Рет қаралды 106,626
အားလုံးပဲမင်္ဂလာပါNaNaVlog ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင့်။
🤗ဒီနေ့မှာတော့ NaNaက
China town လို့ခေါ်တဲ့ ဂျပန်မှာရှိတဲ့တရုတ်တန်းနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ရှင့် 🇨🇳
ဂျပန်နိုင်ငံမှာChina town ရှိတဲ့နေရာက (၂)နေရာရှိပါတယ်။
တခုက Kobe(神戸)မှာရှိပီး နောက်တခုကတော့ Yokohama (横浜) ဘက်မှာရှိတာပဲဖြစ်ပါတယ်။
NaNa အနေနဲ့ ဂျပန်မှာရှိတဲ့ တရုတ်တန်းဖက်ကို ဒါပထမဆုံးရောက်ဖူးတာပဲဖြစ်ပါတယ်။
ဒီကိုရောက်တော့ အစားစားတွေကလဲအများကြီးနဲ့ ရောင်းတဲ့ပုံစံကလဲ မြန်မာမှာရောင်းတာနဲ့ပုံစံတူလေးမို့ NaNaတို့မြန်မာနိုင်ငံကိုတောင်သတိရမိခဲ့ပါတယ်။
ဆိုင်အပြင်အဆင်တွေကလဲ ဘယ်ကိုကြည့်ကြည့်အနီရောင်တွေနဲ့ ပြင်ထားပီး ပုံမှန်မြင်နေကြ ဂျပန်ပုံစံတွေနဲ့ တော့ကွဲပြားနေတာကိုတွေ့မြင်ခဲ့ရပါတယ်။
နောက်ပီး အစားအသောက်တွေလဲ အများကြီးနဲ့ဘယ်ဟာကို ဝယ်စားလို့စားရမှန်းမသိအောင်ကို တော်တော်ကိုများပါတယ်။
NaNaသွားတာ ရုံးပိတ်ရက်မလို့လားမသိဘူး လူတွေလဲ တအားများပီး အဲ့နေ့က မိုးလေးကလဲတချက်ချက်ကျနဲ့ အဆင်တွေကိုပြေနေတာပဲ။
xiao long bao (ရှောင်လောင်းပေါင်)လို့ခေါ်တဲ့ မုန့်ဖက်လုံးလိုမျိုးရယ် နောက်ပီး ကြာဇံကြော်ရယ်
အပြင်ကမုန့်ဖက်ထုပ်လိုမျိုးနဲ့ပတ်ထားပီး ထမင်းနဲ့အသားထည့်ထားတဲ့ ဟာလေးလဲတော်တော်စားလို့ကောင်းခဲ့ပါတယ်။
NaNaက တရုတ်အစားအသောက်နာမည်တွေသေချာမသိတော့ သိတဲ့သူရှိရင်လဲ comment မှာမန့်ခဲ့ကြပါအုံးနော်😍
ဆိုဘေတာ့ကား ကိုဘေးမြို့နားက တရုတန်းကဘယ်လိုပုံစံလေးရှိလဲ ဘယ်လိုအစားအစာတွေရှိလဲဆိုတာကတော့ NaNaရဲ့ Vlogလေးထဲမှာ ဝင်ကြည့်ပေးကြပါ 😍
အမြဲတမ်း အားအေပးကြည့်ရှုအေပးကြတဲ့ အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင့်❤️
NaNaရဲ့ Videoလေးကိုသဘောကျတယ်ဆိုရင် NaNaVlog ချန်နယ်လေးကို Subscribe လုပ်ပေးကြဖို့ မမေ့ကြနဲ့အုံးနော်
အားလုံးပဲ စိတ်အပန်းပြေကြပါစေ
နောက်vlogမှာပြန်ဆုံပါမယ်ရှင့်🥰🥰🥰