Рет қаралды 16,017
အားလုံးပဲမင်္ဂလာပါ🌸
花見🌸(Hanami)
📍 Kema Sakuranomiya Park
📍O River (大川)
CHERRY BLOSSOMS IN JAPAN 🌸
NaNaVlogကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင့်❣️
အခုအချိန်ကတော့ ဂျပန်မှာဖြင့် ဘယ်နေရာကိုကြည့်ကြည့် ပန်းရောင်ပန်းလေးတွေလှိုင်လှိုင်ဝေနေတဲ့အချိိန်ပဲဖြစ်ပါတယ်။
ပန်းရောင်ပန်းလေးတွေက ဘာပန်းလေးလဲဆိုရင်တော့ ဂျပန်တွေ မြတ်နိုးတန်ဖိုးထားကြတဲ့ Sakura ပန်းလေးတွေပဲဖြစ်ပါတယ်။ NaNaတို့မြန်မာမှာဆိုရင်တော့ ပိတောက်ပန်းလိုမျိုး အရမ်းအရေးပါပီး လူတိုင်းကနှစ်သက်မြတ်နိုးကြတဲ့ ပန်းလေးဖြစ်ပါတယ်🥰
အခုအချိန်ဆိုရင်ကတော့ ဂျပန်မှာ မိသားစုလိုက် သူငယ်ချင်းတွေ၊ချစ်သူရည်းစားတွေ။ အဘိုးအဘွားတွေ၊လုပ်ဖေါ်ကိုင်ဖက်တွေနဲ့ ပန်းကြည့်ရင်းအပန်းဖြေတဲ့ ဓလေ့လေးတခုရှိပါတယ်။ရှေးဟောင်းနှောင်းဖြစ်စကားတွေပြောကြ၊Game တွေဆော့ကြ၊ကလေးလေးတွေကလဲ ပြေးလွှားဆော့ကစားကြတာကို ဘယ်နေရာသွားသွားမြင်နိုင်တဲ့ တနှစ်လုံးရဲ့ အထူးခြားဆုံးအချိန်ပဲဖြစ်ပါတယ်။
ဂျပန်မှာက ပန်းလေးတွေကိုလဲ မြတ်နိုးသလို ခွေးလေးတွေ၊ကြောင်လေးတွေကအစ အိမ်မွေး ဝက်လေးတွေအထိပါ သူတို့နဲ့အတူ ပန်းကြည့်နိုင်ပါစေဆိုတဲ့စိတ်လေးနဲ့ (花見)လို့ခေါ်တဲ့ ပန်းကြည့်ပွဲကို အတူခေါ်သွားလေ့ရှိပါတယ်။
ဒီနှစ်မှာတော့ NaNaလဲ ဂျပန်ပုံစံ (花見)(HaNaMi)လို့ခေါ်တဲ့ ပန်းကြည့်ပွဲတော်ကို သွားရောက်ပီးတော့ ဘယ်လိုပုံစံလေးရှိတယ်ဆိုတာကို လေ့လာရင်းအားလုံးအတွက်ဗဟုသုတလေးလဲရအောင်လို့ Video လေးရိုက်ခဲ့ပါတယ်။
NaNaနဲ့အတူတူ ဂျပန်ရဲ့ Sakura ပန်းကြည့်ပွဲကဘယ်လိုလေးဖြစ်မလဲဆိုတာကို အခုပဲကြည့်လိုက်ရအောင်နော်🥰NaNaရဲ့ Videoလေးကိုသဘောကျတယ်ဆိုရင် KZfaqမှာ NaNaVlogChannel လေးကိုSubscribe လုပ်ပေးကြပါအုံး
Facebook မှာလဲ NaNaVlog page လေးကိုlike& Follow လေးလုပ်ပေးကြဖို့တောင်းဆိုပါတယ်။
/ nanavlogmyanmar
နောက်ထပ်လဲ အများကြီးချစ်ပေးကြပါအုံးရှင့်❣️
NANAVLOG IG:
nanavlogmya...