Рет қаралды 6,383
အားလုံးပဲမင်္ဂလာပါ
NaNaVlogကနေပြန်လည်ကြိုဆိုလိုက်ပါတယ်❣️
ဒီနေ့မှာတော့ တိုကျိုကိုသွားထားတဲ့Video တွေထဲက ၁ပုဒ်ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်🥰
Tokyo လို့ပြောလိုက်တာနဲ့ မြန်မာတွေအနေနဲ့ အရင်ဆုံးမြင်မိတာကတော့ Kamakura နဲ့ Asakusa ပဲဖြစ်မယ်လို့ထင်ပါတယ်။ NaNaလဲ တိုကျိုကိုရောက်တုန်း အားလုံးကိုပြချင်တဲ့စိတ်နဲ့ အတက်နိုင်ဆုံး နေရာအစုံကိုသွားရောက်ခဲ့ပါတယ်။
Tokyo SkyTree ကြီးကိုအနီးကပ်လဲမြင်ရမယ် နောက်ပီး တိုကျိုရဲ့ လုံးဝနာမ်မည်ကြီးလူကြိုက်များတဲ့နေရာလေးကိုရွေးချယ်ထားပါတယ်။အားလုံးအကြိုက်တွေ့မယ်လို့ထင်ပါတယ်။Tokyo Skytree ကတော့ ကမ္ဘာ့မှာအမြင့်ဆုံးTower 🗼အဖြစ်နဲ့နာမ်
မည်ကြီးပါတယ်။
ဒီနေ့မှာတော့ တိုကျိုရဲ့ အထင်ကရနေရာလဲဖြစ်တယ် မြန်မာတွေကြားမှာလဲနာမ်မည်ကြီးတဲဲ့ Asakusa လို့ခေါ်တဲ့ ဘုရားကျောင်းရှိတဲ့ဘက်ကိုသွားဖြစ်ခဲ့ပါတယ်။အဲ့နေရာက ခရီးသွားတွေကြားမှာလဲ အရမ်းခေတ်စား နာမ်မည်ကြီးပီးတော့ အရမ်းလှတဲဲ့နေရာပဲဖြစ်ပါတယ်။
Asakusa ဘုရားကတော့ Sensoji Temple 🛕 ဘုရားဝန်းထဲမှာရှိပီးတော့ Asakusa လို့အမည်ရှိပါတယ်။ Sensoji Temple ထဲမှာဘုရားတွေအများကြီးရှိတဲ့ထဲကနေ Asakusa ကတော့ နာမ်မည်အကြီးဆုံးပဲဖြစ်ပါတယ်။
ကျောင်းဝန်းထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့အရာကိုပြောပါဆို စျေးတန်းလေးကတော့လုံးဝစိတ်ဝင်စားစရာကောင်းပါတယ်။မြန်မာဘုရားဖူးသွားရင် တွေ့လေ့ရှိတဲ့ပုံစံနဲ့ လဲတူသလိုရှိပါတယ်။
ကဲဘယ်လိုစိတ်ဝင်စားစရာနေရာတွေအများကြီးရှိလဲဆိုတာကတော့ အခုပဲအမြန်ဆုံး ⬇️ မှာအသေးစိတ်ကြည့်ပေးကြပါနော်🫶🏻🥰NaNaရဲ့ Videoလေးကိုသဘောကျတယ်ဆိုရင် KZfaqမှာ NaNaVlogChannel လေးကိုSubscribe လုပ်ပေးကြပါအုံး
Facebook မှာလဲ NaNaVlog page လေးကိုlike& Follow လေးလုပ်ပေးကြဖို့တောင်းဆိုပါတယ်။
/ nanavlogmyanmar
နောက်ထပ်လဲ အများကြီးချစ်ပေးကြပါအုံးရှင့်❣️
NANAVLOG IG:
nanavlogmya...