘူးအဖရခိုင်ပြည်အတွက်မွှေးဖွားပေးတယ်ရခိုင်တပ်တော်မိဘများကိုလည်ဒီနေရာကနေလေးစားဂုဏ်ယူပါအဖရခိုင်ပြည်နိုင်ငံထူထောင်းနိုင်ပြီးလမ်းကြောင်းတွေမြင်နေရတယ်ဝမ်းသာပါတယ်ဒီထက်မကအောင်မြင်ပါစေအောင်ကိုလည်အောင်မြင်မှာပါစစ်​ပွဲတိုင်းလည်အောင်မြင်ပါစေ
@user-lz2hr6hp4l
@user-lz2hr6hp4l 5 ай бұрын
❤🎉👍💪💐
@kyawsoenil2779
@kyawsoenil2779 5 ай бұрын
နိုင်ငံခြားသားတွေဟာ ဗမာ့အရေးကိုအလွန်စိတ်ဝင်စားကြပြီး၊ ဗမာတွေကိုယ်တိုင်ကတော့ ချောင်သလိုနေပြီး သေနတ်သံ၊ ဗုံးသံကြား မှ ထွက်ပြေးကြတာ အံ့သြဘို့ကောင်းပါတယ်။
@rubyland4683
@rubyland4683 5 ай бұрын
အသေးစိတ်သိချင်မှတော့ လေ့လာသုံးသပ်သူတွေကို ဘာလို့မေးနေတာလဲ ထွန်းမြတ်နိုင်တို့ ခိုင်သုခတို့ကိုမေးလိုက်ရင်မပီးဘူးးလား
@nyooo-oy1nx
@nyooo-oy1nx 5 ай бұрын
It’s very good program to listen / learn for All parties involved in Transforming Myanmar to Federal Democratic Country. Share knowledge, information and planning to achieve the target with close cooperation among all parties involved. Not to go alone even though you are capable to do it now, prepare for a long way to walk together firmly and successfully. “Unity is power”, we must make sure equal footing to deal with two powerful neighbours in any way. At the same time we must organize a strong alliance among small and medium countries to form a united countries to deal with powerful big countries.
@kthan7776
@kthan7776 5 ай бұрын
နိုင်ငံခြားပညာသင်နီရစွာ စကားပြောအလိမ်မာဟိဖို့လိုရေထင်ရေ သာမန်လူတစ်လောက် စကားပြော အလိမ်မာမစိ လို့ခံစားရရေ အလိမ်မာဟိဖို့လိုရေနန့်
@1937D
@1937D 5 ай бұрын
90percent 0:43
@user-mq2lp5ul9j
@user-mq2lp5ul9j 5 ай бұрын
အာနာလုအကြမ်းဖက်စစ်အုပ်စုကိုချိနဲ့သွားအောင် တော်လှန်ရေးအတွက်လက်နှက်ကိုင်ခဲ့ကြတဲ့ လူငယ်တွေရဲ့အသက်ပေါင်းများစွာ စစ်ကိုင်းတိုင်းချင်းပြည်နယ်တွေကဒေသခံအများပြည်သူတွေရဲ့ ဘဝပေါင်းများစွာတွေနှင့်ရင်းနှီးခဲ့ကြပြီးအခုချိန်ကြမှ ကောင်စားလုပ်ပြီးထအော်နေကြတာ အတော်စိတ်မကောင်းစရာပါပဲ
That's how money comes into our family
00:14
Mamasoboliha
Рет қаралды 6 МЛН
你们会选择哪一辆呢#short #angel #clown
00:20
Super Beauty team
Рет қаралды 9 МЛН
Me: Don't cross there's cars coming
00:16
LOL
Рет қаралды 10 МЛН
Телега - hahalivars
0:55
HAHALIVARS
Рет қаралды 3 МЛН
DESAFIO IMPOSSÍVEL! #trending
0:13
O Mundo da Ágata
Рет қаралды 15 МЛН
Парень со странностями помог мальчику 🥺 #фильмы #сериалы
1:00
DixyFilms - Фильмы и сериалы
Рет қаралды 4,5 МЛН
😆 @SantiOficialll @SantiFansshort @CAMILOAGUILLONN
0:15
Santi
Рет қаралды 4,6 МЛН
Incredible magic 🤯✨
0:53
America's Got Talent
Рет қаралды 21 МЛН
I Almost Crushed The Poor Cockroach😵🥲🥺
0:20
Giggle Jiggle
Рет қаралды 8 МЛН