Рет қаралды 37,770
Mandalay House facebook page link :
profile.php?...
Mandalay Store facebook page link :
profile.php?...
Location : 大阪市港区弁天4丁目12-25
NaNaVlogကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင့်
ခုတလော အလုပ်လေးနဲနဲများတာနဲ့ တင်တာလေးနဲနဲအချိန်ကြာသွားပါတယ်
ဒီတခေါက်မှာတော့ NaNa က အိုဆာကာမြို့မှာရှိတဲ့ မြန်မာအစားအစာရောင်းတဲ့ဆိုင်လေးကို သွားပီးစားထားတဲ့ ဗီဒီယိုလေးနဲ့ မိတ်ဆက်ပေးပါရစေ
ဒီဆိုင်လေးကတော့ Mandalay House လို့ခေါ်တဲ့ဆိုင်လေးပဲဖြစ်ပါတယ်
ဆိုင်လေးက အရမ်းအရသာရှိလို့ အားလုံးအတွက် ဗီဒီယိုလေးရိုက်ရင်း တင်ဆက်ပေးလိုက်ပါတယ်
ဒီဆိုင်လေးက မြန်မာအစားအစာတွေတင်ရောင်းတာမဟုတ်ဘဲနဲ့ မြန်မာကုန်စုံဆိုင်ပုံစံမျိုးလေးလဲ ဖွင့်ထားပါတယ်
ကုန်စုံဆိုင်လေးနာမည်ကတော့ Mandalay Store လို့ခေါ်ပါတယ်
Mandalay House ဆိုင်လေးကနေ လမ်းလျှောက် ၃မိနစ်လောက်ပဲကြာပါတယ်
အစားအစာတွေစားပီးလို့ ကိုယ်က အိမ်မှာ မြန်မာစာတွေလုပ်စားချင်လို့ တခုခု ကုန်ကြမ်းတွေဘာတွေ ဝယ်သွားချင်တယ်ဆို တခါတည်းဝယ်သွားလို့လည်းအဆင်ပြေတာမို့ အတော်လေးအဆင်ပြေပါတယ်
အရင်ကဆို တိုကျိုဖက်မှာပဲ မြန်မာဆိုင်တွေပေါများလွန်းလို့ မြန်မာစာ စားချင်ရင် တိုကျိုဖက်ကို လှမ်းလှမ်းမှာခဲ့ရတာများပါတယ်
ခုနောက်ပိုင်းတော့ အိုဆာကာဖက်မှာလည်း တဖြည်းဖြည်း အရသာရှိတဲ့ မြန်မာဆိုင်လေးတွေ တိုးပွားလာလို့ NaNa တို့်လို အစားတလိုင်းတွေအတွက်ကတော့ အတော်လေး ဝမ်းသာရပါတယ်
အိုဆာကာ ကိုဘေး နရ ဟိမဲဂျိ ကသူတွေ တကယ်လို့ အိုဆာကာဖက်ကိုရောက်ဖြစ်တယ် မြန်မာစာလေးလဲ အရသာရှိရှိလေး စားကြည့်ချင်တယ်ဆိုရင်တော့ ခုဆိုင်လေးမှာ သွား Try ကြည့်ကြဖို့ အကြံပြုလိုက်ပါတယ်
ကျန်တာအသေးစိတ်ကိုတော့ Video လေးထဲမှာ ဝင်ရောက်ကြည့်ရှုပေးကြပါ
အမြဲအားပေးကြတဲ့သူအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်
Love you all ပါရှင့်
See you in the next video ပါနော်