Рет қаралды 80,762
အားလုံးပဲမင်္ဂလာပါ
NaNaVlog ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင့်
ဒီနေ့မှာတော့ Osakaမှာရှိတဲ့ရှားရှားပါးပါး မြန်မာဆိုင်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ရှင့်😍
NaNaလိုမြန်မာအစားအသောက်အရမ်းကြိုက်တဲ့သူတွေအတွက် Osaka မှာမြန်မာဆိုင်ရှိတာ အရမ်းပျော်ရပါတယ်။
ဆိုင်လေးရဲ့အမည်ကလဲ ထူးထူးခြားခြားပဲ
"စားရအောင်" (Sar Ya Aung)ဆိုပီးပေးထးတာတွေ့ခဲ့ရပါတယ်။
ဆိုင်လေးကတော့ Dobutsuen-Mae ဘူတာ နားမှာရှိတာဖြစ်ပါတယ်။ဆိုင်လေးကနဲနဲလေးကျဉ်းတယ်ဆိုပေမယ့် အမြဲတမ်းလူပြည့်နေတာမလို့ သွားမယ်ဆိုရင် အရင်းဆုံး☎️ဖုန်းလေးကြိုဆက်တာတော့ အကောင်းဆုံးပါရှင့်။
ဆိုင်ရှင်အန်တီနဲ့ ဦးဦးကသဘောလဲကောင်းသလို
ဟင်းချက်တဲ့အရာသာကလဲ အရမ်းကောင်းလို့ Osakaမှာနေတဲ့သူတွေအတွက် သွားစားကြည့်ကြဖို့ပြောချင်ပါတယ်ရှင့်😍
နောက်ပီး Customerစိတ်ကြိုက် စားချင်တာတွေရှိရင်လဲမှာယူသုံးဆောင်လို့ရပါတယ်တဲ့ရှင့်
ဆိုင်ထဲကိုဝင်တာနဲ့ မြန်မာအငွေ့အသက်လေးရပီး
အကြော်စုံ၊မုန့်ဟင်းခါး၊အုန်းနို့ခေါက်ဆွဲ၊နန်းကြီးသုတ်စားတဲ့အချိန်ကတော့ မြန်မာနိုင်ငံပြန်ရောက်သွားတဲ့ အတိုင်းပါပဲ
နောက်ပီး ကိုယ့်လူမျိူးတွေနဲ့တွေ့ပီး မြန်မာစကားလေးလဲပြောလို့ရတော့ နိုင်ငံခြားမှာရောက်နေတဲ့ NaNaတို့လိုသူမျိုးအတွက် တကယ်ကောင်းပါတယ်။
Menuကတော့ နေ့နဲ့လိုက်ပီး အပြောင်းအလဲရှိတယ်လို့ သိရပါတယ်။
အောက်မှာ စားရအောင် ဆိုင်လေးရဲ့ Facebook Page လေးနဲ့ Google Map ကနေ သွားလို့ရတဲ့လင့်လေး ချပေးထားပါတယ်
Facebook Page Link:
profile.php?...
Google Map Link:
goo.gl/maps/x33jAz6LdX3EExBbA
Osakaမှာရှိနေတဲ့သူတွေဖြစ်ဖြစ်
တခြားမြို့ကလာလည်တဲ့သူတွေဖြစ်ဖြစ် မြန်မာစာစားချင်လာပီဆိုရင်တော့
Osaka ကိုရောက်ဖြစ်ရင် ဒီဆိုင်လေးမှာ သွားtryကြည့်တာ မမှားဘူးလို့ NaNaအနေနဲ့ အကြံပြုလိုက်ပါတယ်
နောက်ထပ်လည်း စိတ်ဝင်စားစရာနေရာတွေ ကြိုးစားပီးတင်ဆက်ပေးသွားဖို့ရှိတာမို့လို့ NaNaVlog Channel လေးကို Subscribe လုပ်ပေးသွားကြပါအုံးနော်
အားလုံးကို ကျေးဇူးများကြီးတင်ပါတယ်ရှင့်🥰